မန်ယူကမ်းလှမ်းမှုကို အေဂျက်ငြင်းနေတဲ့ကြားက မန်ယူပွဲ အားပေးနေတဲ့ပုံကို ဆိုရှယ်မီဒီယာပေါ်မှာ တင်လိုက်တဲ့ အန်တိုနီ

မန်ယူကမ်းလှမ်းမှုတွေကို အေဂျက်ကအကြိမ်ကြိမ်ငြင်းနေပေမယ့် တိုက်စစ်မှူး အန်တိုနီကတော့ သူနဲ့အေးဂျင့် ဖြစ်တို့ မန်ယူပွဲအားပေးနေတဲ့ပုံကို ဆိုရှယ်မီဒီပေါ်မှာဖြန့်ဝေလိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ မန်ယူ ကမ်းလှမ်းမှုတစ်ခုဖြစ်တဲ့ ပေါင် ၆၈ သန်းနဲ့ကမ်းလှမ်းမှုကို

အေဂျက်ကပယ်ချထားခဲ့တာဖြစ်ပါတယ်။နည်းပြ တန်ဟတ်ကတော့ သူ့တပည့်ဟောင်းကို အပြောင်းအရွှေ့မပိတ်ခင် နောက်ဆုံးအကြိမ်ထိ ကြိုးစားသွားဖို့ရှိနေ တာပါ။ လက်ရှိမှာ အန်တိုနီအတွက် ပေါင်သန်း ၈၀ တန်ကမ်းလှမ်းမှုတစ်ခုကိုထပ်လုပ်ဖို့ မန်ယူစီစဉ်နေတဲ့

သတင်းတွေလည်းထွက်နေပါတယ်။ ဒါ့အပြင် မန်ယူဟာ ပီအက်စ်ဗွီတိုက်စစ်မှူး ဂက်ပို ကိုခေါ်ယူဖို့အတွက် ဆက်သွယ်မှုတွေလုပ်နေသလို နည်းပြတန်ဟတ် အလိုချင်ဆုံးကစားသမားတစ်ဦးဖြစ်တဲ့ ဘာစီလိုနာ ကွင်းလယ် လူ ဒီဂျောင်ကိုလည်း အခုတစ်ပတ်အတွင်း

နောက်ဆုံးအကြိမ်ကမ်းလှမ်းမှုတွေလုပ်ဖို့စီစဉ်နေတာပါ။ မန်ယူဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ ရီးရဲလ်ကွင်းလယ်လူ ကက်စ်မီရိုကို ပေါင်သန်း ၇၀နဲ့ ခေါ်ယူထားတာဖြစ်ပါတယ်။ လီဗာပူးကိုအနိုင်ရတဲ့ပွဲမှာ ကက်စ်မီရိုဟာ အိုးလ်ထရက်ဖို့ဒ်ကိုလာရောက်ပြီး

အသင်းသစ် မန်ယူကို အားပေးသွား ခဲ့တာတွေ့ရပါတယ်။ ကက်မီရိုလိုပဲ မန်ယူကိုအားပေးခဲ့တဲ့ နောက်ထပ်ကစားသမားကတော့ အေဂျက်တိုက်စစ်မှူး အန်တိုနီ ဖြစ်ပါတယ်။ အန်တိုနီကတော့ မန်ယူနဲ့ လီဗာပူးပွဲစဉ်ကို အေးဂျင့်ဖြစ်သူ သူ့အစ်ကိုနဲ့အတူ ရုပ်သံက တစ်ဆင့်

အားပေးသွားခဲ့တာဖြစ်တာပြီး သူတို့နှစ်ယောက်ပွဲကြည့်နေတဲ့ပုံကိုတောင် ဆိုရှယ်မီဒီယာပေါ်မှာ ဖြန့်ဝေ သွားခဲ့တာပါ။ အဲဒါကြောင့် မန်ယူရဲ့ ပေါင်သန်း ၈၀ တန်ကမ်းလှမ်းမှုနဲ့အတူ အန်တိုနီကို အိုးလ်ထရက်ဖို့ဒ်မှာ မြင်ခွင့်ရတော့မလားဆိုတာ စိတ်ဖို့စားဖို့ကောင်းနေပါတယ်။

(zawgyi)

မန္ယူကမ္းလွမ္းမႈေတြကို ေအဂ်က္ကအႀကိမ္ႀကိမ္ျငင္းေနေပမယ့္ တိုက္စစ္မႉး အန္တိုနီကေတာ့ သူနဲ႔ေအးဂ်င့္ ျဖစ္တို႔ မန္ယူပြဲအားေပးေနတဲ့ပုံကို ဆိုရွယ္မီဒီေပၚမွာျဖန႔္ေဝလိုက္ပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းမွာ မန္ယူ ကမ္းလွမ္းမႈတစ္ခုျဖစ္တဲ့

ေပါင္ ၆၈ သန္းနဲ႔ကမ္းလွမ္းမႈကို ေအဂ်က္ကပယ္ခ်ထားခဲ့တာျဖစ္ပါတယ္။နည္းျပ တန္ဟတ္ကေတာ့ သူ႔တပည့္ေဟာင္းကို အေျပာင္းအေ႐ႊ႕မပိတ္ခင္ ေနာက္ဆုံးအႀကိမ္ထိ ႀကိဳးစားသြားဖို႔ရွိေန တာပါ။ လက္ရွိမွာ အန္တိုနီအတြက္ ေပါင္သန္း ၈၀ တန္ကမ္းလွမ္းမႈတစ္ခုကို

ထပ္လုပ္ဖို႔ မန္ယူစီစဥ္ေနတဲ့ သတင္းေတြလည္းထြက္ေနပါတယ္။ ဒါ့အျပင္ မန္ယူဟာ ပီအက္စ္ဗြီတိုက္စစ္မႉး ဂက္ပို ကိုေခၚယူဖို႔အတြက္ ဆက္သြယ္မႈေတြလုပ္ေနသလို နည္းျပတန္ဟတ္ အလိုခ်င္ဆုံးကစားသမားတစ္ဦးျဖစ္တဲ့ ဘာစီလိုနာ ကြင္းလယ္ လူ ဒီေဂ်ာင္ကိုလည္း

အခုတစ္ပတ္အတြင္း ေနာက္ဆုံးအႀကိမ္ကမ္းလွမ္းမႈေတြလုပ္ဖို႔စီစဥ္ေနတာပါ။ မန္ယူဟာ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းမွာပဲ ရီးရဲလ္ကြင္းလယ္လူ ကက္စ္မီ႐ိုကို ေပါင္သန္း ၇၀နဲ႔ ေခၚယူထားတာျဖစ္ပါတယ္။ လီဗာပူးကိုအႏိုင္ရတဲ့ပြဲမွာ ကက္စ္မီ႐ိုဟာ အိုးလ္ထရက္ဖို႔ဒ္ကိုလာေရာက္ၿပီး

အသင္းသစ္ မန္ယူကို အားေပးသြား ခဲ့တာေတြ႕ရပါတယ္။ ကက္မီ႐ိုလိုပဲ မန္ယူကိုအားေပးခဲ့တဲ့ ေနာက္ထပ္ကစားသမားကေတာ့ ေအဂ်က္တိုက္စစ္မႉး အန္တိုနီ ျဖစ္ပါတယ္။

အန္တိုနီကေတာ့ မန္ယူနဲ႔ လီဗာပူးပြဲစဥ္ကို ေအးဂ်င့္ျဖစ္သူ သူ႔အစ္ကိုနဲ႔အတူ ႐ုပ္သံက တစ္ဆင့္ အားေပးသြားခဲ့တာျဖစ္တာၿပီး သူတို႔ႏွစ္ေယာက္ပြဲၾကည့္ေနတဲ့ပုံကိုေတာင္ ဆိုရွယ္မီဒီယာေပၚမွာ ျဖန႔္ေဝ သြားခဲ့တာပါ။

အဲဒါေၾကာင့္ မန္ယူရဲ႕ ေပါင္သန္း ၈၀ တန္ကမ္းလွမ္းမႈနဲ႔အတူ အန္တိုနီကို အိုးလ္ထရက္ဖို႔ဒ္မွာ ျမင္ခြင့္ရေတာ့မလားဆိုတာ စိတ္ဖို႔စားဖို႔ေကာင္းေနပါတယ္။