မန်ယူကစားသမားဟောင်းကို ခေါ်ချင်ပြန်တဲ့ နယူးကာဆယ်

နယူးကာဆယ်အသင်းဟာ မန်ယူတိုက်စစ်မှုးဟောင်းအစ်ဂ်ဟာလိုကို

သူတို့ခေါ်ယူလိုတဲ့ကစားသမားစာရင်းထဲ ထည့်သွင်းထားကြောင်း

သတင်းတွေထွက်ပေါ်နေပါတယ်။

ဆော်ဒီပိုင်ရှင်တွေလက်အောက်မှာ ကမ္ဘာ့ဘောလုံးလောကရဲ့

အချမ်းသာဆုံးအသင်းဖြစ်လာတဲ့ နယူးကာဆယ်ဟာ ပရီးမီးယားလိဂ်မှာ

ဆက်နေခွင့်ရရေးအတွက် ကြိုးပမ်းနေတာပါ။

သူတို့ဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ အင်အားဖြည့်တင်းမှုလုပ်မှာဖြစ်ပြီး

အဲဒီအတွက် သတင်းထွက်နေတဲ့ကစားသမားတွေလည်း ရှိနေပါတယ်။

Sky Sports သတင်းဌာနရဲ့အဆိုအရ ငှက်ကျားတွေဟာ

လက်ရှိမှာ ဆော်ဒီကလပ်အယ်ရှာဘက်အတွက် ကစားနေတဲ့ အစ်ဂ်ဟာလိုကို

ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

ကစားသမားဘက်ကလည်း အဲဒီအပြောင်းအရွှေ့အတွက်

စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။

နယူးကာဆယ်ဟာ အဲဒီနိုင်ဂျီးရီးယားသားအတွက် ဆော်ဒီကလပ်နဲ့

ဆွေးနွေနေတယ်လို့ Sky Sports က ဖော်ပြခဲ့တာပါ။

အဲဒီဝက်ဖု့ိဒ်တိုက်စစ်မှုးဟောင်းဟာ ၂၀၁၉-၂၀ ရာသီတုန်းက

အံ့အားသင့်ဖွယ်အဖြစ် မန်ယူကို အငှားရောက်လာခဲ့ပြီး ၂၃ ပွဲကစားကာ

၅ ဂိုးသွင်းခဲ့ကာ အငှားကုန်ဆုံးပြီးနောက်

တရုတ်စူပါလိဂ်ကလပ်ရှန်ဟိုင်းရှင်ဟွာကို ပြန်သွားခဲ့တာပါ။

နောက်ပိုင်းမှာမှ သူဟာ ဆော်ဒီကလပ်အယ်ရှာဘက်ကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

သူဟာ ဒီရာသီ အယ်ရှာဘက်အသင်းအတွက် ၁၃ ပွဲမှာ ၉ ဂိုးသွင်းယူထားပြီး

လိဂ်ရဲ့ပူးတွဲထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေကာ စာချုက်သက်တမ်းက

၂၀၂၂-၂၃ ရာသီကုန်မှ ကုန်ဆုံးမှာပါ။

အစ်ဂ်ဟာလိုဟာ ပရီးမီးယားလိဂ်မှာလည်း ဂိုးသွင်းအတွေ့အကြုံကောင်းရှိထားပြီး

ဝက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ၂၀၁၄ ကနေ ၂၀၁၇ အတွင်း ၉၉ ပွဲမှာ ၃၉ ဂိုးသွင်းထားပါတယ်။

zawgyi

မန္ယူကစားသမားေဟာင္းကို ေခၚခ်င္ျပန္တဲ့ နယူးကာဆယ္

နယူးကာဆယ္အသင္းဟာ မန္ယူတိုက္စစ္မႈးေဟာင္းအစ္ဂ္ဟာလိုကို

သူတို႔ေခၚယူလိုတဲ့ကစားသမားစာရင္းထဲ ထည့္သြင္းထားေၾကာင္း

သတင္းေတြထြက္ေပၚေနပါတယ္။

ေဆာ္ဒီပိုင္ရွင္ေတြလက္ေအာက္မွာ ကမာၻ႔ေဘာလုံးေလာကရဲ႕

အခ်မ္းသာဆုံးအသင္းျဖစ္လာတဲ့ နယူးကာဆယ္ဟာ ပရီးမီးယားလိဂ္မွာ

ဆက္ေနခြင့္ရေရးအတြက္ ႀကိဳးပမ္းေနတာပါ။

သူတို႔ဟာ လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ အင္အားျဖည့္တင္းမႈလုပ္မွာျဖစ္ၿပီး

အဲဒီအတြက္ သတင္းထြက္ေနတဲ့ကစားသမားေတြလည္း ရွိေနပါတယ္။

Sky Sports သတင္းဌာနရဲ႕အဆိုအရ ငွက္က်ားေတြဟာ

လက္ရွိမွာ ေဆာ္ဒီကလပ္အယ္ရွာဘက္အတြက္ ကစားေနတဲ့ အစ္ဂ္ဟာလိုကို

ပစ္မွတ္ထားေနတယ္လို႔ သိရပါတယ္။

ကစားသမားဘက္ကလည္း အဲဒီအေျပာင္းအေ႐ႊ႕အတြက္

စိတ္အားထက္သန္ေနတယ္လို႔ သိရပါတယ္။

နယူးကာဆယ္ဟာ အဲဒီႏိုင္ဂ်ီးရီးယားသားအတြက္ ေဆာ္ဒီကလပ္နဲ႔

ေဆြးေႏြေနတယ္လို႔ Sky Sports က ေဖာ္ျပခဲ့တာပါ။

အဲဒီဝက္ဖု႔ိဒ္တိုက္စစ္မႈးေဟာင္းဟာ ၂၀၁၉-၂၀ ရာသီတုန္းက

အံ့အားသင့္ဖြယ္အျဖစ္ မန္ယူကို အငွားေရာက္လာခဲ့ၿပီး ၂၃ ပြဲကစားကာ

၅ ဂိုးသြင္းခဲ့ကာ အငွားကုန္ဆုံးၿပီးေနာက္

တ႐ုတ္စူပါလိဂ္ကလပ္ရွန္ဟိုင္းရွင္ဟြာကို ျပန္သြားခဲ့တာပါ။

ေနာက္ပိုင္းမွာမွ သူဟာ ေဆာ္ဒီကလပ္အယ္ရွာဘက္ကို ေျပာင္းေ႐ႊ႕ခဲ့တာ ျဖစ္ပါတယ္။

သူဟာ ဒီရာသီ အယ္ရွာဘက္အသင္းအတြက္ ၁၃ ပြဲမွာ ၉ ဂိုးသြင္းယူထားၿပီး

လိဂ္ရဲ႕ပူးတြဲထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ရပ္တည္ေနကာ စာခ်ဳက္သက္တမ္းက

၂၀၂၂-၂၃ ရာသီကုန္မွ ကုန္ဆုံးမွာပါ။

အစ္ဂ္ဟာလိုဟာ ပရီးမီးယားလိဂ္မွာလည္း ဂိုးသြင္းအေတြ႕အႀကဳံေကာင္းရွိထားၿပီး

ဝက္ဖို႔ဒ္မွာ ကစားခဲ့တဲ့ ၂၀၁၄ ကေန ၂၀၁၇ အတြင္း ၉၉ ပြဲမွာ ၃၉ ဂိုးသြင္းထားပါတယ္။