မန်ယူကို ခြံထဲခေါ်ပြီး အပြတ်တီးမယ့်အကွက်ကို ထုတ်ပြောလာတဲ့ ဆိုစီဒက် ကွင်းလယ်လူ

လာမယ့် ကြာသပတေးနေ့မှာ ကစားရတော့မယ့် ယူရိုပါလိဂ်ပွဲစဉ်မှာ မန်ယူအသင်း အုပ်စုပထမနေရာမရအောင် အနိုင်ကစားသွားမှာ ဖြစ်တယ်လို့

ဆိုစီဒက် ကွင်းလယ်လူ မီခေးမာရီနိုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အဲဒီပွဲစဉ်မှာ သရေရလဒ် ရမယ်ဆိုရင်တောင် ဆိုစီဒက်ဟာ အုပ်စု (E) ရဲ့

ထိပ်ဆုံးနေရာ ကို ရမှာဖြစ်ပေမဲ့ မန်ချက်စတာကလပ်ကို တစ်ပြားသားမှ အလျှော့မပေးဘဲ အနိုင်ကစားမှာဖြစ်တယ်လို့ ရာဇသံ ပေးလိုက်ပါတယ်။

ယူနိုက်တက်ဟာ အဲဒီပွဲစဉ်မှာ ၂ ဂိုးနဲ့အထက် အနိုင်ရခဲ့မယ်ဆိုရင် အုပ်စု ပထမနေရာကို ရရှိမှာ ဖြစ်ပါတယ်။ အုပ်စုပထမနေရာဟာ နှစ်သင်းစလုံးအတွက်

ဘာကြောင့် အ ရေးပါသလဲဆိုရင်တော့ အုပ်စုဒုတိယနေရာကို ရခဲ့တဲ့ အသင်းဟာ ချန်ပီယံ လိဂ်ကနေ လွင့်စင်ထွက်ကျလာတဲ့

အသင်းတစ်သင်းနဲ့ ရှုံးထွက်အဆင့်မှာ ရင်ဆိုင်ရမယ့် အလားအလာ ရှိနေလို့ပါ။ နောက်ပြီး အဲဒီလိုမျိုး ဒုတိယနဲ့သာ အဆုံးသတ်ခဲ့ရမယ်ဆိုရင်

ရှုံးထွက်ပွဲစဉ်ရဲ့ ဒုတိယအကျော့ပွဲစဉ်ကို အိုးလ်ထရက်ဖို့ဒ်မှာ ကစားရမှာဖြစ်ပြီး ပထမအကျော့ကို အဝေးကွင်းမှာ သွား ရောက်ကစားရဖို့ ရှိနေပါတယ်။

ဒါကြောင့် ဒီပွဲမှာ ဂိုးပြတ်မရှုံးဖို့နဲ့ ဖြစ်နိုင်ရင် မန်ယူကို သေချာပေါက် အနိုင်ယူမှာဖြစ်တယ်လို့ မာရီနိုက စပိန်အခြေစိုက် မာကာသတင်းစာကို ပြောဆိုခဲ့ပါတယ်။

‘’နည်းပြ အီမာနိုအနေနဲ့ ဒီပွဲအပေါ် မှာ ဘယ်လိုမျိုး ချဉ်းကပ်မလဲဆိုတာတော့ ကျွန်တော်လည်း အတိအကျ မသိပါဘူး။ ဒါပေမဲ့ စိတ်ကူးက ဘယ်လိုပဲ ဖြစ်ပါစေ။

ရဲရင့်တဲ့ အသင်းတစ်သင်း ဖြစ်နေရမယ်ဗျာ။ အဲဒီအသင်းက အနိုင်ရချင်စိတ်လည်း ပြင်းထန်နေရမယ်။ ကိုယ့်ရဲ့ စိတ်ကို လွှတ်ကစားပြီး သရေကျခဲ့တာမျိုး

ဒါမှမဟုတ် ရှုံးတာမျိုး၊ နောက်ပြီး စလာကတည်းက ခြေစွမ်းက ပျက်နေပြီး တစ်ဂိုးထက်ပိုပေးရတဲ့ အရှုံးနဲ့အဆုံးသတ်ဖို့ သေချာနေပြီဆိုရင် ကစားရတာကို

ပျော်ရွှင်မှာ မဟုတ်ပါဘူး။ အနိုင်ဆိုတာထက် တခြားဟာကို ရွေးပြီး ကစားမယ့် ကျွန်တော့်ကို ခင်ဗျားတို့ တွေ့ရမှာ မဟုတ်ပါဘူး’’ လို့ မာရီနိုက ဖွင့်ဟသွားခဲ့ပါတယ်။

မန်ယူဟာ လာမယ့်ယူရိုပါလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်မှာ စပိန်မြေကို သွားရောက် ကစားရမှာ ဖြစ်ပါတယ်။

(Zawgyi)

မန္ယူကို ၿခံထဲေခၚၿပီး အျပတ္တီးမယ့္အကြက္ကို ထုတ္ေျပာလာတဲ့ ဆိုစီဒက္ ကြင္းလယ္လူ

လာမယ့္ ၾကာသပေတးေန႔မွာ ကစားရေတာ့မယ့္ ယူ႐ိုပါလိဂ္ပြဲစဥ္မွာ မန္ယူအသင္း အုပ္စုပထမေနရာမရေအာင္ အႏိုင္ကစားသြားမွာ ျဖစ္တယ္လို႔ ဆိုစီဒက္ ကြင္းလယ္လူ

မီေခးမာရီႏိုက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ အဲဒီပြဲစဥ္မွာ သေရရလဒ္ ရမယ္ဆိုရင္ေတာင္ ဆိုစီဒက္ဟာ အုပ္စု (E) ရဲ႕ ထိပ္ဆုံးေနရာ ကို ရမွာျဖစ္ေပမဲ့

မန္ခ်က္စတာကလပ္ကို တစ္ျပားသားမွ အေလွ်ာ့မေပးဘဲ အႏိုင္ကစားမွာျဖစ္တယ္လို႔ ရာဇသံ ေပးလိုက္ပါတယ္။ ယူႏိုက္တက္ဟာ အဲဒီ ပြဲစဥ္မွာ ၂ ဂိုးနဲ႔အထက္ အႏိုင္ရခဲ့မယ္ဆိုရင္

အုပ္စု ပထမေနရာကို ရရွိမွာ ျဖစ္ပါတယ္။ အုပ္စုပထမေနရာဟာ ႏွစ္သင္းစလုံးအတြက္ ဘာေၾကာင့္ အ ေရးပါသလဲဆိုရင္ေတာ့ အုပ္စုဒုတိယေနရာကို ရခဲ့တဲ့

အသင္းဟာ ခ်န္ပီယံ လိဂ္ကေန လြင့္စင္ထြက္က်လာတဲ့ အသင္းတစ္သင္းနဲ႔ ရႈံးထြက္အဆင့္မွာ ရင္ဆိုင္ရမယ့္ အလားအလာရွိေနလို႔ပါ။ ေနာက္ၿပီး အဲဒီလိုမ်ိဳး ဒုတိယနဲ႔သာ

အဆုံးသတ္ခဲ့ရမယ္ဆိုရင္ ရႈံးထြက္ပြဲစဥ္ရဲ႕ ဒုတိယအေက်ာ့ပြဲစဥ္ကို အိုးလ္ထရက္ဖို႔ဒ္မွာ ကစားရမွာျဖစ္ၿပီး ပထမအေက်ာ့ကို အေဝးကြင္းမွာ သြား ေရာက္ကစားရဖို႔

ရွိေနပါတယ္။ ဒါေၾကာင့္ ဒီပြဲမွာ ဂိုးျပတ္မရႈံးဖို႔နဲ႔ ျဖစ္ႏိုင္ရင္ မန္ယူကို ေသခ်ာေပါက္ အႏိုင္ယူမွာျဖစ္တယ္လို႔ မာရီႏိုက စပိန္အေျခစိုက္ မာကာ

သတင္းစာကို ေျပာဆိုခဲ့ပါတယ္။ ‘’နည္းျပ အီမာႏိုအေနနဲ႔ ဒီပြဲအေပၚ မွာ ဘယ္လိုမ်ိဳး ခ်ဥ္းကပ္မလဲဆိုတာေတာ့ ကြၽန္ေတာ္လည္း အတိအက်

မသိပါဘူး။ ဒါေပမဲ့ စိတ္ကူးက ဘယ္လိုပဲ ျဖစ္ပါေစ။ ရဲရင့္တဲ့ အသင္းတစ္သင္း ျဖစ္ေနရမယ္ဗ်ာ။ အဲဒီအသင္းက အႏိုင္ရခ်င္စိတ္လည္း ျပင္းထန္ေနရမယ္။

ကိုယ့္ရဲ႕ စိတ္ကို လႊတ္ကစားၿပီး သေရက်ခဲ့တာမ်ိဳး ဒါမွမဟုတ္ ရႈံးတာမ်ိဳး၊ ေနာက္ၿပီး စလာကတည္းက ေျခစြမ္းက ပ်က္ေနၿပီး တစ္ဂိုးထက္ပိုေပးရတဲ့

အရႈံးနဲ႔အဆုံးသတ္ဖို႔ ေသခ်ာေနၿပီဆိုရင္ ကစားရတာကို ေပ်ာ္႐ႊင္မွာ မဟုတ္ ပါဘူး။ အႏိုင္ဆိုတာထက္ တျခားဟာကို ေ႐ြးၿပီး

ကစားမယ့္ ကြၽန္ေတာ့္ကို ခင္ဗ်ားတို႔ ေတြ႕ရမွာ မဟုတ္ပါဘူး’’ လို႔ မာရီႏိုက ဖြင့္ဟသြားခဲ့ပါတယ္။ မန္ယူ ဟာ လာမယ့္ ယူ႐ိုပါလိဂ္

အုပ္စုေနာက္ဆုံးပြဲစဥ္မွာ စပိန္ေျမကို သြားေရာက္ ကစားရမွာ ျဖစ္ပါတယ္။