မန်ယူကစားသမားတွမ်မီနေးရဲ့နောက်ကျအနိုင်ဂိုးနဲ့ နိုင်ငံအသင်းစကော့တလန် အနိုင်ရခဲ့

ပြီးခဲ့တဲ့စနေည နိုင်ငံတကာပွဲစဉ်တွေမှာတော့ မန်ယူကစားသမားအများစု

ခြေစွမ်းပြနိုင်ခဲ့ကြတာကို တွေ့ရပါတယ်။ အဲဒီထဲမှာ ကွင်းလယ် လူတွမ်မီနေးရဲ့

နောက်ကျအနိုင်ဂိုးက သူ့နိုင်ငံအသင်းစကော့တလန်အတွက် အတော်လေးကို

အရေးပါခဲ့ပါတယ်။ စကော့တလန်ဟာ အစ္စရေးကို ၂-၁ နဲ့ရှုံးနေရာက

ပြန်အနိုင်ရခဲ့တာဖြစ်ပြီး နာကျင်အချိန်ပို ၉၄ ရောက်မှ ထောင့်ကန်ဘောကနေ

တွမ်မီနေးက အနိုင်ဂိုးသွင်းနိုင်ခဲ့တာပါ။ အဲဒါဟာ တွမ်မီးနေရဲ့

လက်ရွေးစင်ကစားသမားဘဝမှာ ပထမဆုံးသွင်းဂိုးလည်း ဖြစ်လာခဲ့ပါတယ်။

မနေ့ညနိုင်ပွဲကြောင့် စကော့တလန်ဟာ ဥရောပဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စု F မှာ

ဒုတိယနေရာဆက်ထိန်းနိုင်ခဲ့ပြီး တတိယနေရာက အစ္စရေးကို ၄ မှတ်ဖြတ်နိုင်ခဲ့ပါတယ်။

မန်ယူတောင်ပံကစားသမားဆန်ချိုကတော့ အသင်းငယ်လေးအန်ဒိုရာကို ၅ ဂိုးသွင်းခဲ့တဲ့

အင်္ဂလန်ရဲ့အဝေးကွင်းဂိုးပြတ်နိုင်ပွဲမှာ ၂ ဂိုးဖန်တီးနိုင်ခဲ့တာပါ။

သူဟာ ပွဲချိန် ၁၇ မိနစ်မှာ ချီဝဲလ်သွင်းတဲ့အဖွင့်ဂိုးကို ဖန်တီးပေးခဲ့သလို

ပွဲချိန် ၅၉ မိနစ်မှာလည်း အေဘရာဟမ်သွင်းတဲ့ အင်္ဂလန်ရဲ့တတိယဂိုးကိုလည်း

ဖန်တီးပေးခဲ့ပါတယ်။ ဒီဂိုးဖန်တီးမှုတွေဟာ မန်ယူကိုရောက်ပြီးနောက်ပိုင်း

ခြေစွမ်းမပြနိုင်ဖြစ်နေတဲ့ဆန်ချိုအတွက် ယုံကြည်မှုပြန်ရနိုင်စရာ

အကြောင်းရင်းတွေလည်း ဖြစ်မှာပါ။ ပြီးခဲ့တဲ့စနေညမှာပဲကစားသွားတဲ့

ကာတာနဲ့ခြေစမ်းပွဲမှာတော့ မန်ယူတိုက်စစ်မှုးစီရော်နယ်ဒိုဟာ အနိုင်ဂိုးတစ်ဂိုးသွင်း

ယူနိုင်ခဲ့ပြီး သူသွင်းခဲ့တဲ့ဂိုးကို မန်ယူအသင်းဖော်ဖြစ်တဲ့နောက်ခံအစွန်လူဒါလော့က

ဖန်တီးပေးခဲ့တာပါ။ အဲဒီပွဲက ဂိုးကြောင့် စီရော်နယ်ဒိုဟာ သူ့ရဲ့နိုင်ငံတကာသွင်းဂိုးစံချိန်ကို

ထပ်တိုးနိုင်ခဲ့ပြီး ၁၁၂ ဂိုးရှိသွားခဲ့ကာ ပေါ်တူဂီအတွက် ၁၈၁ ပွဲကိုကစားခဲ့တာဖြစ်လို့လည်း

ဥရောပရဲ့ပွဲအများဆုံးကစားထားသူအဖြစ် စပိန်နောက်ခံလူရာမို့စ်ရဲ့စံချိန်ကို ချိုးနိုင်ခဲ့ပါတယ်။

zawgyi

မန္ယူကစားသမားတြမ္မီေနးရဲ႕ေနာက္က်အႏိုင္ဂိုးနဲ႔ ႏိုင္ငံအသင္းစေကာ့တလန္ အႏိုင္ရခဲ့

ၿပီးခဲ့တဲ့စေနည ႏိုင္ငံတကာပြဲစဥ္ေတြမွာေတာ့ မန္ယူကစားသမားအမ်ားစု

ေျခစြမ္းျပႏိုင္ခဲ့ၾကတာကို ေတြ႕ရပါတယ္။ အဲဒီထဲမွာ ကြင္းလယ္ လူတြမ္မီေနးရဲ႕

ေနာက္က်အႏိုင္ဂိုးက သူ႔ႏိုင္ငံအသင္းစေကာ့တလန္အတြက္ အေတာ္ေလးကို

အေရးပါခဲ့ပါတယ္။ စေကာ့တလန္ဟာ အစၥေရးကို ၂-၁ နဲ႔ရႈံးေနရာက

ျပန္အႏိုင္ရခဲ့တာျဖစ္ၿပီး နာက်င္အခ်ိန္ပို ၉၄ ေရာက္မွ ေထာင့္ကန္ေဘာကေန

တြမ္မီေနးက အႏိုင္ဂိုးသြင္းႏိုင္ခဲ့တာပါ။ အဲဒါဟာ တြမ္မီးေနရဲ႕

လက္ေ႐ြးစင္ကစားသမားဘဝမွာ ပထမဆုံးသြင္းဂိုးလည္း ျဖစ္လာခဲ့ပါတယ္။

မေန႔ညႏိုင္ပြဲေၾကာင့္ စေကာ့တလန္ဟာ ဥေရာပဇုန္ကမာၻ႔ဖလားေျခစစ္ပြဲအုပ္စု F မွာ

ဒုတိယေနရာဆက္ထိန္းႏိုင္ခဲ့ၿပီး တတိယေနရာက အစၥေရးကို ၄ မွတ္ျဖတ္ႏိုင္ခဲ့ပါတယ္။

မန္ယူေတာင္ပံကစားသမားဆန္ခ်ိဳကေတာ့ အသင္းငယ္ေလးအန္ဒိုရာကို ၅ ဂိုးသြင္းခဲ့တဲ့

အဂၤလန္ရဲ႕အေဝးကြင္းဂိုးျပတ္ႏိုင္ပြဲမွာ ၂ ဂိုးဖန္တီးႏိုင္ခဲ့တာပါ။

သူဟာ ပြဲခ်ိန္ ၁၇ မိနစ္မွာ ခ်ီဝဲလ္သြင္းတဲ့အဖြင့္ဂိုးကို ဖန္တီးေပးခဲ့သလို

ပြဲခ်ိန္ ၅၉ မိနစ္မွာလည္း ေအဘရာဟမ္သြင္းတဲ့ အဂၤလန္ရဲ႕တတိယဂိုးကိုလည္း

ဖန္တီးေပးခဲ့ပါတယ္။ ဒီဂိုးဖန္တီးမႈေတြဟာ မန္ယူကိုေရာက္ၿပီးေနာက္ပိုင္း

ေျခစြမ္းမျပႏိုင္ျဖစ္ေနတဲ့ဆန္ခ်ိဳအတြက္ ယုံၾကည္မႈျပန္ရႏိုင္စရာ

အေၾကာင္းရင္းေတြလည္း ျဖစ္မွာပါ။ ၿပီးခဲ့တဲ့စေနညမွာပဲကစားသြားတဲ့

ကာတာနဲ႔ေျခစမ္းပြဲမွာေတာ့ မန္ယူတိုက္စစ္မႈးစီေရာ္နယ္ဒိုဟာ အႏိုင္ဂိုးတစ္ဂိုးသြင္း

ယူႏိုင္ခဲ့ၿပီး သူသြင္းခဲ့တဲ့ဂိုးကို မန္ယူအသင္းေဖာ္ျဖစ္တဲ့ေနာက္ခံအစြန္လူဒါေလာ့က

ဖန္တီးေပးခဲ့တာပါ။ အဲဒီပြဲက ဂိုးေၾကာင့္ စီေရာ္နယ္ဒိုဟာ သူ႔ရဲ႕ႏိုင္ငံတကာသြင္းဂိုးစံခ်ိန္ကို

ထပ္တိုးႏိုင္ခဲ့ၿပီး ၁၁၂ ဂိုးရွိသြားခဲ့ကာ ေပၚတူဂီအတြက္ ၁၈၁ ပြဲကိုကစားခဲ့တာျဖစ္လို႔လည္း

ဥေရာပရဲ႕ပြဲအမ်ားဆုံးကစားထားသူအျဖစ္ စပိန္ေနာက္ခံလူရာမို႔စ္ရဲ႕စံခ်ိန္ကို ခ်ိဳးႏိုင္ခဲ့ပါတယ္။