မန်စီးတီး ပျားတုပ်ပြီ ရမှတ်လျှော့ ပြစ်ဒဏ် ကျခံရမယ့်စွဲချက်တွေနဲ့ ရင်ဆိုင်နေရ

မန်စီးတီး အသင်းဟာ ၂၀၀၉ ကနေ ၂၀၁၈ အတွင်း ဘဏ္ဍာရေးဆိုင်ရာ

စည်းမျဉ်း ချိုးဖောက်မှုတွေ အတွက် FA ရဲ့ စွဲချက်တင်မှုကို ခံခဲ့ရတယ်လို့ သိရှိရပါတယ်။

ပရီးမီးယားလိဂ်ဘက်က စုံစမ်း စစ်ဆေးမှုနဲ့အတူ လက်ရှိ ချန်ပီယံတွေကို

စွဲချက်တင်ထားတဲ့ ကိစ္စတွေအတွင်း မန်နေဂျာနဲ့ ကစားသမား လုပ်ခတွေ၊

ယူအီးအက်ဖ်အေ စည်းမျဉ်းတွေ၊ အကျိုးအမြတ်ရေးရာ ကိစ္စလို

ဝင်ငွေပိုင်းဆိုင်ရာ ငွေကြေး အချက်အလက် ချိုးဖောက်မှုတွေလည်း

ပါဝင်တယ်လို့ သိရပါတယ်။ မန်စီးတီး ရဲ့ စည်းကမ်း ချိုးဖောက်မှူ

အရေအတွက်ဟာ အချက်ပေါင်း ၁၀၀ ကျော်တယ်လို့ ကြားသိရပြီး

အမှတ်လျော့ချမှုမျိုးလို ကြီးမားတဲ့ ပြစ်ဒဏ်တွေ ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။

တကယ်လို့ မန်စီးတီးအသင်း အပြစ်ရှိကြောင်း ထင်ရှားမယ်ဆိုရင်

ရမှတ် လျော့ ပြစ်ဒဏ်ကနေ ပြိုင်ပွဲက ထုတ်ပယ်ခြင်းတွေထိ ပြင်းထန်တဲ့

အရေးယူခြင်းတွေ ရင်ဆိုင်ရနိုင်ပါတယ်။ အဲဒီကာလတွေအတွင်း

မန်စီးတီးဟာ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်နဲ့

ကာရာဘောင်းဖလား ၃ ကြိမ် အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီတုန်းကလည်း မန်စီးတီးဟာ ချန်ပီယံလိဂ်

ပြိုင်ပွဲကနေ ဖယ်ထုတ်ခံရမယ့် ယူအီးအက်ဖ်အေရဲ့ စုံစမ်းစစ်ဆေးခြင်း

ခံခဲ့ရပါတယ်။ ဒါပေမယ့်လို့ ပြင်းထန်တဲ့ အရေးယူမှုတွေအစား

ဒဏ်ကြေးငွေ ပေးဆောင်ခြင်းနဲ့တင် ပြီးပြတ်ခဲ့တာပါ။

zawgyi

မန္စီးတီး ပ်ားတုပ္ၿပီ ရမွတ္ေလွ်ာ့ ျပစ္ဒဏ္ က်ခံရမယ့္စြဲခ်က္ေတြနဲ႔ ရင္ဆိုင္ေနရ

မန္စီးတီး အသင္းဟာ ၂၀၀၉ ကေန ၂၀၁၈ အတြင္း ဘ႑ာေရးဆိုင္ရာ

စည္းမ်ဥ္း ခ်ိဳးေဖာက္မႈေတြ အတြက္ FA ရဲ႕ စြဲခ်က္တင္မႈကို ခံခဲ့ရတယ္လို႔ သိရွိရပါတယ္။

ပရီးမီးယားလိဂ္ဘက္က စုံစမ္း စစ္ေဆးမႈနဲ႔အတူ လက္ရွိ ခ်န္ပီယံေတြကို

စြဲခ်က္တင္ထားတဲ့ ကိစၥေတြအတြင္း မန္ေနဂ်ာနဲ႔ ကစားသမား လုပ္ခေတြ၊

ယူအီးအက္ဖ္ေအ စည္းမ်ဥ္းေတြ၊ အက်ိဳးအျမတ္ေရးရာ ကိစၥလို

ဝင္ေငြပိုင္းဆိုင္ရာ ေငြေၾကး အခ်က္အလက္ ခ်ိဳးေဖာက္မႈေတြလည္း

ပါဝင္တယ္လို႔ သိရပါတယ္။ မန္စီးတီး ရဲ႕ စည္းကမ္း ခ်ိဳးေဖာက္မႉ

အေရအတြက္ဟာ အခ်က္ေပါင္း ၁၀၀ ေက်ာ္တယ္လို႔ ၾကားသိရၿပီး

အမွတ္ေလ်ာ့ခ်မႈမ်ိဳးလို ႀကီးမားတဲ့ ျပစ္ဒဏ္ေတြ ခ်မွတ္ခံရႏိုင္တယ္လို႔ သိရပါတယ္။

တကယ္လို႔ မန္စီးတီးအသင္း အျပစ္ရွိေၾကာင္း ထင္ရွားမယ္ဆိုရင္

ရမွတ္ ေလ်ာ့ ျပစ္ဒဏ္ကေန ၿပိဳင္ပြဲက ထုတ္ပယ္ျခင္းေတြထိ ျပင္းထန္တဲ့

အေရးယူျခင္းေတြ ရင္ဆိုင္ရႏိုင္ပါတယ္။ အဲဒီကာလေတြအတြင္း

မန္စီးတီးဟာ ပရီးမီးယားလိဂ္ဖလား ၃ ႀကိမ္၊ အက္ဖ္ေအဖလား ၁ ႀကိမ္နဲ႔

ကာရာေဘာင္းဖလား ၃ ႀကိမ္ အႏိုင္ရထားခဲ့တာ ျဖစ္ပါတယ္။

၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီတုန္းကလည္း မန္စီးတီးဟာ ခ်န္ပီယံလိဂ္

ၿပိဳင္ပြဲကေန ဖယ္ထုတ္ခံရမယ့္ ယူအီးအက္ဖ္ေအရဲ႕ စုံစမ္းစစ္ေဆးျခင္း

ခံခဲ့ရပါတယ္။ ဒါေပမယ့္လို႔ ျပင္းထန္တဲ့ အေရးယူမႈေတြအစား

ဒဏ္ေၾကးေငြ ေပးေဆာင္ျခင္းနဲ႔တင္ ၿပီးျပတ္ခဲ့တာပါ။