မန်ယူကစားသမားဘဝဂိုးသွင်းအကောင့်စဖွင့်လိုက်တဲ့ ကက်စ်မီရိုကို အစောင့်ခွေးနဲ့ ခိုင်းနှိုင်းချီးကျူးလိုက်တဲ့ အန်တိုနီ

ချဲလ်ဆီးဘက်ကိုနောက်ကျချေပဂိုးသွင်းယူအပြီး စိတ်အားထက်သန်စွာအောင်ပွဲခံခဲ့တဲ့ ကွင်းလယ်လူကက်စ်မီရိုကို

အသင်းဖော်အန်တိုနီက အစောင့်ခွေးတစ်ကောင်နဲ့ခိုင်းနှိုင်းချီးကျူးသွားပါတယ်။

ကက်စ်မီရိုဟာ သူ့ရဲ့မန်ယူကစားသမားဘဝသွင်းဂိုးအကောင့်ကို ချဲလ်ဆီးနဲ့ပွဲစဉ်မှာစဖွင့်နိုင်ခဲ့သလို

အသင်းအနေနဲ့လည်းနောက်ကျချေပဂိုး နဲ့အတူ ပြဇာတ်ဆန်ဆန်ပြန်လာနိုင်ခဲ့ပါတယ်။

မန်ယူ အသင်းဟာ ပြီးခဲ့တဲ့ နွေတုန်းက ဘရာဇီးသား နှစ်ဦးဖြစ်တဲ့ ကက်စ်မီရိုနဲ့အန်တိုနီ ခေါ်ယူခဲ့တာဖြစ်ပြီး

ကက်စ်မီရိုက ပြောင်းရွှေ့လာခါစမှာ တိုမီနေးလ်ကိုကျော်ပြီး အသင်းနဲ့ပွဲထွက်ခွင့်မရခဲ့ပါဘူး။

သူဟာ နည်းပြတန်ဟတ်လက်အောက်မှာ ပွဲထွက်ခွင့်ရဖို့ အချိန်ယူခဲ့ရပြီး မန်ချက်စတာဒါဘီမှာ ပါဝင်ခွင့်ရရှိပြီးနောက်မှ

ပရီးမီးယားလိဂ်ပွဲတွေမှာ ပါဝင်ခွင့်ရလာခဲ့တာဖြစ်ပါတယ်။ ကက်စ်မီရို ပါဝင်လာတဲ့ပွဲတွေမှာ ယူနိုက်တက်ရဲ့ရလဒ်ပိုင်းက တိုးတက်လာခဲ့ပြီး

တန်ဟတ်ရဲ့ယူနိုက်တက်ကွင်းလယ်ကိုအကောင်းဆုံး မောင်းနှင်နေတာဖြစ်ပါတယ်။

ဒါကြောင့်လည်း ရီးရဲလ်ကနေ ပေါင်သန်း ၇၀နဲ့ရောက်လာပြီး ယူနိုက်တက်ရဲ့ကွင်းလယ်အင်ဂျင်ဖြစ်လာတဲ့ ကက်စ်မီရိုဟာ

ပရိသတ်တွေရဲ့ အချစ်တော် ကစားသမားတစ်ယောက် ဖြစ်လို့လာနေပါပြီ။

သူနဲ့ ပတ်သက်ပြီး အသင်းဖော်အန်တိုနီကို မေးမြန်းရာမှာတော့ ရယ်မောဖွယ်ရာအဖြေတစ်ခု ပေးလာခဲ့ပါတယ်။

အေဂျက်ကနေ ပေါင် ၈၆သန်းနဲ့ပြောင်းရွှေ့လာပြီး မန်ယူအတွက် ပရီးမီးယားလိဂ် ၆ပွဲမှာ ၃ဂိုးသွင်းထားတဲ့ အန်တိုနီက

“သူက ကျွန်တော်တို့ကွင်းလယ်ရဲ့ အစောင့်ခွေးလို့အမြဲတမ်းပြောလေ့ရှိတယ်ဗျ။ သူ့ပုံစံကလည်း အမိုက်စားဆိုတော့

ပေါက်ကွဲအားပြင်းတဲ့အမျိုးအစားတွေထဲကဖြစ်ပါလိမ့်မယ်။

သူ့ရဲ့အားပါတဲ့ ဂိုးသွင်း အောင်ပွဲခံပုံကိုတော့ ကျွန်တော်တို့ တိုက်စစ်ကစားသမားတွေဆီ

ထားခဲ့မယ်လို့တော့ ယူဆရပါတယ်ဗျာ” လို့ သူတို့အချင်းချင်းကြားက ပြောလေ့ရှိတဲ့ စကားကို ပရိသတ်တွေဆီ ပြန်လည်မျှဝေပြီး ဟာသလုပ်ရင်း ချီးကျူးခဲ့ပါတယ်။

ကက်စ်မီရိုဟာ ရီးရဲလ်နဲ့အတူအမြင့်ဆုံး အောင်မြင်မှုတွေရခဲ့ပြီး မိုဒရစ်၊ တိုနီခရူးစ်တို့နှစ်ယောက်ကြားမှာ

ထိပ်တန်းကစား သမားဖြစ်ခွင့်မရခဲ့ပေမဲ့ ယူနိုက်တက်မှာတော့ အဖျက်ရော၊ အတက်ပါအကောင်းဆုံး ကစားပြီး

အကောင်းဆုံးတွေထဲကတစ်ယောက်ဖြစ်တယ်ဆိုတာကို သက်သေပြနေပါပြီ။

zawgyi

မန္ယူကစားသမားဘဝဂိုးသြင္းအေကာင့္စဖြင့္လိုက္တဲ့ ကက္စ္မီ႐ိုကို အေစာင့္ေခြးနဲ႔ ခိုင္းႏႈိင္းခ်ီးက်ဴးလိုက္တဲ့ အန္တိုနီ

ခ်ဲလ္ဆီးဘက္ကိုေနာက္က်ေခ်ပဂိုးသြင္းယူအၿပီး စိတ္အားထက္သန္စြာေအာင္ပြဲခံခဲ့တဲ့ ကြင္းလယ္လူကက္စ္မီ႐ိုကို

အသင္းေဖာ္အန္တိုနီက အေစာင့္ေခြးတစ္ေကာင္နဲ႔ခိုင္းႏႈိင္းခ်ီးက်ဴးသြားပါတယ္။

ကက္စ္မီ႐ိုဟာ သူ႔ရဲ႕မန္ယူကစားသမားဘဝသြင္းဂိုးအေကာင့္ကို ခ်ဲလ္ဆီးနဲ႔ပြဲစဥ္မွာစဖြင့္ႏိုင္ခဲ့သလို

အသင္းအေနနဲ႔လည္းေနာက္က်ေခ်ပဂိုး နဲ႔အတူ ျပဇာတ္ဆန္ဆန္ျပန္လာႏိုင္ခဲ့ပါတယ္။

မန္ယူ အသင္းဟာ ၿပီးခဲ့တဲ့ ေႏြတုန္းက ဘရာဇီးသား ႏွစ္ဦးျဖစ္တဲ့ ကက္စ္မီ႐ိုနဲ႔အန္တိုနီ ေခၚယူခဲ့တာျဖစ္ၿပီး

ကက္စ္မီ႐ိုက ေျပာင္းေ႐ႊ႕လာခါစမွာ တိုမီေနးလ္ကိုေက်ာ္ၿပီး အသင္းနဲ႔ပြဲထြက္ခြင့္မရခဲ့ပါဘူး။

သူဟာ နည္းျပတန္ဟတ္လက္ေအာက္မွာ ပြဲထြက္ခြင့္ရဖို႔ အခ်ိန္ယူခဲ့ရၿပီး မန္ခ်က္စတာဒါဘီမွာ ပါဝင္ခြင့္ရရွိၿပီးေနာက္မွ

ပရီးမီးယားလိဂ္ပြဲေတြမွာ ပါဝင္ခြင့္ရလာခဲ့တာျဖစ္ပါတယ္။ ကက္စ္မီ႐ို ပါဝင္လာတဲ့ပြဲေတြမွာ ယူႏိုက္တက္ရဲ႕ရလဒ္ပိုင္းက တိုးတက္လာခဲ့ၿပီး

တန္ဟတ္ရဲ႕ယူႏိုက္တက္ကြင္းလယ္ကိုအေကာင္းဆုံး ေမာင္းႏွင္ေနတာျဖစ္ပါတယ္။

ဒါေၾကာင့္လည္း ရီးရဲလ္ကေန ေပါင္သန္း ၇၀နဲ႔ေရာက္လာၿပီး ယူႏိုက္တက္ရဲ႕ကြင္းလယ္အင္ဂ်င္ျဖစ္လာတဲ့ ကက္စ္မီ႐ိုဟာ

ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ ကစားသမားတစ္ေယာက္ ျဖစ္လို႔လာေနပါၿပီ။

သူနဲ႔ ပတ္သက္ၿပီး အသင္းေဖာ္အန္တိုနီကို ေမးျမန္းရာမွာေတာ့ ရယ္ေမာဖြယ္ရာအေျဖတစ္ခု ေပးလာခဲ့ပါတယ္။

ေအဂ်က္ကေန ေပါင္ ၈၆သန္းနဲ႔ေျပာင္းေ႐ႊ႕လာၿပီး မန္ယူအတြက္ ပရီးမီးယားလိဂ္ ၆ပြဲမွာ ၃ဂိုးသြင္းထားတဲ့ အန္တိုနီက

“သူက ကြၽန္ေတာ္တို႔ကြင္းလယ္ရဲ႕ အေစာင့္ေခြးလို႔အၿမဲတမ္းေျပာေလ့ရွိတယ္ဗ်။ သူ႔ပုံစံကလည္း အမိုက္စားဆိုေတာ့

ေပါက္ကြဲအားျပင္းတဲ့အမ်ိဳးအစားေတြထဲကျဖစ္ပါလိမ့္မယ္။

သူ႔ရဲ႕အားပါတဲ့ ဂိုးသြင္း ေအာင္ပြဲခံပုံကိုေတာ့ ကြၽန္ေတာ္တို႔ တိုက္စစ္ကစားသမားေတြဆီ

ထားခဲ့မယ္လို႔ေတာ့ ယူဆရပါတယ္ဗ်ာ” လို႔ သူတို႔အခ်င္းခ်င္းၾကားက ေျပာေလ့ရွိတဲ့ စကားကို ပရိသတ္ေတြဆီ ျပန္လည္မွ်ေဝၿပီး ဟာသလုပ္ရင္း ခ်ီးက်ဴးခဲ့ပါတယ္။

ကက္စ္မီ႐ိုဟာ ရီးရဲလ္နဲ႔အတူအျမင့္ဆုံး ေအာင္ျမင္မႈေတြရခဲ့ၿပီး မိုဒရစ္၊ တိုနီခ႐ူးစ္တို႔ႏွစ္ေယာက္ၾကားမွာ

ထိပ္တန္းကစား သမားျဖစ္ခြင့္မရခဲ့ေပမဲ့ ယူႏိုက္တက္မွာေတာ့ အဖ်က္ေရာ၊ အတက္ပါအေကာင္းဆုံး ကစားၿပီး

အေကာင္းဆုံးေတြထဲကတစ္ေယာက္ျဖစ္တယ္ဆိုတာကို သက္ေသျပေနပါၿပီ။