
ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ဂိုးပေါက်ကို အကောင်းဆုံး
လက်စွမ်းပြကာကွယ်နေတဲ့ ဂိုးသမားမန်ဒီကို မြင့်မားတဲ့လစာငွေပေးပြီးတော့
နှစ်ရှည်စာချုပ်ချုပ်ဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။ ဆီနီဂေါလက်ရွေးစင်ဂိုးသမားမန်ဒီဟာ
ပြီးခဲ့တဲ့နှစ်၊ နွေရာသီမှာ ရန်းစ်အသင်းကနေ ချယ်လ်ဆီးအသင်းကို
စတင်ရောက်ရှိခဲ့ချိန်ကတည်းက နံပါတ်(၁)ဂိုးသမား ကီပါကို
အရန်ခုံရောက်သွားတဲ့အထိ ပုံစံကောင်းပြသနိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်းက
မန်ဒီကို ပြန်လည်ဂုဏ်ပြုတဲ့အနေနဲ့ လစာငွေတိုးမြှင့်ပေးဖို့ဆန္ဒရှိနေတာပါ။
ချယ်လ်ဆီးနဲ့မန်ဒီတို့ရဲ့စာချုပ်သက်တမ်းဆွေးနွေးမှုက စတင်နေပြီဖြစ်ပြီး
မန်ဒီဟာ အခုလောလောဆယ် တစ်ပတ်ကို ပေါင်(၆၀,၀၀၀)သာရရှိနေသလို
အသင်းနဲ့ ၂၀၂၅ ခုနှစ်အထိစာချုပ်သက်တမ်းကျန်နေပေမယ့်
ချယ်လ်ဆီးအသင်းက တခြားအသင်းတွေအနေနဲ့ မက်မောလောက်တဲ့
လစာငွေနဲ့ မန်ဒီကို ခေါ်ယူသွားမှာစိုးတာကြောင့် ပေါင်(၁၀၀,၀၀၀)အထိ
တိုးမြှင့်ပေးပြီးတော့ စာချုပ်သက်တမ်းတိုးဖို့ပြင်ဆင်နေတယ်လို့
Football Insider ဝက်ဘ်ဆိုက်ကဖော်ပြခဲ့ပါတယ်။
မန်ဒီဟာ ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်း ချန်ပီယံလိဂ်ဆုဖလား
ဆွတ်ခူးခဲ့တဲ့နေရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ကူညီပေးခဲ့ပြီး
ဒီရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နိုင်အောင်
လက်စွမ်းပြနေတာပါ။ မန်ဒီအနေနဲ့ ပြီးခဲ့တဲ့ရာသီမှာ
အကောင်းဆုံးပုံစံပြသနိုင်ခဲ့ပေမယ့် ၂၀၂၁ Ballon d’Or ဆုအတွက်
ပဏာမစာရင်းမှာရွေးချယ်မခံခဲ့ရတဲ့အပြင် အကောင်းဆုံးဂိုးသမားဆု(Yashin Trophy)နဲ့လည်း
လွဲချော်ခဲ့ပြီး အီတလီလက်ရွေးစင်ဂိုးသမားဒွန်နာရမ်မာက ဆုရရှိခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ချယ်လ်ဆီးအသင်းနည်းတူချယ်လ်ကတော့ သူ့ဂိုးသမားရဲ့
တိုးတက်မှုကို ချီးကျူးစကားဆိုခဲ့ပြီး “မန်ဒီရဲ့အနေအထားကို
ကျွန်တော်အားရကျေနပ်မိပါတယ်။ သူက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတတ်ပြီး
ကိုယ့်ကျင့်တရားကောင်းမွန်သလို တည်ငြိမ်မှုအပြည့်ရှိသူပါ။ အသင်းကို
မန်ဒီ စရောက်ခဲ့တဲ့ ပထမဆုံးနေ့ကစလို့ အခုအချိန်အထိ
သူ့ရဲ့တိုးတက်မှုတွေက မယုံနိုင်လောင်အောင်ပါပဲ။ မန်ဒီက
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတာကြောင့် လေ့ကျင့်ခန်းအစီအစဉ်မှာတောင်
သူ့ကို ဂိုးသွင်းနိုင်ဖို့မလွယ်ပါဘူး”လို့ပြောကြားခဲ့ပါတယ်။
zawgyi
မန္ဒီကို ျမင့္မားတဲ့လစာေငြနဲ႔ႏွစ္ရွည္စာခ်ဳပ္ခ်ဳပ္ဖို႔ ခ်ယ္လ္ဆီးျပင္ဆင္
ခ်ယ္လ္ဆီးအသင္းဟာ အသင္းရဲ႕ဂိုးေပါက္ကို အေကာင္းဆုံး
လက္စြမ္းျပကာကြယ္ေနတဲ့ ဂိုးသမားမန္ဒီကို ျမင့္မားတဲ့လစာေငြေပးၿပီးေတာ့
ႏွစ္ရွည္စာခ်ဳပ္ခ်ဳပ္ဖို႔ျပင္ဆင္ေနၿပီျဖစ္ပါတယ္။ ဆီနီေဂါလက္ေ႐ြးစင္ဂိုးသမားမန္ဒီဟာ
ၿပီးခဲ့တဲ့ႏွစ္၊ ေႏြရာသီမွာ ရန္းစ္အသင္းကေန ခ်ယ္လ္ဆီးအသင္းကို
စတင္ေရာက္ရွိခဲ့ခ်ိန္ကတည္းက နံပါတ္(၁)ဂိုးသမား ကီပါကို
အရန္ခုံေရာက္သြားတဲ့အထိ ပုံစံေကာင္းျပသႏိုင္ခဲ့ၿပီး ခ်ယ္လ္ဆီးအသင္းက
မန္ဒီကို ျပန္လည္ဂုဏ္ျပဳတဲ့အေနနဲ႔ လစာေငြတိုးျမႇင့္ေပးဖို႔ဆႏၵရွိေနတာပါ။
ခ်ယ္လ္ဆီးနဲ႔မန္ဒီတို႔ရဲ႕စာခ်ဳပ္သက္တမ္းေဆြးေႏြးမႈက စတင္ေနၿပီျဖစ္ၿပီး
မန္ဒီဟာ အခုေလာေလာဆယ္ တစ္ပတ္ကို ေပါင္(၆၀,၀၀၀)သာရရွိေနသလို
အသင္းနဲ႔ ၂၀၂၅ ခုႏွစ္အထိစာခ်ဳပ္သက္တမ္းက်န္ေနေပမယ့္
ခ်ယ္လ္ဆီးအသင္းက တျခားအသင္းေတြအေနနဲ႔ မက္ေမာေလာက္တဲ့
လစာေငြနဲ႔ မန္ဒီကို ေခၚယူသြားမွာစိုးတာေၾကာင့္ ေပါင္(၁၀၀,၀၀၀)အထိ
တိုးျမႇင့္ေပးၿပီးေတာ့ စာခ်ဳပ္သက္တမ္းတိုးဖို႔ျပင္ဆင္ေနတယ္လို႔
Football Insider ဝက္ဘ္ဆိုက္ကေဖာ္ျပခဲ့ပါတယ္။
မန္ဒီဟာ ၿပီးခဲ့တဲ့ရာသီက ခ်ယ္လ္ဆီးအသင္း ခ်န္ပီယံလိဂ္ဆုဖလား
ဆြတ္ခူးခဲ့တဲ့ေနရာမွာ အဓိကအခန္းက႑ကေန ပါဝင္ကူညီေပးခဲ့ၿပီး
ဒီရာသီ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ဦးေဆာင္ႏိုင္ေအာင္
လက္စြမ္းျပေနတာပါ။ မန္ဒီအေနနဲ႔ ၿပီးခဲ့တဲ့ရာသီမွာ
အေကာင္းဆုံးပုံစံျပသႏိုင္ခဲ့ေပမယ့္ ၂၀၂၁ Ballon d’Or ဆုအတြက္
ပဏာမစာရင္းမွာေ႐ြးခ်ယ္မခံခဲ့ရတဲ့အျပင္ အေကာင္းဆုံးဂိုးသမားဆု(Yashin Trophy)နဲ႔လည္း
လြဲေခ်ာ္ခဲ့ၿပီး အီတလီလက္ေ႐ြးစင္ဂိုးသမားဒြန္နာရမ္မာက ဆုရရွိခဲ့တာျဖစ္ပါတယ္။
ဒါေပမဲ့ ခ်ယ္လ္ဆီးအသင္းနည္းတူခ်ယ္လ္ကေတာ့ သူ႔ဂိုးသမားရဲ႕
တိုးတက္မႈကို ခ်ီးက်ဴးစကားဆိုခဲ့ၿပီး “မန္ဒီရဲ႕အေနအထားကို
ကြၽန္ေတာ္အားရေက်နပ္မိပါတယ္။ သူက ကိုယ့္ကိုယ္ကိုယ္ ႏွိမ့္ခ်တတ္ၿပီး
ကိုယ့္က်င့္တရားေကာင္းမြန္သလို တည္ၿငိမ္မႈအျပည့္ရွိသူပါ။ အသင္းကို
မန္ဒီ စေရာက္ခဲ့တဲ့ ပထမဆုံးေန႔ကစလို႔ အခုအခ်ိန္အထိ
သူ႔ရဲ႕တိုးတက္မႈေတြက မယုံႏိုင္ေလာင္ေအာင္ပါပဲ။ မန္ဒီက
ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈအျပည့္ရွိတာေၾကာင့္ ေလ့က်င့္ခန္းအစီအစဥ္မွာေတာင္
သူ႔ကို ဂိုးသြင္းႏိုင္ဖို႔မလြယ္ပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။