မန်ဒီရဲ့ မယုံနိုင်လောက်စရာကာကွယ်မှုနဲ့အတူ အနိုင်ရခဲ့တဲ့ ချယ်လ်ဆီး

ဘရန့်ဖို့ဒ်အသင်းဟာ တော်တော်လေး Impressive ဖြစ်စရာကစားဟန်မျိုးကို

အခုပွဲမှာလည်းချပြနိုင်ခဲ့တယ်။ ဒီအသင်းရဲ့ကစားဟန်က ဖျော်ဖြေမှု

ရှိချင်မှရှိနေလိမ့်မယ်၊ ဒါပေမဲ့ ဘောလုံးအသင်းတစ်သင်းမှာ ရှိသင့်တဲ့

အရည်အသွေးအားလုံးပိုင်ဆိုင်ထားပြီး စုစည်းမှု၊ စိတ်ဓာတ်ပြင်းထန်မှု၊

ကြံ့ခိုင်မှုအပြင် နည်းပြသောမတ်စ်ဖရန့်ခ်ရဲ့အရည်အချင်းကိုလည်း ချီးကျူးရမယ်။

ဒီပွဲကိုကြည့်လိုက်ရတဲ့ ချယ်လ်ဆီးပရိသတ်တွေကတော့ ဒုတိယပိုင်း

တစ်လျှောက်လုံး ဘယ်အချိန်ဂိုးပြန်ပေးလိုက်ရမလဲလို့ ရင်တမမနဲ့

ကြည့်နေရမှာဖြစ်ပြီး ဂိုးသမားမန်ဒီရဲ့ မယုံနိုင်လောက်စရာကာကွယ်မှုနဲ့

ဘရန့်ဖို့ဒ်ကစားသမားတွေရဲ့ကန်ချက် တိုင်သာမထိဘူးဆိုရင် ပျားတုပ်ခံရမယ့်

အသင်းတွေထဲမှာ ချယ်လ်ဆီးလည်းအပါအဝင်ဖြစ်နေလောက်ပြီ။

ချယ်လ်ဆီးနည်းပြတူချယ်လ်ဟာ ဝါရင့်နောက်ခံလူသီယာဂိုဆေးလ်ဗား

မပါနိုင်တဲ့အပြင် ရူဒီဂါကလည်း ဒဏ်ရာရှိနေတာကြောင့်

ပေါ်တိုအသင်းကနေ ပြန်ရောက်လာတဲ့ လူငယ်နောက်ခံလူမာလန်ဆားကို

ပွဲထုတ်ခဲ့ပြီး ခရစ္စတန်ဆင်၊ ချာလိုဘာနဲ့တွဲဖက်အသုံးပြုခဲ့တယ်။

မာလန်ဆားရဲ့ခြေစွမ်းမဆိုးပေမယ့် ချာလိုဘာ တည်ငြိမ်မှုမရှိသလို

Wing Back တွေဖြစ်တဲ့ ချီဝဲလ်နဲ့ အက်ဇ်ပီလီကွယ်တာတို့ ခံစစ်ကို

Cover မလုပ်နိုင်တာကြောင့် ဒုတိယပိုင်းတစ်လျှောက်လုံး ဘရန့်ဖို့ဒ်အသင်းက

အကြိမ်ကြိမ်ထိုးဖောက်တိုက်စစ်ဆင်နိုင်ခဲ့တယ်။

ချယ်လ်ဆီးကွင်းလယ်မှာ လော့ဖ်တက်စ်ချိခ်၊ ကွန်တေနဲ့ ကိုဗစ်ဆစ်တို့ကြား

ချိတ်ဆက်မှုအားနည်းနေတဲ့အပြင် ကွင်းလယ်ကို ထိန်းချုပ်ပေးမယ့်

ဂျော်ဂျင်ဟိုမပါတာကြောင့် ဟန်ချက်မညီသလိုဖြစ်နေခဲ့တယ်။

ပထမပိုင်းမှာ ချယ်လ်ဆီးအသင်း အိမ်ရှင်တို့ကို ဖိအားပေးကစားနိုင်ခဲ့ပြီး

ပွဲပြီးခါနီးမှာ ချီဝဲလ်က ဂိုးဧရိယာနားကနေ မြေမကျကန်ချက်နဲ့

သွင်းယူပြီးတော့ အဖွင့်ဂိုးရယူပေးခဲ့ပါတယ်။

ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ ဘရန့်ဖို့ဒ်အသင်းရဲ့စုစည်းမှုက

ချယ်လ်ဆီးအသင်းထက် အများကြီးပိုကောင်းခဲ့ပြီး ကစားသမား

တစ်ယောက်ချင်းစီက ကိုယ်လုပ်ရမယ့်အပိုင်းကို တာဝန်ကျေကျေ

ဆောင်ရွက်နိုင်တာကြောင့် ချယ်လ်ဆီးအသင်းကစားရတော်တော်ခက်သွားခဲ့တယ်။

ဘရန့်ဖို့ဒ်အသင်းရဲ့ကစားဟန်က ချယ်လ်ဆီးကစားကွက်ကို ချေဖျက်ပြီးမှ

တိုက်စစ်ပုံဖော်တာမျိုးမဟုတ်ဘဲ ကိုယ့်အလုပ်ကို ကိုယ်အကောင်းဆုံး

လုပ်ပြသွားတာမျိုးဖြစ်ပြီး ချယ်လ်ဆီးကစားသမားတွေ ဘရန့်ဖို့ဒ်တိုက်စစ်ကို

ဘယ်လိုတားဆီးရမလဲဆိုတာအဖြေရှာမတွေ့ခဲ့ဘူး။

အဲဒါကြောင့်ပဲ နည်းပြတူချယ်တစ်ယောက် အရန်ခုံပေါ်မှာ ဒေါသပေါက်ကွဲခဲ့ပြီး

သူ့ကစားသမားတွေကို အော်ဟစ်နေတဲ့အမူအယာတွေကိုလည်း တွေ့ခဲ့ရတယ်။

ချယ်လ်ဆီးအသင်းကွင်းလယ်မှာ Energetic အဖြစ်ဆုံးလို့သတ်မှတ်ရမယ့်

ကွန်တေတောင် ဘယ်လိုကစားရမလဲမသိဖြစ်နေပြီး ပြေးလမ်းကြောင်း

လုံးဝမရှိအောင် ဘရန့်ဖို့ဒ်အသင်းက ကျစ်ကျစ်လစ်လစ်နဲ့စွမ်းဆောင်ပြနိုင်ခဲ့တယ်။

ဒုတိယပိုင်းတစ်ပိုင်းလုံးက ဘရန့်ဖို့ဒ်ကစားသမားတွေနဲ့ ဂိုးသမားမန်ဒီ

တစ်ယောက်တည်း ရင်ဆိုင်ရသလိုဖြစ်နေပြီး ဂိုးပေါက်ကန်သွင်းချက်(၁၀)

ကြိမ်ကျော်မှာ တစ်ဂိုးမှမပေးရအောင် မန်ဒီ ကာကွယ်နိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ဘရန့်ဖို့ဒ်အသင်း ရလဒ်ရှုံးခဲ့ပေမယ့် ချန်ပီယံလိဂ်ချန်ပီယံအသင်းကြီးကို

ကောင်းကောင်းပညာပေးနိုင်ခဲ့တာကတော့ ကျေနပ်စရာပါပဲ။

အခုပွဲအနိုင်ရခဲ့လို့ ချယ်လ်ဆီးအသင်းဟာ အမှတ်ပေးပြိုင်ပွဲသမိုင်းတစ်လျှောက်

ပထမဆုံးအကြိမ်အဖြစ် လန်ဒန်ဒါဘီအဝေးကွင်း(၇)ပွဲဆက်တိုက်

အနိုင်ရခဲ့တဲ့စံချိန်ပိုင်ဆိုင်ခဲ့သလို နာရီပိုင်းအကြာလက်လွှတ်ခဲ့ရတဲ့

အဆင့်(၁)နေရာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

zawgyi

မန္ဒီရဲ႕ မယုံႏိုင္ေလာက္စရာကာကြယ္မႈနဲ႔အတူ အႏိုင္ရခဲ့တဲ့ ခ်ယ္လ္ဆီး

ဘရန႔္ဖို႔ဒ္အသင္းဟာ ေတာ္ေတာ္ေလး Impressive ျဖစ္စရာကစားဟန္မ်ိဳးကို

အခုပြဲမွာလည္းခ်ျပႏိုင္ခဲ့တယ္။ ဒီအသင္းရဲ႕ကစားဟန္က ေဖ်ာ္ေျဖမႈ

ရွိခ်င္မွရွိေနလိမ့္မယ္၊ ဒါေပမဲ့ ေဘာလုံးအသင္းတစ္သင္းမွာ ရွိသင့္တဲ့

အရည္အေသြးအားလုံးပိုင္ဆိုင္ထားၿပီး စုစည္းမႈ၊ စိတ္ဓာတ္ျပင္းထန္မႈ၊

ႀကံ့ခိုင္မႈအျပင္ နည္းျပေသာမတ္စ္ဖရန႔္ခ္ရဲ႕အရည္အခ်င္းကိုလည္း ခ်ီးက်ဴးရမယ္။

ဒီပြဲကိုၾကည့္လိုက္ရတဲ့ ခ်ယ္လ္ဆီးပရိသတ္ေတြကေတာ့ ဒုတိယပိုင္း

တစ္ေလွ်ာက္လုံး ဘယ္အခ်ိန္ဂိုးျပန္ေပးလိုက္ရမလဲလို႔ ရင္တမမနဲ႔

ၾကည့္ေနရမွာျဖစ္ၿပီး ဂိုးသမားမန္ဒီရဲ႕ မယုံႏိုင္ေလာက္စရာကာကြယ္မႈနဲ႔

ဘရန႔္ဖို႔ဒ္ကစားသမားေတြရဲ႕ကန္ခ်က္ တိုင္သာမထိဘူးဆိုရင္ ပ်ားတုပ္ခံရမယ့္

အသင္းေတြထဲမွာ ခ်ယ္လ္ဆီးလည္းအပါအဝင္ျဖစ္ေနေလာက္ၿပီ။

ခ်ယ္လ္ဆီးနည္းျပတူခ်ယ္လ္ဟာ ဝါရင့္ေနာက္ခံလူသီယာဂိုေဆးလ္ဗား

မပါႏိုင္တဲ့အျပင္ ႐ူဒီဂါကလည္း ဒဏ္ရာရွိေနတာေၾကာင့္

ေပၚတိုအသင္းကေန ျပန္ေရာက္လာတဲ့ လူငယ္ေနာက္ခံလူမာလန္ဆားကို

ပြဲထုတ္ခဲ့ၿပီး ခရစၥတန္ဆင္၊ ခ်ာလိုဘာနဲ႔တြဲဖက္အသုံးျပဳခဲ့တယ္။

မာလန္ဆားရဲ႕ေျခစြမ္းမဆိုးေပမယ့္ ခ်ာလိုဘာ တည္ၿငိမ္မႈမရွိသလို

Wing Back ေတြျဖစ္တဲ့ ခ်ီဝဲလ္နဲ႔ အက္ဇ္ပီလီကြယ္တာတို႔ ခံစစ္ကို

Cover မလုပ္ႏိုင္တာေၾကာင့္ ဒုတိယပိုင္းတစ္ေလွ်ာက္လုံး ဘရန႔္ဖို႔ဒ္အသင္းက

အႀကိမ္ႀကိမ္ထိုးေဖာက္တိုက္စစ္ဆင္ႏိုင္ခဲ့တယ္။

ခ်ယ္လ္ဆီးကြင္းလယ္မွာ ေလာ့ဖ္တက္စ္ခ်ိခ္၊ ကြန္ေတနဲ႔ ကိုဗစ္ဆစ္တို႔ၾကား

ခ်ိတ္ဆက္မႈအားနည္းေနတဲ့အျပင္ ကြင္းလယ္ကို ထိန္းခ်ဳပ္ေပးမယ့္

ေဂ်ာ္ဂ်င္ဟိုမပါတာေၾကာင့္ ဟန္ခ်က္မညီသလိုျဖစ္ေနခဲ့တယ္။

ပထမပိုင္းမွာ ခ်ယ္လ္ဆီးအသင္း အိမ္ရွင္တို႔ကို ဖိအားေပးကစားႏိုင္ခဲ့ၿပီး

ပြဲၿပီးခါနီးမွာ ခ်ီဝဲလ္က ဂိုးဧရိယာနားကေန ေျမမက်ကန္ခ်က္နဲ႔

သြင္းယူၿပီးေတာ့ အဖြင့္ဂိုးရယူေပးခဲ့ပါတယ္။

ဒါေပမဲ့ ဒုတိယပိုင္းမွာေတာ့ ဘရန႔္ဖို႔ဒ္အသင္းရဲ႕စုစည္းမႈက

ခ်ယ္လ္ဆီးအသင္းထက္ အမ်ားႀကီးပိုေကာင္းခဲ့ၿပီး ကစားသမား

တစ္ေယာက္ခ်င္းစီက ကိုယ္လုပ္ရမယ့္အပိုင္းကို တာဝန္ေက်ေက်

ေဆာင္႐ြက္ႏိုင္တာေၾကာင့္ ခ်ယ္လ္ဆီးအသင္းကစားရေတာ္ေတာ္ခက္သြားခဲ့တယ္။

ဘရန႔္ဖို႔ဒ္အသင္းရဲ႕ကစားဟန္က ခ်ယ္လ္ဆီးကစားကြက္ကို ေခ်ဖ်က္ၿပီးမွ

တိုက္စစ္ပုံေဖာ္တာမ်ိဳးမဟုတ္ဘဲ ကိုယ့္အလုပ္ကို ကိုယ္အေကာင္းဆုံး

လုပ္ျပသြားတာမ်ိဳးျဖစ္ၿပီး ခ်ယ္လ္ဆီးကစားသမားေတြ ဘရန႔္ဖို႔ဒ္တိုက္စစ္ကို

ဘယ္လိုတားဆီးရမလဲဆိုတာအေျဖရွာမေတြ႕ခဲ့ဘူး။

အဲဒါေၾကာင့္ပဲ နည္းျပတူခ်ယ္တစ္ေယာက္ အရန္ခုံေပၚမွာ ေဒါသေပါက္ကြဲခဲ့ၿပီး

သူ႔ကစားသမားေတြကို ေအာ္ဟစ္ေနတဲ့အမူအယာေတြကိုလည္း ေတြ႕ခဲ့ရတယ္။

ခ်ယ္လ္ဆီးအသင္းကြင္းလယ္မွာ Energetic အျဖစ္ဆုံးလို႔သတ္မွတ္ရမယ့္

ကြန္ေတေတာင္ ဘယ္လိုကစားရမလဲမသိျဖစ္ေနၿပီး ေျပးလမ္းေၾကာင္း

လုံးဝမရွိေအာင္ ဘရန႔္ဖို႔ဒ္အသင္းက က်စ္က်စ္လစ္လစ္နဲ႔စြမ္းေဆာင္ျပႏိုင္ခဲ့တယ္။

ဒုတိယပိုင္းတစ္ပိုင္းလုံးက ဘရန႔္ဖို႔ဒ္ကစားသမားေတြနဲ႔ ဂိုးသမားမန္ဒီ

တစ္ေယာက္တည္း ရင္ဆိုင္ရသလိုျဖစ္ေနၿပီး ဂိုးေပါက္ကန္သြင္းခ်က္(၁၀)

ႀကိမ္ေက်ာ္မွာ တစ္ဂိုးမွမေပးရေအာင္ မန္ဒီ ကာကြယ္ႏိုင္ခဲ့ပါတယ္။

ဒီပြဲမွာ ဘရန႔္ဖို႔ဒ္အသင္း ရလဒ္ရႈံးခဲ့ေပမယ့္ ခ်န္ပီယံလိဂ္ခ်န္ပီယံအသင္းႀကီးကို

ေကာင္းေကာင္းပညာေပးႏိုင္ခဲ့တာကေတာ့ ေက်နပ္စရာပါပဲ။

အခုပြဲအႏိုင္ရခဲ့လို႔ ခ်ယ္လ္ဆီးအသင္းဟာ အမွတ္ေပးၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္

ပထမဆုံးအႀကိမ္အျဖစ္ လန္ဒန္ဒါဘီအေဝးကြင္း(၇)ပြဲဆက္တိုက္

အႏိုင္ရခဲ့တဲ့စံခ်ိန္ပိုင္ဆိုင္ခဲ့သလို နာရီပိုင္းအၾကာလက္လႊတ္ခဲ့ရတဲ့

အဆင့္(၁)ေနရာကို ျပန္လည္သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။