မန်ယူကိုရွေးချယ်ဖို့အခွင့်အရေးရခဲ့ပေမယ့် နယူးကာဆယ်ကိုရောက်သွားတဲ့ အီဆက်ခ်

မန်ယူကိုပြောင်းရွှေ့ခွင့်ရမယ့် အခွင့်အရေးတွေကိုပယ်ချခဲ့ပြီး နယူးကာဆယ်ကိုရွေးချယ်ခဲ့တာဖြစ်တယ်လို့ အီဆက်ခ်ကဖွင့်ဟခဲ့ပါတယ်။ အသင် ၂၂ နှစ်အရွယ် အီဆက်ခ်ဟာ ဆိုစီဒက်ကနေ

နယူးကာဆယ်ကို ကလပ် စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀နဲ့ ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်ကိုမပြောင်းခင်မှာ သူ့ရဲ့ကိုယ်စားလှယ်တွေက မန်ယူကိုပြောင်းဖို့အကြံပြုခဲ့ပေမယ့်

အဲဒီအကြုံပြုချက်တွေကိုပယ်ချခဲ့ပြီး နယူးကာ ဆယ်ကိုရွေးချယ်သွားခဲ့တာပါ။ ဒါပေမယ့် မန်ယူအနေနဲ့ ဆိုစီဒက်ကို တရားဝင်ကမ်းလှမ်းမှုတွေတော့မလုပ်ခဲ့ ပါဘူး။

တိုက်စစ်မှူး အီဆက်ခ်ဟာ ဆိုစီဒက်အတွက် ၁၀၅ ပွဲကစားပေးခဲ့ပြီး ၃၃ ဂိုးသွင်းပေးနိုင်ခဲ့တာပါ။ ဆွီဒင်လက်ရွေးစင်အတွက်တော့ ၃၇ ပွဲမှာ ၉ ဂိုးသွင်းပေးထားတာဖြစ်ပါတယ်။

လက်ရှိမှာ မန်ယူနည်းပြ တန်ဟတ်အနေနဲ့ သူ့စိတ်ကြိုက်ကစားသမား ၅ ယောက်ကိုခေါ်ယူထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ ဒါပေမယ့် ကျောနံပါတ် ၉ အတွက်တော့ လိုအပ်ချက်တွေရှိနေသေးတာပါ။

အာနာတိုဗစ်၊ အိုင်ကာဒီနဲ့ မိုရာတာ တို့ကို ခေါ်ယူဖို့ကြိုးစားခဲ့ပေမယ့် အထမမြောက်ခဲ့တာကြောင့် နည်းပြတန်ဟတ်အနေနဲ့ အပြောင်းအရွှေ့မပိတ်ခင် တိုက်စစ်မှူးစစ်စစ်တစ်ယောက်တော့ လိုအပ်နေသေးတာဖြစ်ပါတယ်။

(zawgyi)

မန္ယူကိုေျပာင္းေ႐ႊ႕ခြင့္ရမယ့္ အခြင့္အေရးေတြကိုပယ္ခ်ခဲ့ၿပီး နယူးကာဆယ္ကိုေ႐ြးခ်ယ္ခဲ့တာျဖစ္တယ္လို႔ အီဆက္ခ္ကဖြင့္ဟခဲ့ပါတယ္။ အသင္ ၂၂ ႏွစ္အ႐ြယ္ အီဆက္ခ္ဟာ ဆိုစီဒက္ကေန

နယူးကာဆယ္ကို ကလပ္ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၆၀နဲ႔ ေရာက္ရွိသြားခဲ့တာျဖစ္ပါတယ္။ နယူးကာဆယ္ကိုမေျပာင္းခင္မွာ သူ႔ရဲ႕ကိုယ္စားလွယ္ေတြက

မန္ယူကိုေျပာင္းဖို႔အႀကံျပဳခဲ့ေပမယ့္ အဲဒီအႀကဳံျပဳခ်က္ေတြကိုပယ္ခ်ခဲ့ၿပီး နယူးကာ ဆယ္ကိုေ႐ြးခ်ယ္သြားခဲ့တာပါ။ ဒါေပမယ့္ မန္ယူအေနနဲ႔ ဆိုစီဒက္ကို တရားဝင္ကမ္းလွမ္းမႈေတြေတာ့မလုပ္ခဲ့ ပါဘူး။

တိုက္စစ္မႉး အီဆက္ခ္ဟာ ဆိုစီဒက္အတြက္ ၁၀၅ ပြဲကစားေပးခဲ့ၿပီး ၃၃ ဂိုးသြင္းေပးႏိုင္ခဲ့တာပါ။ ဆြီဒင္လက္ေ႐ြးစင္အတြက္ေတာ့ ၃၇ ပြဲမွာ ၉ ဂိုးသြင္းေပးထားတာျဖစ္ပါတယ္။

လက္ရွိမွာ မန္ယူနည္းျပ တန္ဟတ္အေနနဲ႔ သူ႔စိတ္ႀကိဳက္ကစားသမား ၅ ေယာက္ကိုေခၚယူထားႏိုင္ခဲ့ၿပီလည္းျဖစ္ပါတယ္။ ဒါေပမယ့္ ေက်ာနံပါတ္ ၉ အတြက္ေတာ့ လိုအပ္ခ်က္ေတြရွိေနေသးတာပါ။

အာနာတိုဗစ္၊ အိုင္ကာဒီနဲ႔ မိုရာတာ တို႔ကို ေခၚယူဖို႔ႀကိဳးစားခဲ့ေပမယ့္ အထမေျမာက္ခဲ့တာေၾကာင့္ နည္းျပတန္ဟတ္အေနနဲ႔ အေျပာင္းအေ႐ႊ႕မပိတ္ခင္ တိုက္စစ္မႉးစစ္စစ္တစ္ေယာက္ေတာ့ လိုအပ္ေနေသးတာျဖစ္ပါတယ္။