မန်ဒီအမှုနဲ့ဆက်စပ်ပြီး မန်စီးတီးအသင်းဖော်တွေလည်း တိုင်ပတ်တော့မယ်

မန်စီးတီးနောက်ခံလူ ဘန်ဂျမင်မန်ဒီဟာ လိင်ပိုင်းဆိုင်ရာ ထပ်တိုးစွပ်စွဲမှုတွေအတွက် အပြစ်မရှိဘူးလို ငြင်းဆိုခဲ့ ပါတယ်။ အသက် ၂၈ နှစ်အရွယ် မန်ဒီဟာ လိင်ပိုင်းဆိုင်ရာကျူးလွန်ဖိုကြိုးပမ်းမှုတစ်ခု

အပါအဝင် မုဒိမ်းမှု ၈ ခုနဲ့ စွဲချက်တင်ခံထားရတာပါ။ ၂၀၁၈ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်း မန်ဒီရဲ့နေအိမ်မှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံခဲ့ရတယ်ဆိုပြီး

မိန်းကလေးငယ် ၇ ယောက်က တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ အဲဒီစွဲချက် တွေအပေါ် ချက်စတာခရောင်းတရားရုံးမှာ တနင်္လာနေ့က စတင်စစ်ဆေးနေခဲ့တာဖြစ်ပြီး မန်ဒီကတော့ သူ့မှာအပြစ်မရှိကြောင်း

လျှောက်လှဲခဲ့ပါတယ်။ အမျိုးသား ၈ ယောက် နဲ့ အမျိုးသမီး ၄ ယောက် ပါဝင်တဲ့ ဂျူရီ အဖွဲဝင်တွေရဲ့ ဒီစစ်ဆေးမှုဟာ ၃ လဝန်းကျင်လောက် ကြာမြင့်ဖိုလည်းရှိနေပါတယ်။

မန်စီးတီးအတွက် ပွဲပေါင်း ၅၀ ပါဝင်ကစားထားတဲ့ မန်ဒီအနေနဲ့ အခုလို စွပ်စွဲခံရမှုတွေကြောင့် အသင်းမှာပါဝင်ကစားခွင့် ရပ်နားခံထား ရပါတယ်။ ဒီအမှုဆက်စပ်ပြီး မန်စီးတီးကစားသမားတချိုကို

ခေါ်ယူမေးမြန်စစ်ဆေးဖို လည်းရှိနေပါတယ်။ အဲဒီကစားသမားတွေထဲမှာ ချဲလ်ဆီးကိုပြောင်းသွားတဲ့ စတားလင်းလည်းပါဝင်နေခဲ့ပြီး နောက်ထပ်ကစားသမား တွေကတော့ မာရက်ဇ်၊ ဂရီလစ်၊

ဂျွန်စတုန်းနဲ့ကေလီဝေါကာတိုဖြစ်ပါတယ်။ စတားလင်းဟာ ဒီနှစ်နွေရာသီမှာ ချဲလ်ဆီးကို ပေါင်သန်း ၅၀ နဲ့ပြောင်းရွှေ့သွားခဲ့သူဖြစ်ပြီး တရားရုံးဖော်ပြချက်တွေအရ နောက်ထပ်အမှုရင်ဆိုင် ရမယ့်ကစားသမားအဖြစ် ထိပ်ဆုံးကရှိနေပါတယ်။

(zawgyi)

မန္စီးတီးေနာက္ခံလူ ဘန္ဂ်မင္မန္ဒီဟာ လိင္ပိုင္းဆိုင္ရာ ထပ္တိုးစြပ္စြဲမႈေတြအတြက္ အျပစ္မရွိဘူးလို ျငင္းဆိုခဲ့ ပါတယ္။ အသက္ ၂၈ ႏွစ္အ႐ြယ္ မန္ဒီဟာ လိင္ပိုင္းဆိုင္ရာက်ဴးလြန္ဖိုႀကိဳးပမ္းမႈတစ္ခု အပါအဝင္

မုဒိမ္းမႈ ၈ ခုနဲ႔ စြဲခ်က္တင္ခံထားရတာပါ။ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလကေန ၂၀၂၁ ခုႏွစ္ ဩဂုတ္လအတြင္း မန္ဒီရဲ႕ေနအိမ္မွာ လိင္ပိုင္းဆိုင္ရာ က်ဴးလြန္ခံခဲ့ရတယ္ဆိုၿပီး မိန္းကေလးငယ္ ၇ ေယာက္က

တရားစြဲဆိုခဲ့တာျဖစ္ပါတယ္။ အဲဒီစြဲခ်က္ ေတြအေပၚ ခ်က္စတာခေရာင္းတရား႐ုံးမွာ တနလၤာေန႔က စတင္စစ္ေဆးေနခဲ့တာျဖစ္ၿပီး မန္ဒီကေတာ့ သူ႔မွာအျပစ္မရွိေၾကာင္း ေလွ်ာက္လွဲခဲ့ပါတယ္။ အမ်ိဳးသား ၈ ေယာက္ နဲ႔

အမ်ိဳးသမီး ၄ ေယာက္ ပါဝင္တဲ့ ဂ်ဴရီ အဖြဲဝင္ေတြရဲ႕ ဒီစစ္ေဆးမႈဟာ ၃ လဝန္းက်င္ေလာက္ ၾကာျမင့္ဖိုလည္းရွိေနပါတယ္။ မန္စီးတီးအတြက္ ပြဲေပါင္း ၅၀ ပါဝင္ကစားထားတဲ့ မန္ဒီအေနနဲ႔ အခုလို စြပ္စြဲခံရမႈေတြေၾကာင့္

အသင္းမွာပါဝင္ကစားခြင့္ ရပ္နားခံထား ရပါတယ္။ ဒီအမႈဆက္စပ္ၿပီး မန္စီးတီးကစားသမားတခ်ိဳကို ေခၚယူေမးျမန္စစ္ေဆးဖို လည္းရွိေနပါတယ္။ အဲဒီကစားသမားေတြထဲမွာ ခ်ဲလ္ဆီးကိုေျပာင္းသြားတဲ့ စတားလင္းလည္းပါဝင္ေနခဲ့ၿပီး

ေနာက္ထပ္ကစားသမား ေတြကေတာ့ မာရက္ဇ္၊ ဂရီလစ္၊ ဂြၽန္စတုန္းနဲ႔ေကလီေဝါကာတိုျဖစ္ပါတယ္။ စတားလင္းဟာ ဒီႏွစ္ေႏြရာသီမွာ ခ်ဲလ္ဆီးကို ေပါင္သန္း ၅၀ နဲ႔ေျပာင္းေ႐ႊ႕သြားခဲ့သူျဖစ္ၿပီး တရား႐ုံးေဖာ္ျပခ်က္ေတြအရ ေနာက္ထပ္အမႈရင္ဆိုင္ ရမယ့္ကစားသမားအျဖစ္ ထိပ္ဆုံးကရွိေနပါတယ္။