မန်ယူကိုပြန်လာမယ်ဆိုတဲ့သတင်းတွေအပေါ် ဗန်ဒါးဆား ဘာပြောလဲ

အေဂျက်ဇ်အသင်း အမှုဆောင်အရာရှိချုပ်ရာထူးကို ရယူထားသူ ဗန်ဒါး ဆားက နယ်သာလန်ကလပ်နဲ့ အလုပ်တွေ မပြီးပြတ်သေးတာကြောင့် မန်ယူ ကို ရောက်လာဖို့ မရှိဘူးလို့ ယတိပြတ် ငြင်းလိုက်ပါတယ်။

မန်ယူဟာ အသင်းကို ပြန်လည်တည်ဆောက်နိုင်ဖို့အတွက် ဗန်ဒါးဆားလို အတွေ့အကြုံရင့် လူတစ်ယောက်ကို ဆက်သွယ်နေတဲ့အပြင် သူဟာ နည်းပြအဲရစ်တန်ဟတ်နဲ့ လည်း ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိတာကြောင့် အသင်းရဲ့ ကိစ္စအ၀၀ကို ထဲထဲဝင်ဝင် ဆောင်ရွက်ပေးနိုင်မယ့်သူတစ်ယောက်လို့ မန်ယူက မျှော်လင့်နေပါတယ်။

ဒါပေမဲ့ နယ်သာလန်လက်ရွေးစင်ဟောင်းကတော့ အေဂျက်ဇ်ကို စွန့်ခွာဖို့ ရည်ရွယ်ချက်မျိုး လုံး၀ မရှိဘူးလို့ အပြတ်ငြင်းလိုက်ပါတယ်။

‘’နီးစပ် မှုရှိတယ်ရယ်လို့ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ကျွန်တော်ဟာ မန်ယူ ဘုတ်အဖွဲ့နဲ့ ကောင်းမွန်ရင်းနှီးတဲ့ ဆက်ဆံရေးမျိုးရှိပြီး မန်ယူမှာ အံ့အားသင့် ဖွယ်ရာ ၆ နှစ်တာကာလကိုလည်း ဖြတ်သန်းခဲ့ဖူးပါတယ်။

ဒါပေမဲ့ ဒီမှာ ကျွန်တော့်အလုပ်တွေ မပြီးသေးပါဘူး’’ လို့ ဗန်ဒါးဆားက The Times ကို ပြောဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် မန်ယူကို ပြောင်းရွှေ့ရောက်ရှိသွားခဲ့တဲ့ တိုက်စစ်မှူး အန်တိုနီနဲ့ နောက်ခံလူ မာတီနက်ဇ်တို့ဟာ နယ်သာလန် ကလပ် မှာပဲ ဆက်ရှိနေလိမ့်မယ်လို့ ယုံကြည်ခဲ့မိတဲ့အကြောင်းကိုလည်း ဗန်ဒါးဆား က ဖွင့်ဟခဲ့ပါတယ်။

ဒီကစားသမားနှစ်ယောက်အတွက် မန်ယူက ပေါင် သန်း ၁၄၀ အထိ အသုံးပြုပြီး ခေါ်ယူခဲ့လို့ အေဂျက်ဇ်ကနေပြီး အိုးလ်ထရက်ဖို့ဒ်ဆီ ကို ရောက်လာခဲ့တာပါ။

‘’ကျွန်တော်တို့ အလိုအရဆိုရင်တော့ သူတို့ကို အသင်းမှာ နောက်ထပ် တစ်နှစ်လောက် ဆက်ထားချင်တာပါ။ လီဆန်ဒရိုအတွက် အာဆင်နယ်က ပထမဆုံး ကမ်းလှမ်းခဲ့တဲ့အချိန်မှာ ကျွန်တော်တို့က မရောင်းဘူးလို့ ပြောခဲ့တာပါ။

သူ့ကို ဆက်ထိန်းဖို့ ကြိုးစားခဲ့တာပဲ ဖြစ်ပါ တယ်။ ဒါက စီးပွားရေးနဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်ပေါ့လေ။ ဒါပေမဲ့ ဒါက ဆုံးဖြတ်ဖို့အတွက် အတော်လေးကို ခက်ခဲမှုရှိခဲ့တာပါ။

စိတ်ဝင်စားကြတယ် ဆိုတာကို သိတယ်။ ဒါပေမဲ့ ဒီလို ကစားသမားမျိုးကို ပြန်ပြီး အစားထိုးဖို့ဆို တာက အရမ်းနောက်ကျသွားပြီ။

အန်တိုကို ကိုင်တွယ်ပုံကလည်း မှန်ကန်တဲ့ လုပ်ရပ်လို့တော့ ကျွန်တော် မထင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့အသင်းကို စွန့် ခွာသွားတဲ့ ကစားသမားတွေ အောင်မြင်တာက အဓိက အရေးပါပါတယ်။ ဘာ ကြောင့်လဲဆိုတော့ အဲဒါက ကျွန်တော်တို့ကို ယောင်ပြန်ဟပ်စေတယ်လေ’’ လို့ ဗန်ဒါးဆားက ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

မန္ယူကိုျပန္လာမယ္ဆိုတဲ့သတင္းေတြအေပၚ ဗန္ဒါးဆား ဘာေျပာလဲ

ေအဂ်က္ဇ္အသင္း အမႈေဆာင္အရာရွိခ်ဳပ္ရာထူးကို ရယူထားသူ ဗန္ဒါး ဆားက နယ္သာလန္ကလပ္နဲ႔ အလုပ္ေတြ မၿပီးျပတ္ေသးတာေၾကာင့္ မန္ယူ ကို ေရာက္လာဖို႔ မရွိဘူးလို႔ ယတိျပတ္ ျငင္းလိုက္ပါတယ္။

မန္ယူဟာ အသင္း ကို ျပန္လည္တည္ေဆာက္ႏိုင္ဖို႔အတြက္ ဗန္ဒါးဆားလို အေတြ႕အႀကဳံရင့္ လူ တစ္ေယာက္ကို ဆက္သြယ္ေနတဲ့အျပင္ သူဟာ နည္းျပအဲရစ္တန္ဟတ္နဲ႔ လည္း ရင္းႏွီးတဲ့ ဆက္ဆံေရးမ်ိဳး ရွိတာေၾကာင့္ အသင္းရဲ႕ ကိစၥအ၀၀ကို ထဲထဲဝင္ဝင္ ေဆာင္႐ြက္ေပးႏိုင္မယ့္သူတစ္ေယာက္လို႔ မန္ယူက ေမွ်ာ္လင့္ ေနပါတယ္။

ဒါေပမဲ့ နယ္သာလန္လက္ေ႐ြးစင္ေဟာင္းကေတာ့ ေအဂ်က္ဇ္ကို စြန႔္ခြာဖို႔ ရည္႐ြယ္ခ်က္မ်ိဳး လုံး၀ မရွိဘူးလို႔ အျပတ္ျငင္းလိုက္ပါတယ္။

‘’နီးစပ္ မႈရွိတယ္ရယ္လို႔ ဘယ္တုန္းကမွ မရွိခဲ့ပါဘူး။ ကြၽန္ေတာ္ဟာ မန္ယူ ဘုတ္အဖြဲ႕နဲ႔ ေကာင္းမြန္ရင္းႏွီးတဲ့ ဆက္ဆံေရးမ်ိဳးရွိၿပီး မန္ယူမွာ အံ့အားသင့္ ဖြယ္ရာ ၆ ႏွစ္တာကာလကိုလည္း ျဖတ္သန္းခဲ့ဖူးပါတယ္။

ဒါေပမဲ့ ဒီမွာ ကြၽန္ေတာ့္အလုပ္ေတြ မၿပီးေသးပါဘူး’’ လို႔ ဗန္ဒါးဆားက The Times ကို ေျပာဆိုသြားခဲ့ပါတယ္။

ဒါ့အျပင္ မန္ယူကို ေျပာင္းေ႐ႊ႕ေရာက္ရွိသြားခဲ့တဲ့ တိုက္စစ္မႉး အန္တိုနီနဲ႔ ေနာက္ခံလူ မာတီနက္ဇ္တို႔ဟာ နယ္သာလန္ ကလပ္ မွာပဲ ဆက္ရွိေနလိမ့္မယ္လို႔ ယုံၾကည္ခဲ့မိတဲ့အေၾကာင္းကိုလည္း ဗန္ဒါးဆား က ဖြင့္ဟခဲ့ပါတယ္။

ဒီကစားသမားႏွစ္ေယာက္အတြက္ မန္ယူက ေပါင္ သန္း ၁၄၀ အထိ အသုံးျပဳၿပီး ေခၚယူခဲ့လို႔ ေအဂ်က္ဇ္ကေနၿပီး အိုးလ္ထရက္ဖို႔ဒ္ဆီ ကို ေရာက္လာခဲ့တာပါ။

‘’ကြၽန္ေတာ္တို႔ အလိုအရဆိုရင္ေတာ့ သူတို႔ကို အသင္းမွာ ေနာက္ထပ္ တစ္ႏွစ္ေလာက္ ဆက္ထားခ်င္တာပါ။

လီဆန္ဒ႐ို အတြက္ အာဆင္နယ္က ပထမဆုံး ကမ္းလွမ္းခဲ့တဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔က မေရာင္းဘူးလို႔ ေျပာခဲ့တာပါ။ သူ႔ကို ဆက္ထိန္းဖို႔ ႀကိဳးစားခဲ့တာပဲ ျဖစ္ပါ တယ္။ ဒါက စီးပြားေရးနဲ႔ သက္ဆိုင္တဲ့ ဆုံးျဖတ္ခ်က္ေပါ့ေလ။ ဒါေပမဲ့ ဒါက ဆုံးျဖတ္ဖို႔အတြက္ အေတာ္ေလးကို ခက္ခဲမႈရွိခဲ့တာပါ။

စိတ္ဝင္စားၾကတယ္ ဆိုတာကို သိတယ္။ ဒါေပမဲ့ ဒီလို ကစားသမားမ်ိဳးကို ျပန္ၿပီး အစားထိုးဖို႔ဆို တာက အရမ္းေနာက္က်သြားၿပီ။

အန္တိုကို ကိုင္တြယ္ပုံကလည္း မွန္ကန္တဲ့ လုပ္ရပ္လို႔ေတာ့ ကြၽန္ေတာ္ မထင္ဘူး။ ဒါေပမဲ့ ကြၽန္ေတာ္တို႔အသင္းကို စြန႔္ ခြာသြားတဲ့ ကစားသမားေတြ ေအာင္ျမင္တာက အဓိက အေရးပါပါတယ္။ ဘာ ေၾကာင့္လဲဆိုေတာ့ အဲဒါက ကြၽန္ေတာ္တို႔ကို ေယာင္ျပန္ဟပ္ေစတယ္ေလ’’ လို႔ ဗန္ဒါးဆားက ေျပာဆိုသြားခဲ့ပါတယ္။