မန်ယူကိုသွားရင် ကိုယ့်သေတွင်းကိုယ်တူးသလိုဖြစ်နေမယ်လို ကလာဂျစ်ကို သတိပေးလိုက်တဲ့ ရန်းနစ်

စတုဂတ်တိုက်စစ်မှူး ဆာဆာကလာဂျစ်အနေနဲ့ မန်ယူအသင်းဆီကို မပြောင်းရွှေ့သင့်ဘူးလို ပြတ်ပြတ်သားသား တားဆီးလိုက်သူကတော့ မန်ယူ နည်းပြဟောင်းကြီးဖြစ်တဲ့ ရက်ဖ်ရန်းနစ်ပဲ ဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် လုပ်အားနှုန်းမြင့်မားမှုရှိနေတဲ့ ဒီသြစတြီးယားသားကို မန်ယူက ဒီနွေရာသီဈေးကွက်မှာ အမိအရ ခေါ်ယူဖို ချိတ်ဆက်မှုတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ စတုဂတ်အတွက် ၅ ဂိုးသာ

သွင်းနိုင်ခဲ့ပေမယ့်လည်း ခြေစွမ်းပိုင်းက ထိပ်တန်းအဆင့်ရှိသလို လုပ်အားနှုန်းမြင့်မားမှုရှိတာကြောင့် သရဲနီတိုဟာ ကလာဂျစ်ကို အမိအရခေါ်ဖို ကြိုးစားနေတာပါ။ ဒါပေမဲ့ သူ့အသင်းရဲ့ လက်ရွေးစင်ကစားသမားကို

အရှုပ်ထုပ်ထဲ ရောက်မသွားစေလိုတဲ့ နည်းပြရန်းနစ်ကတော့ အခုလို ပြောလိုက်ပါတယ်။ ‘’ဒီရာသီမှာ ကလာဂျစ်အနေနဲ့ ဒဏ်ရာပြဿနာ ကင်းစင်နေဖို က အရေးကြီးပါတယ်။ နောက်ပြီး အမြင့်မားဆုံး အဆင့်တစ်ခုမှာ

လေ့ကျင့်ပြီး ကစားနိုင်ဖိုလည်း အရေးကြီးပါတယ်။ သူ့အနေနဲ့ ဒီရာသီအတွက် စတုဂတ်မှာ ဆက်ရှိနေမယ်ဆိုရင်တော့ သူ့ရဲ့ ဖွံဖြိုးတိုးတက်မှုကို ထိခိုက်စေမှာ မဟုတ် ပါဘူး’’ လို ရန်းနစ်က ပြောဆိုခဲ့တဲ့အကြောင်း

Sky Germany သတင်းဝက်ဘ် ဆိုက်က ရေးသားဖော်ပြခဲ့ပါတယ်။ ပြောချင်တဲ့ သဘောကတော့ စတုဂတ်မှာ ဆက်နေရင် ကလာဂျစ်တိုးတက်မယ်ပေါ့လေ။ မန်ယူပြောင်းရင်တော့ ကိုယ့် သေတွင်း ကိုယ်တူးသလိုမျိုး

ဖြစ်သွားလိမ့်မယ်ဆိုတဲ့ သဘောမျိုး ဆိုလိုက် တာနဲ့ အတူတူပါပဲ။ မန်ယူနည်းပြဟောင်း ရန်းနစ်ဟာ ပြီးခဲ့တဲ့ ဇွန်လမှာ သြ စတြီးယား လက်ရွေးစင်အသင်းကို စတင်တာဝန်ယူခဲ့သူဖြစ်ပါတယ်။

(zawgyi)

စတုဂတ္တိုက္စစ္မႉး ဆာဆာကလာဂ်စ္အေနနဲ႔ မန္ယူအသင္းဆီကို မေျပာင္းေ႐ႊ႕သင့္ဘူးလို ျပတ္ျပတ္သားသား တားဆီးလိုက္သူကေတာ့ မန္ယူ နည္းျပေဟာင္းႀကီးျဖစ္တဲ့ ရက္ဖ္ရန္းနစ္ပဲ ျဖစ္ပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ လုပ္အားႏႈန္းျမင့္မားမႈရွိေနတဲ့ ဒီၾသစႀတီးယားသားကို မန္ယူက ဒီေႏြရာသီေဈးကြက္မွာ အမိအရ ေခၚယူဖို ခ်ိတ္ဆက္မႈေတြ ရွိေနပါတယ္။ ၿပီးခဲ့တဲ့ရာသီမွာ

စတုဂတ္အတြက္ ၅ ဂိုးသာ သြင္းႏိုင္ခဲ့ေပမယ့္လည္း ေျခစြမ္းပိုင္းက ထိပ္တန္းအဆင့္ရွိသလို လုပ္အားႏႈန္းျမင့္မားမႈရွိတာေၾကာင့္ သရဲနီတိုဟာ ကလာဂ်စ္ကို အမိအရေခၚဖို ႀကိဳးစားေနတာပါ။

ဒါေပမဲ့ သူ႔အသင္းရဲ႕ လက္ေ႐ြးစင္ကစားသမားကို အရႈပ္ထုပ္ထဲ ေရာက္မသြားေစလိုတဲ့ နည္းျပရန္းနစ္ကေတာ့ အခုလို ေျပာလိုက္ပါတယ္။ ‘’ဒီရာသီမွာ ကလာဂ်စ္အေနနဲ႔ ဒဏ္ရာျပႆနာ

ကင္းစင္ေနဖို က အေရးႀကီးပါတယ္။ ေနာက္ၿပီး အျမင့္မားဆုံး အဆင့္တစ္ခုမွာ ေလ့က်င့္ၿပီး ကစားႏိုင္ဖိုလည္း အေရးႀကီးပါတယ္။ သူ႔အေနနဲ႔ ဒီရာသီအတြက္ စတုဂတ္မွာ ဆက္ရွိေနမယ္ဆိုရင္ေတာ့

သူ႔ရဲ႕ ဖြံၿဖိဳးတိုးတက္မႈကို ထိခိုက္ေစမွာ မဟုတ္ ပါဘူး’’ လို ရန္းနစ္က ေျပာဆိုခဲ့တဲ့အေၾကာင္း Sky Germany သတင္းဝက္ဘ္ ဆိုက္က ေရးသားေဖာ္ျပခဲ့ပါတယ္။  ေျပာခ်င္တဲ့ သေဘာကေတာ့ စတုဂတ္မွာ ဆက္ေနရင္ ကလာဂ်စ္တိုးတက္မယ္ေပါ့ေလ။

မန္ယူေျပာင္းရင္ေတာ့ ကိုယ့္ ေသတြင္း ကိုယ္တူးသလိုမ်ိဳး ျဖစ္သြားလိမ့္မယ္ဆိုတဲ့ သေဘာမ်ိဳး ဆိုလိုက္ တာနဲ႔ အတူတူပါပဲ။ မန္ယူနည္းျပေဟာင္း ရန္းနစ္ဟာ ၿပီးခဲ့တဲ့ ဇြန္လမွာ ၾသ စႀတီးယား လက္ေ႐ြးစင္အသင္းကို စတင္တာဝန္ယူခဲ့သူျဖစ္ပါတယ္။