မန်ယူကိုလျှော့မတွက်နဲ့

မန်ယူအသင်းဟာနည်းပြအပြောင်းအလဲပြုလုပ်ထားလို့ ပြိုင်ဘက်ကို

လျှော့မတွက်နဲ့လို့ ချဲလ်ဆီးအသင်းကို ပီတာချက်က သတိပေး
လိုက်ပါတယ်။ ချဲလ်ဆီးဟာ တနင်္ဂနွေနေ့ကျရင် အိမ်ကွင်းစတမ်းဖို့ဒ်ဘရစ်ချ်မှာ
မန်ယူကိုလက်ခံကစားရမှာဖြစ်ပါတယ်။ မန်ယူဟာဆိုးလ်ရှားကိုနည်းပြရာထူးကနေ

ထုတ်ပယ်လိုက်ပြီးနောက် ဂျာမန်သား ရန်းနစ် ကိုရာသီကုန်ချိန်အထိနည်းပြသစ်

အဖြစ်ခန့်အပ်ထားပါတယ်။

ချဲလ်ဆီးနဲ့ပွဲကို ယာယီနည်းပြ မိုက်ကယ်ကာရစ်ကသာကိုင်တွယ်မှာဖြစ်ပေမယ့်

နည်းပြပြောင်းထားတဲ့အသင်းတိုင်းကို သတိထားရလိမ့်မယ်လို့ ပီတာချက်က

ဆိုခဲ့တာပါ။ ချက်လက်ရွေးစင်ဟောင်းဖြစ်တဲ့ ပီတာချက်ဟာ ချဲလ်ဆီးအသင်းရဲ့

ဂန္ထဝင်ဂိုးသမားဖြစ်ပြီးလက်ရှိမှာလည်း နည်းစနစ်ပိုင်းနဲ့စွမ်းဆောင်မှုပိုင်းဆိုင်ရာ

ဒါရိုက်တာအဖြစ်ဆောင်ရွက်နေသူဖြစ်ပါတယ်။မန်ယူဟာပြီးခဲ့တဲ့ ဝက်ဖို့ဒ်နဲ့ပွဲမှာ

ဂိုးပြတ်ရှုံးထားသလို ခြေစွမ်းလည်းနိမ့်ပါးနေပေမယ့်နည်းပြပြောင်းထားလို့

တူချယ်ရဲ့အသင်းအနေနဲ့ စိတ်ကြီးဝင်နေလို့ မရဘူးလို့ချက်က ပြောခဲ့ပါတယ်။

ပီတာချက်က” ချက်မှာကျွန်တော်တို့ပြောလေ့ရှိတဲ့ စကားရှိပါတယ်။ ဒါကတော့

တံမြက်စည်းအသစ်နဲ့လှည်းကျင်းတာပိုပြီးကောင်းတယ်ဆိုတာပါဘဲ။ နည်းပြသစ်

ပြောင်းထားတဲ့အသင်းတိုင်းနဲ့ ရင်ဆိုင်ရတာဟာအမြဲတမ်းလှည့်ဖျားမှုတွေရှိပါတယ်။

ဒါကိုဘဲမန်ယူအသင်းကမျှော်လင့်နေတာပါ။ နည်းပြပြောင်းတဲ့အသင်းတိုင်းဟာ

တုံ့ပြန်မှုတစ်ခုမဟုတ်တစ်ခုတော့ရှိပါတယ်။ ရုတ်တရက်ကြည့်ရင်တော့

ကစားသမားတိုင်းဟာ ကိုယ့်ကစားနေကျနေရာကနေဘဲ ကစားရတာပါ။

ဒါပေမယ့်နည်းပြသစ်ကြောင့် စိတ်ကူးအသစ်တွေ၊ နည်းစနစ်အသစ်တွေ၊ မဟာဗျူဟာ

အသစ်တွေ ရှိလာမှာဘဲ။ နည်းပြတစ်ဦးထွက်သွားရပြီဆိုရင် ကစားသမားတိုင်းကတော့

ဒီနည်းပြကိုဆက်ရှိစေချင်ကြတာချည်းပါဘဲ။ ဒါပေမယ့်နည်းပြသစ်ကြောင့် လန်းဆန်း

လတ်ဆတ်တဲ့အစပိုင်းကို ရရှိကြတာပါ။ ဒါကြောင့်အားလုံးဟာ စွဲဆောင်မှုအသစ်၊

စိတ်အားတက်ကြွမှုအသစ်တွေနဲ့ ကောင်းမွန်စွာစွမ်းဆောင်နိုင်လေ့ရှိတာပါ။ ဒီလို

အသင်းမျိုးကိုရင်ဆိုင်ဖို့အတွက် ဘယ်လိုပြင်ဆင်ရမလဲဆိုတာ ကိုယ့်အပေါ်ဘဲ

မူတည်တာပါ။ မန်ယူခြေစွမ်းညံ့ထားတယ်ဆိုတာလောက်ကိုတွေးနေလို့မရပါဘူး” လို့

ပြောသွားပါတယ်။

Zawgyi

မန္ယူကိုေလွ်ာ့မတြက္နဲ႔

မန္ယူအသင္းဟာနည္းျပအေျပာင္းအလဲျပဳလုပ္ထားလို႔ ၿပိဳင္ဘက္ကို

ေလွ်ာ့မတြက္နဲ႔လို႔ ခ်ဲလ္ဆီးအသင္းကို ပီတာခ်က္က သတိေပး
လိုက္ပါတယ္။ ခ်ဲလ္ဆီးဟာ တနဂၤေႏြေန႔က်ရင္ အိမ္ကြင္းစတမ္းဖို႔ဒ္ဘရစ္ခ်္မွာ
မန္ယူကိုလက္ခံကစားရမွာျဖစ္ပါတယ္။ မန္ယူဟာဆိုးလ္ရွားကိုနည္းျပရာထူးကေန

ထုတ္ပယ္လိုက္ၿပီးေနာက္ ဂ်ာမန္သား ရန္းနစ္ ကိုရာသီကုန္ခ်ိန္အထိနည္းျပသစ္

အျဖစ္ခန႔္အပ္ထားပါတယ္။

ခ်ဲလ္ဆီးနဲ႔ပြဲကို ယာယီနည္းျပ မိုက္ကယ္ကာရစ္ကသာကိုင္တြယ္မွာျဖစ္ေပမယ့္

နည္းျပေျပာင္းထားတဲ့အသင္းတိုင္းကို သတိထားရလိမ့္မယ္လို႔ ပီတာခ်က္က

ဆိုခဲ့တာပါ။ ခ်က္လက္ေ႐ြးစင္ေဟာင္းျဖစ္တဲ့ ပီတာခ်က္ဟာ ခ်ဲလ္ဆီးအသင္းရဲ႕

ဂႏၴဝင္ဂိုးသမားျဖစ္ၿပီးလက္ရွိမွာလည္း နည္းစနစ္ပိုင္းနဲ႔စြမ္းေဆာင္မႈပိုင္းဆိုင္ရာ

ဒါ႐ိုက္တာအျဖစ္ေဆာင္႐ြက္ေနသူျဖစ္ပါတယ္။မန္ယူဟာၿပီးခဲ့တဲ့ ဝက္ဖို႔ဒ္နဲ႔ပြဲမွာ

ဂိုးျပတ္ရႈံးထားသလို ေျခစြမ္းလည္းနိမ့္ပါးေနေပမယ့္နည္းျပေျပာင္းထားလို႔

တူခ်ယ္ရဲ႕အသင္းအေနနဲ႔ စိတ္ႀကီးဝင္ေနလို႔ မရဘူးလို႔ခ်က္က ေျပာခဲ့ပါတယ္။

ပီတာခ်က္က” ခ်က္မွာကြၽန္ေတာ္တို႔ေျပာေလ့ရွိတဲ့ စကားရွိပါတယ္။ ဒါကေတာ့

တံျမက္စည္းအသစ္နဲ႔လွည္းက်င္းတာပိုၿပီးေကာင္းတယ္ဆိုတာပါဘဲ။ နည္းျပသစ္

ေျပာင္းထားတဲ့အသင္းတိုင္းနဲ႔ ရင္ဆိုင္ရတာဟာအၿမဲတမ္းလွည့္ဖ်ားမႈေတြရွိပါတယ္။

ဒါကိုဘဲမန္ယူအသင္း
ကေမွ်ာ္လင့္ေနတာပါ။ နည္းျပေျပာင္းတဲ့အသင္းတိုင္းဟာ တုံ႔ျပန္မႈတစ္ခုမဟုတ္တစ္ခု

ေတာ့ရွိပါတယ္။ ႐ုတ္တရက္ၾကည့္ရင္ေတာ့ ကစားသမားတိုင္းဟာ ကိုယ့္ကစားေနက်

ေနရာကေနဘဲ ကစားရတာပါ။

ဒါေပမယ့္နည္းျပသစ္ေၾကာင့္ စိတ္ကူးအသစ္ေတြ၊ နည္းစနစ္အသစ္ေတြ၊ မဟာဗ်ဴဟာ

အသစ္ေတြ ရွိလာမွာဘဲ။ နည္းျပတစ္ဦးထြက္သြားရၿပီဆိုရင္ ကစားသမားတိုင္းကေတာ့

ဒီနည္းျပကိုဆက္ရွိေစခ်င္ၾကတာခ်ည္းပါဘဲ။ ဒါေပမယ့္နည္းျပသစ္ေၾကာင့္ လန္းဆန္း

လတ္ဆတ္တဲ့အစပိုင္းကို ရရွိၾကတာပါ။ ဒါေၾကာင့္အားလုံးဟာ စြဲေဆာင္မႈအသစ္၊

စိတ္အားတက္ႂကြမႈအသစ္ေတြနဲ႔ ေကာင္းမြန္စြာစြမ္းေဆာင္ႏိုင္ေလ့ရွိတာပါ။ ဒီလို

အသင္းမ်ိဳးကိုရင္ဆိုင္ဖို႔အတြက္ ဘယ္လိုျပင္ဆင္ရမလဲဆိုတာ ကိုယ့္အေပၚဘဲ

မူတည္တာပါ။ မန္ယူေျခစြမ္းညံ့ထားတယ္ဆိုတာေလာက္ကိုေတြးေနလို႔မရပါဘူး” လို႔

ေျပာသြားပါတယ္။