မန်ယူကို ကာဗာနီ စွန့်ခွာတော့မည်

မန်ယူအသင်းတိုက်စစ်မှူး ကာဗာနီ ဟာနွေရာသီမှာ လက်ရှိအသင်းကနေ

ထွက်ခွာဖို့ရှိနေပြီး သူပြောင်းရွှေ့မယ့်နေရာက လာလီဂါ ဖြစ်ဖို့များနေတယ်လို့

သိရပါတယ်။ ဥရုဂွေးလက်ရွေးစင် တိုက်စစ်မှူးရဲ့ အိုးလ်ထရက်ဖို့ဒ်နဲ့ စာချုပ်ဟာ

အခုရာသီ ကုန်ရင် သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။

နာမည်ကျော် ဘောလုံးဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဖာဘရီဇီယိုရိုမာနို က ကာဗာနီဟာ

မန်ယူအသင်းမှာဆက်ရှိနေတော့မှာမဟုတ်လို့ စာချုပ်သစ်ကမ်းလှမ်းလာရင်လည်း

ငြင်းပယ်မှာဖြစ်ပြီး လာလီဂါကို ပြောင်းဖို့ ရှိနေတယ်လို့ ဆိုခဲ့ပါတယ်။ ကာဗာနီဟာ

ဥရုဂွေး၊ အီတလီနဲ့ ပြင်သစ် တို့မှာအောင်မြင်မှုတွေရခဲ့ပြီး အင်္ဂလန်မှာလည်း

မန်ယူအသင်းမှာ အားထားရတဲ့သူအဖြစ်ရပ်တည်ခဲ့သေးတာပါ။ ဒါကြောင့်

ဥရောပမှာထိပ်တန်းဘောလုံးနိုင်ငံတွေစုံ သလောက်ဖြစ်နေတဲ့အတွက် စပိန်ကို

ပြောင်းဖို့သူစိတ်ဝင်စားနေတာဖြစ်ပါတယ်။ လက်ရှိ မန်ယူမှာတစ်ပတ်လစာ

ပေါင် ၂၅၀၀၀၀ ရနေတဲ့ ကာဗာနီဟာ စပိန်ကိုပြောင်းဖြစ်ရင် ဘာစီလိုနာ၊

အက်သလက်တီ ကို၊ ရီးရဲလ်မက်ဒရစ် အစရှိတဲ့အသင်းတွေနဲ့သာ

လက်မှတ်ထိုးလိုနေတယ်လို့ သိရပြီးစပိန်ကိုပြောင်းခြင်းက သူ့အတွက်

ဥရောပကစားသမားဘဝ နောက်ဆုံးဖြစ်လိမ့်မယ်လို့လည်း ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၄ မှာအသက် ၃၅ နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ ကာဗာနီဟာပြီးခဲ့တဲ့နှစ်တုန်းက

အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာကိုပြောင်းမယ်လို့ သတင်းတွေ

ထွက်ခဲ့သေးတာပါ။ ဒါပေမယ့် ရိုမာနိုကတော့ ကာဗာနီဟာ ဘိုကာဂျူနီယာရဲ့

ပြိုင်ဘက် ရေးဗားပလိတ်ကိုသာရောက်နိုင်တယ်လို့ ခန့်မှန်းပါတယ်။

သူဟာပြီးခဲ့တဲ့ရာသီက မန်ယူအတွက် ၃၉ ပွဲကစားပြီး ၁၇ ဂိုးသွင်းခဲ့ပေမယ့် ဒီရာသီမှာတော့

၁၅ ပွဲသာကစားရပြီး ၂ ဂိုးသာ သွင်းယူထားပါတယ်။ ကာဗာနီဟာ ဆောက်သမ်တန်နဲ့

၁-၁ သရေကျခဲ့တဲ့ပွဲကိုလည်း ပေါင်ခြံဒဏ်ရာကြောင့်လွဲချော်ခဲ့သေး သူဖြစ်ပါတယ်။

မန်ယူအသင်းကနေ ကာဗာနီသာမက စီရော်နယ်ဒိုပါ ရာသီကုန်ရင်ထွက်ဖို့ရှိနေလို့

နည်းပြရန်းနစ်ခ်က တိုက်စစ်မှူးသစ်ထပ်ခေါ်ဖို့လုပ်နေပြီး ဟာလန်း၊

အလက်ဇန်းဒါး အီဆက်၊ လော်တာရိုမာတီနက်ဇ်၊ ဟာရီကိန်းနဲ့ ကယ်လ်ဗက်လီဝန်တို့ကိုခေါ်ဖို့

ပစ်မှတ်ထားနေပါတယ်။

Zawgyi

မန္ယူကို ကာဗာနီ စြန႔္ခြာေတာ့မည္

မန္ယူအသင္းတိုက္စစ္မႉး ကာဗာနီ ဟာေႏြရာသီမွာ လက္ရွိအသင္းကေန

ထြက္ခြာဖို႔ရွိေနၿပီး သူေျပာင္းေ႐ႊ႕မယ့္ေနရာက လာလီဂါ ျဖစ္ဖို႔မ်ားေနတယ္လို႔

သိရပါတယ္။ ဥ႐ုေဂြးလက္ေ႐ြးစင္ တိုက္စစ္မႉးရဲ႕ အိုးလ္ထရက္ဖို႔ဒ္နဲ႔ စာခ်ဳပ္ဟာ

အခုရာသီ ကုန္ရင္ သက္တမ္းကုန္ဆုံးမွာျဖစ္ပါတယ္။

 

နာမည္ေက်ာ္ ေဘာလုံးဂ်ာနယ္လစ္တစ္ဦးျဖစ္တဲ့ ဖာဘရီဇီယို႐ိုမာႏို က ကာဗာနီဟာ

မန္ယူအသင္းမွာဆက္ရွိေနေတာ့မွာမဟုတ္လို႔ စာခ်ဳပ္သစ္ကမ္းလွမ္းလာရင္လည္း

ျငင္းပယ္မွာျဖစ္ၿပီး လာလီဂါကို ေျပာင္းဖို႔ ရွိေနတယ္လို႔ ဆိုခဲ့ပါတယ္။ ကာဗာနီဟာ

ဥ႐ုေဂြး၊ အီတလီနဲ႔ ျပင္သစ္ တို႔မွာေအာင္ျမင္မႈေတြရခဲ့ၿပီး အဂၤလန္မွာလည္း

မန္ယူအသင္းမွာ အားထားရတဲ့သူအျဖစ္ရပ္တည္ခဲ့ေသးတာပါ။ ဒါေၾကာင့္

ဥေရာပမွာထိပ္တန္းေဘာလုံးႏိုင္ငံေတြစုံ သေလာက္ျဖစ္ေနတဲ့အတြက္ စပိန္ကို

ေျပာင္းဖို႔သူစိတ္ဝင္စားေနတာျဖစ္ပါတယ္။ လက္ရွိ မန္ယူမွာတစ္ပတ္လစာ

ေပါင္ ၂၅၀၀၀၀ ရေနတဲ့ ကာဗာနီဟာ စပိန္ကိုေျပာင္းျဖစ္ရင္ ဘာစီလိုနာ၊

အက္သလက္တီ ကို၊ ရီးရဲလ္မက္ဒရစ္ အစရွိတဲ့အသင္းေတြနဲ႔သာ

လက္မွတ္ထိုးလိုေနတယ္လို႔ သိရၿပီးစပိန္ကိုေျပာင္းျခင္းက သူ႔အတြက္

ဥေရာပကစားသမားဘဝ ေနာက္ဆုံးျဖစ္လိမ့္မယ္လို႔လည္း ဆိုပါတယ္။

ေဖေဖာ္ဝါရီ ၁၄ မွာအသက္ ၃၅ ႏွစ္ျပည့္ခဲ့ၿပီျဖစ္တဲ့ ကာဗာနီဟာၿပီးခဲ့တဲ့ႏွစ္တုန္းက

အာဂ်င္တီးနားကလပ္ ဘိုကာဂ်ဴနီယာကိုေျပာင္းမယ္လို႔ သတင္းေတြ

ထြက္ခဲ့ေသးတာပါ။ ဒါေပမယ့္ ႐ိုမာႏိုကေတာ့ ကာဗာနီဟာ ဘိုကာဂ်ဴနီယာရဲ႕

ၿပိဳင္ဘက္ ေရးဗားပလိတ္ကိုသာေရာက္ႏိုင္တယ္လို႔ ခန႔္မွန္းပါတယ္။

 

သူဟာၿပီးခဲ့တဲ့ရာသီက မန္ယူအတြက္ ၃၉ ပြဲကစားၿပီး ၁၇ ဂိုးသြင္းခဲ့ေပမယ့္ ဒီရာသီမွာေတာ့

၁၅ ပြဲသာကစားရၿပီး ၂ ဂိုးသာ သြင္းယူထားပါတယ္။ ကာဗာနီဟာ ေဆာက္သမ္တန္နဲ႔

၁-၁ သေရက်ခဲ့တဲ့ပြဲကိုလည္း ေပါင္ၿခံဒဏ္ရာေၾကာင့္လြဲေခ်ာ္ခဲ့ေသး သူျဖစ္ပါတယ္။

မန္ယူအသင္းကေန ကာဗာနီသာမက စီေရာ္နယ္ဒိုပါ ရာသီကုန္ရင္ထြက္ဖို႔ရွိေနလို႔

နည္းျပရန္းနစ္ခ္က တိုက္စစ္မႉးသစ္ထပ္ေခၚဖို႔လုပ္ေနၿပီး ဟာလန္း၊

အလက္ဇန္းဒါး အီဆက္၊ ေလာ္တာ႐ိုမာတီနက္ဇ္၊ ဟာရီကိန္းနဲ႔ ကယ္လ္ဗက္လီဝန္တို႔ကိုေခၚဖို႔

ပစ္မွတ္ထားေနပါတယ္။