
တန်းဆင်းဇုန်ပြိုင်ဘက်ချင်းတွေ့တဲ့အချိန်မှာ အနိုင်ယူရုံမှတစ်ပါး
အခြားရွေးချယ်စရာမရှိဘူးလို့ ဒါဘီနည်းပြဝိန်းရွန်နီက ဘန်စလေနဲ့ ပွဲမတိုင်ခင်မှာ
ဝန်ခံထားတာပါ။ တကယ်လည်း ရွန်နီရဲ့အသင်းသားတွေဟာ ကွင်းလယ်လူမောရစ်ဆင်ရဲ့
သွင်းဂိုး ၂ ဂိုးနဲ့အတူ တန်းဆင်းဇုန်ပြိုင်ဘက်ကိုအနိုင်ယူကာ အမှတ်ပေးဇယားမှာလည်း
ဘန်စလေကို ကျော်တက်နိုင်ခဲ့ပါတယ်။
ရွန်နီရဲ့အသင်းအနေနဲ့ ချန်ပီယံရှစ်မှာ နောက်ဆုံး ၃ ပွဲဆက်ရှုံးပွဲဆက်မှုကို ၆ မှတ်တန်နိုင်ပွဲနဲ့
ရပ်တန့်နိုင်ခဲ့တာပါ။ အဲဒီပွဲက မန်ယူနဲ့ဝက်စ်ဟမ်းကွင်းလယ်ဖန်တီးရှင်ဟောင်းမောရစ်ဆင်ရဲ့
ဂိုးတွေဟာလည်း အင်္ဂလန်ဘောလုံးက အမှတ်ပေးပွဲစဉ်မှာ ၈ နှစ်တာအတွင်း
သူ့ရဲ့ပထမဆုံးဂိုးတွေဖြစ်ခဲ့ပါတယ်။ မောရစ်ဆင်ဟာ ပွဲချိန် ၂၂ မိနစ်နဲ့ ၄၇ မိနစ်တို့မှာ ဒ
ါဘီအတွက် ၂ ဂိုးသွင်းပေးခဲ့တာဖြစ်ပြီး အဲဒီဂိုးတွေနဲ့ပဲ အနိုင်ရခဲ့တာပါ။ ဒီနိုင်ပွဲနဲ့အတူ
ရွန်နီရဲ့အသင်းဟာ အမှတ်ပေးဇယားအဆင့် ၂၂ နေရာကို ပြန်တက်လာခဲ့ပါတယ်။ ဒါပေမဲ့
သူတို့ဟာ တန်းဆင်းဇုန်ကပ်လျက်အသင်းဖြစ်တဲ့ ရီးဒင်းနဲ့ ၅ မှတ်ကွာနေသေးတာကြောင့်
လာမယ့်ပွဲတွေမှာ ရုန်းနိုင်မှ ဖြစ်မှာပါ။
လောလောဆယ်တော့ ရွန်နီရဲ့ဦးဆောင်မှုနဲ့ဒါဘီဟာ ဘယ်တော့မှလက်လျှော့မှာ
မဟုတ်ဘူးဆိုတာကို ပြနိုင်ခဲ့ပါတယ်။ ပိုပြီးအံ့သြစရာကောင်းတာက ယူနိုက်တက်နောက်ခံရှိကြတဲ့
နည်းပြနဲ့ကစားသမားတို့ရဲ့ကြိုးစားမှုနဲ့ အရေးပါတဲ့အချိန်မှာ အရေးပါတဲ့နိုင်ပွဲရရှိခဲ့တာပါ။
ရွန်နီရဲ့ဒါဘီဟာ လာမယ့်နှစ်ပွဲမှာ အဆင့် ၃ နေရာက ဘုန်းမောက်၊ အဆင့် ၄ နေရာက
ဘလက်ဘန်းတို့နဲ့ ဆက်လက်ကစားရမှာ ဖြစ်ပါတယ်။
Zawgyi
မန္ယူကစားသမားေဟာင္းရဲ႕သြင္းဂိုးေတြနဲ႔ ၆ မွတ္တန္ႏိုင္ပြဲရခဲ့တဲ့ ႐ြန္နီရဲ႕ဒါဘီ
တန္းဆင္းဇုန္ၿပိဳင္ဘက္ခ်င္းေတြ႕တဲ့အခ်ိန္မွာ အႏိုင္ယူ႐ုံမွတစ္ပါး
အျခားေ႐ြးခ်ယ္စရာမရွိဘူးလို႔ ဒါဘီနည္းျပဝိန္း႐ြန္နီက ဘန္စေလနဲ႔ ပြဲမတိုင္ခင္မွာ
ဝန္ခံထားတာပါ။ တကယ္လည္း ႐ြန္နီရဲ႕အသင္းသားေတြဟာ ကြင္းလယ္လူေမာရစ္ဆင္ရဲ႕
သြင္းဂိုး ၂ ဂိုးနဲ႔အတူ တန္းဆင္းဇုန္ၿပိဳင္ဘက္ကိုအႏိုင္ယူကာ အမွတ္ေပးဇယားမွာလည္း
ဘန္စေလကို ေက်ာ္တက္ႏိုင္ခဲ့ပါတယ္။
႐ြန္နီရဲ႕အသင္းအေနနဲ႔ ခ်န္ပီယံရွစ္မွာ ေနာက္ဆုံး ၃ ပြဲဆက္ရႈံးပြဲဆက္မႈကို ၆ မွတ္တန္ႏိုင္ပြဲနဲ႔
ရပ္တန႔္ႏိုင္ခဲ့တာပါ။ အဲဒီပြဲက မန္ယူနဲ႔ဝက္စ္ဟမ္းကြင္းလယ္ဖန္တီးရွင္ေဟာင္းေမာရစ္ဆင္ရဲ႕
ဂိုးေတြဟာလည္း အဂၤလန္ေဘာလုံးက အမွတ္ေပးပြဲစဥ္မွာ ၈ ႏွစ္တာအတြင္း
သူ႔ရဲ႕ပထမဆုံးဂိုးေတြျဖစ္ခဲ့ပါတယ္။ ေမာရစ္ဆင္ဟာ ပြဲခ်ိန္ ၂၂ မိနစ္နဲ႔ ၄၇ မိနစ္တို႔မွာ ဒ
ါဘီအတြက္ ၂ ဂိုးသြင္းေပးခဲ့တာျဖစ္ၿပီး အဲဒီဂိုးေတြနဲ႔ပဲ အႏိုင္ရခဲ့တာပါ။ ဒီႏိုင္ပြဲနဲ႔အတူ
႐ြန္နီရဲ႕အသင္းဟာ အမွတ္ေပးဇယားအဆင့္ ၂၂ ေနရာကို ျပန္တက္လာခဲ့ပါတယ္။ ဒါေပမဲ့
သူတို႔ဟာ တန္းဆင္းဇုန္ကပ္လ်က္အသင္းျဖစ္တဲ့ ရီးဒင္းနဲ႔ ၅ မွတ္ကြာေနေသးတာေၾကာင့္
လာမယ့္ပြဲေတြမွာ ႐ုန္းႏိုင္မွ ျဖစ္မွာပါ။
ေလာေလာဆယ္ေတာ့ ႐ြန္နီရဲ႕ဦးေဆာင္မႈနဲ႔ဒါဘီဟာ ဘယ္ေတာ့မွလက္ေလွ်ာ့မွာ
မဟုတ္ဘူးဆိုတာကို ျပႏိုင္ခဲ့ပါတယ္။ ပိုၿပီးအံ့ၾသစရာေကာင္းတာက ယူႏိုက္တက္ေနာက္ခံရွိၾကတဲ့
နည္းျပနဲ႔ကစားသမားတို႔ရဲ႕ႀကိဳးစားမႈနဲ႔ အေရးပါတဲ့အခ်ိန္မွာ အေရးပါတဲ့ႏိုင္ပြဲရရွိခဲ့တာပါ။
႐ြန္နီရဲ႕ဒါဘီဟာ လာမယ့္ႏွစ္ပြဲမွာ အဆင့္ ၃ ေနရာက ဘုန္းေမာက္၊ အဆင့္ ၄ ေနရာက
ဘလက္ဘန္းတို႔နဲ႔ ဆက္လက္ကစားရမွာ ျဖစ္ပါတယ္။