မန်ယူကိုလာတော့မယ့် အန်တိုနီ ချက်ရှိုင်းယားမှာ အိမ်ရှာနေပြီ

အေဂျက်တိုက်စစ်မှူး အန်တိုနီဟာ အသင်းကနေတရားဝင်ထွက်ခွင့်တောင်းလိုက်ပြီးနောက် အင်္ဂလန်မှာအိမ်ရှာ နေပြီဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်း မန်ယူဟာ အန်တိုနီကို ပေါင် ၇၆သန်းအပြင်

ထပ်ဆောင်းအပိုကြေးတွေ ပေးပြီး ပေါင်သန်း ၈၀ နဲ့အပြောင်းအလဲဖြစ်လာမယ်လို့ ဗြိတိန်သတင်းကအခိုင်အမာဆိုထားကြပါတယ်။ ဒါ့အပြင် အေဂျက်ဟာ အန်တိုနီနေရာမှာအစားဖို့အတွက်

ကစားသမားဟောင်း ဇီယက်ကိုချဲလ်ဆီးကနေပြန်ခေါ်ဖို့ဆွေးနွေး မှုတွေလည်းလုပ်နေတာပါ။ အန်တိုနီဟာ မန်ယူနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတွေရခဲ့ပြီးနောက် သူ့ရဲ့ ကိုယ် စားလှယ်တွေဟာ

အင်္ဂလန်မြေမှာ အိမ်ရှာနေပြီလို့လည်းသိရပါတယ်။ စပိန်သတင်းစာ မာကာ ကလည်း အန်တိုနီ ဟာ မန်ယူကိုပြောင်းရွှေ့ဖို့အတွက် အေဂျက်ကနေ တရားဝင်ထွက်ခွင့် တောင်းဆိုခဲ့တယ်လို့ဆိုထားပါတယ်။

အန်တိုနီဟာ ပြီးခဲ့တဲ့အပတ်က အေဂျက်ရဲ့လေ့ကျင့်ရေးအစီအစဉ်ကိုလွဲချော်ထားခဲ့တဲ့အပြင် မန်ယူနဲ့လီဗာပူးပွဲကို ရုပ်သံကနေကြည့်ရှုနေတဲ့ပုံကိုလည်း ဆိုရှယ်မီယာပေါ်မှာတင်ထားခဲ့တာဖြစ်ပါတယ်။

နည်းပြ တန်ဟတ်ဟာ သူ့ရဲ့ တစ်ချိန်က အေဂျက်ကစားသမားအများစုနဲ့ မန်ယူကိုပြန်လည်အထိုင်ချဖို့ စိတ်ကူးနေတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် အေဂျက်ကနေ နောက်ခံလူ မာတီနက်ဇ်တစ်ယောက်ကို

သာခေါ်ထားနိုင်သေးတာပါ။ မန်ယူအနေနဲ့ အန်တိုနီကိုခေါ်ယူနိုင်ခဲ့ပါက လူငယ်တိုက်စစ်မှူး အီလန်ဂါကိုအငှားပြန်ချဖို့လည်းရှိနေပါတယ်။ လက်ရှိမှာ အဲဗာတန်ကလည်း အီလန်ဂါကိုအငှားနဲ့ခေါ်ဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။

(zawgyi)

ေအဂ်က္တိုက္စစ္မႉး အန္တိုနီဟာ အသင္းကေနတရားဝင္ထြက္ခြင့္ေတာင္းလိုက္ၿပီးေနာက္ အဂၤလန္မွာအိမ္ရွာ ေနၿပီျဖစ္ပါတယ္။ ဒီရက္ပိုင္းအတြင္း မန္ယူဟာ အန္တိုနီကို ေပါင္ ၇၆သန္းအျပင္ထပ္ေဆာင္းအပိုေၾကးေတြ ေပးၿပီး

ေပါင္သန္း ၈၀ နဲ႔အေျပာင္းအလဲျဖစ္လာမယ္လို႔ ၿဗိတိန္သတင္းကအခိုင္အမာဆိုထားၾကပါတယ္။ ဒါ့အျပင္ ေအဂ်က္ဟာ အန္တိုနီေနရာမွာအစားဖို႔အတြက္ ကစားသမားေဟာင္း ဇီယက္ကိုခ်ဲလ္ဆီးကေနျပန္ေခၚဖို႔ေ

ဆြးေႏြး မႈေတြလည္းလုပ္ေနတာပါ။ အန္တိုနီဟာ မန္ယူနဲ႔ ပုဂၢိဳလ္ေရးဆိုင္ရာ သေဘာတူညီမႈေတြရခဲ့ၿပီးေနာက္ သူ႔ရဲ႕ ကိုယ္ စားလွယ္ေတြဟာ အဂၤလန္ေျမမွာ အိမ္ရွာေနၿပီလို႔လည္းသိရပါတယ္။

စပိန္သတင္းစာ မာကာ ကလည္း အန္တိုနီ ဟာ မန္ယူကိုေျပာင္းေ႐ႊ႕ဖို႔အတြက္ ေအဂ်က္ကေန တရားဝင္ထြက္ခြင့္ ေတာင္းဆိုခဲ့တယ္လို႔ဆိုထားပါတယ္။ အန္တိုနီဟာ ၿပီးခဲ့တဲ့အပတ္က ေအဂ်က္ရဲ႕ေလ့က်င့္ေရးအစီအစဥ္ကိုလြဲေခ်ာ္ထားခဲ့တဲ့အျပင္

မန္ယူနဲ႔လီဗာပူးပြဲကို ႐ုပ္သံကေနၾကည့္ရႈေနတဲ့ပုံကိုလည္း ဆိုရွယ္မီယာေပၚမွာတင္ထားခဲ့တာျဖစ္ပါတယ္။ နည္းျပ တန္ဟတ္ဟာ သူ႔ရဲ႕ တစ္ခ်ိန္က ေအဂ်က္ကစားသမားအမ်ားစုနဲ႔ မန္ယူကိုျပန္လည္အထိုင္ခ်ဖို႔ စိတ္ကူးေနတာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ ေအဂ်က္ကေန ေနာက္ခံလူ မာတီနက္ဇ္တစ္ေယာက္ကိုသာေခၚထားႏိုင္ေသးတာပါ။ မန္ယူအေနနဲ႔ အန္တိုနီကိုေခၚယူႏိုင္ခဲ့ပါက လူငယ္တိုက္စစ္မႉး အီလန္ဂါကိုအငွားျပန္ခ်ဖို႔လည္းရွိေနပါတယ္။ လက္ရွိမွာ အဲဗာတန္ကလည္း အီလန္ဂါကိုအငွားနဲ႔ေခၚဖို႔ စိတ္ဝင္စားေနတာျဖစ္ပါတယ္။