မန်ယူကို နည်းပြတန်ဟက် အဖတ်ဆယ်နေပုံက အဆန်းကြီးပါလား

အင်္ဂလန်ဒါဘီပွဲစဉ်အဖြစ် စီးချင်းထိုးမယ့် လီဗာပူးအသင်းအပါအဝင် ချဲလ်ဆီး၊ မန်စီးတီးအသင်းတို့ရဲ့ ကစားပုံတွေကို ရုပ်သံဖန်သားပြင်ကနေတစ်ဆင့် မန်ယူအသင်းသားတွေအားလုံး မဖြစ်မနေ ပြန်လည်ကြည့်ရှုအတုယူ ဖို့အတွက် နည်းပြအဲရစ်တန်ဟက်က

စေခိုင်းခဲ့တယ်လို့ The Sun သတင်း စာရဲ့ ဖော်ပြချက်အရ သိရပါတယ်။ နောက်ပြီး အသင်းရဲ့ လက်ရှိကြုံတွေ့ နေရတဲ့ ပြဿနာတွေအားလုံး ကင်းစင်လွင့်ပျောက်သွားသည်အထိ မန်ယူ အသင်းသားအားလုံးဟာ လေ့ကျင့်ကွင်းကို စောစောလာ၊ နောက်ကျမှ ပြန် ဆိုတဲ့ စနစ်ကို

ကျင့်သုံးကြဖို့ သတိပေးထားတယ်လို့ သိရပါတယ်။ အိုးလ်ထရက်ဖို့မှာ ဒီရာသီ လက်ရှိဖြစ်ပေါ်နေတဲ့ အခင်းအကျင်းကို ရှုမြင်ရသူတွေ အတွက် စိတ်မချမ်းမြေ့စရာ ဖြစ်နေပြီး မန်ယူကို အမှတ်ပေးဇယား အောက် ဆုံးရောက်အောင် ဆွဲချသွားခဲ့တဲ့ အကြောင်းအရင်းတွေထဲမှာ

ပေါက်ကွဲအား ကောင်းကောင်းနဲ့ လည်ပတ်ဖို့လိုနေတဲ့ အင်ဂျင်တစ်လုံးကို စက်မနှိုးပေးနိုင် တဲ့ နည်းပြတန်ဟက်ရဲ့ အားနည်းချက်လည်း ပါဝင်နေပါတယ်။ ရာသီအစ ပွဲစဉ် ၂ ပွဲစလုံးမှာ မန်ယူရဲ့ နိုင်လိုစိတ်ပြင်းထန်မှု ပျောက်ဆုံးနေခဲ့ပေမယ့် ပရိသတ်တွေကတော့ သူတို့အသင်းကို

မြတ်နိုးနေဆဲပါပဲ။ ဒါကြောင့် အသင်းအတွက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်နေပြီဆိုတာကိုသိတဲ့ တန်ဟက်ဟာ ဘရန်ဖို့ဒ်ကို ၄-၀ ဂိုးနဲ့ ရှုံးခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ အသင်းသား တွေကို နားရက်မပေးတော့ဘဲ ချက်ချင်းဆိုသလို လေ့ကျင့်ခန်း ပြန်ဆင်းခိုင်း ပါတော့တယ်။

အသင်းကို လှုံ့ဆော်မှုကောင်းကောင်း ရစေဖို့အတွက် နည်းပြ တန်ဟက်တစ်ယောက် နောက်ထပ် လုပ်လိုက်တဲ့ အကြောင်းအရာတစ်ခု ကတော့ နည်းနည်း ကို့ရို့ကားယားနိုင်လွန်းနေတယ်လို့ ဆိုရမလား မသိပါဘူး။

မြို့ခံပြိုင်ဘက် မန်စီးတီး၊ ချဲလ်ဆီးနဲ့ လီဗာပူးတို့ ကစားခဲ့တဲ့ ရုပ် သံဗီဒီယို မှတ်တမ်းတွေကို မဖြစ်မနေ ထိုင်ကြည့်ရမယ်ဆိုတဲ့ တစ်ချက်လွှတ် အမိန့် ထုတ်ပြန်လိုက်တော့ သရဲနီကစားသမားတွေငယ်ထိပ်ကို တူနဲ့ထုချင်နေပြီလားဆိုတဲ့သဘောလားလို့ မေးရမလို ဖြစ်နေလေရဲ့။

(zawgyi)

အဂၤလန္ဒါဘီပြဲစဥ္အျဖစ္ စီးခ်င္းထိုးမယ့္ လီဗာပူးအသင္းအပါအဝင္ ခ်ဲလ္ဆီး၊ မန္စီးတီးအသင္းတို႔ရဲ႕ ကစားပုံေတြကို ႐ုပ္သံဖန္သားျပင္ကေနတစ္ဆင့္ မန္ယူအသင္းသားေတြအားလုံး မျဖစ္မေန ျပန္လည္ၾကည့္ရႈအတုယူ ဖို႔အတြက္ နည္းျပအဲရစ္တန္ဟက္က ေစခိုင္းခဲ့တယ္လို႔

The Sun သတင္း စာရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။ ေနာက္ၿပီး အသင္းရဲ႕ လက္ရွိႀကဳံေတြ႕ ေနရတဲ့ ျပႆနာေတြအားလုံး ကင္းစင္လြင့္ေပ်ာက္သြားသည္အထိ မန္ယူ အသင္းသားအားလုံးဟာ ေလ့က်င့္ကြင္းကို ေစာေစာလာ၊ ေနာက္က်မွ ျပန္ ဆိုတဲ့

စနစ္ကို က်င့္သုံးၾကဖို႔ သတိေပးထားတယ္လို႔ သိရပါတယ္။ အိုးလ္ထရက္ဖို႔မွာ ဒီရာသီ လက္ရွိျဖစ္ေပၚေနတဲ့ အခင္းအက်င္းကို ရႈျမင္ရသူေတြ အတြက္ စိတ္မခ်မ္းေျမ့စရာ ျဖစ္ေနၿပီး မန္ယူကို အမွတ္ေပးဇယား ေအာက္ ဆုံးေရာက္ေအာင္ ဆြဲခ်သြားခဲ့တဲ့

အေၾကာင္းအရင္းေတြထဲမွာ ေပါက္ကြဲအား ေကာင္းေကာင္းနဲ႔ လည္ပတ္ဖို႔လိုေနတဲ့ အင္ဂ်င္တစ္လုံးကို စက္မႏႈိးေပးႏိုင္ တဲ့ နည္းျပတန္ဟက္ရဲ႕ အားနည္းခ်က္လည္း ပါဝင္ေနပါတယ္။ ရာသီအစ ပြဲစဥ္ ၂ ပြဲစလုံးမွာ မန္ယူရဲ႕ ႏိုင္လိုစိတ္ျပင္းထန္မႈ

ေပ်ာက္ဆုံးေနခဲ့ေပမယ့္ ပရိသတ္ေတြကေတာ့ သူတို႔အသင္းကို ျမတ္ႏိုးေနဆဲပါပဲ။ ဒါေၾကာင့္ အသင္းအတြက္ ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ဖို႔ လိုအပ္ေနၿပီဆိုတာကိုသိတဲ့ တန္ဟက္ဟာ ဘရန္ဖို႔ဒ္ကို ၄-၀ ဂိုးနဲ႔ ရႈံးခဲ့တဲ့ ပြဲစဥ္အၿပီးမွာေတာ့

အသင္းသား ေတြကို နားရက္မေပးေတာ့ဘဲ ခ်က္ခ်င္းဆိုသလို ေလ့က်င့္ခန္း ျပန္ဆင္းခိုင္း ပါေတာ့တယ္။ အသင္းကို လႈံ႕ေဆာ္မႈေကာင္းေကာင္း ရေစဖို႔အတြက္ နည္းျပ တန္ဟက္တစ္ေယာက္

ေနာက္ထပ္ လုပ္လိုက္တဲ့ အေၾကာင္းအရာတစ္ခု ကေတာ့ နည္းနည္း ကို႔႐ို႕ကားယားႏိုင္လြန္းေနတယ္လို႔ ဆိုရမလား မသိပါဘူး။ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီး၊ ခ်ဲလ္ဆီးနဲ႔ လီဗာပူးတို႔ ကစားခဲ့တဲ့ ႐ုပ္ သံဗီဒီယို မွတ္တမ္းေတြကို

မျဖစ္မေန ထိုင္ၾကည့္ရမယ္ဆိုတဲ့ တစ္ခ်က္လႊတ္ အမိန႔္ ထုတ္ျပန္လိုက္ေတာ့ သရဲနီကစားသမားေတြငယ္ထိပ္ကို တူနဲ႔ထုခ်င္ေနၿပီလားဆိုတဲ့သေဘာလားလို႔ ေမးရမလို ျဖစ္ေနေလရဲ႕။