
ပရီးမီးယားလိဂ်မှာ ဂိုးပြတ်ရလဒ်တွေနဲ့နိုင်ပွဲဆက်နေတဲ့
လက်ရှိချန်ပီယံမန်စီးတီးအသင်းဟာ တားဆီးလို့မရတော့တဲ့အသင်းတစ်သင်းဖြစ်နေပြီး
ပွဲစဉ်(၁၉)ပွဲအပြီးမှာ အဆင့်(၂)နေရာက လီဗာပူးလ်အသင်းထက်
တစ်ပွဲပို၊(၆)မှတ်အကွာနဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။
စပိန်နာမည်ကျော်နည်းပြကြီးဂွါဒီယိုလာရဲ့လက်ထက်တစ်လျှောက်
မန်စီးတီးအသင်းဟာ ခရစ္စမတ်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား
အဆင့်(၁)နေရာရပ်တည်နိုင်တဲ့အကြိမ်တိုင်း ရာသီကုန်ကျရင်
ချန်ပီယံဖလားရယူနိုင်လေ့ရှိတာကြောင့် ဒီတစ်ကြိမ်မှာလည်း
အဲဒီကံကြမ္မာကောင်းက ဆက်လက်ရပ်တည်နိုင်ဖို့ရှိနေပါတယ်။
အခုအချိန်မှာလည်း မန်စီးတီးအသင်းကို ရပ်တန့်နိုင်မယ့်အသင်းက
သိပ်မရှိတော့ဘဲ အနီးစပ်ဆုံးအဖြစ် လီဗာပူးလ်၊ ချယ်လ်ဆီးတို့လောက်သာရှိပြီး
ပရီးမီးယားလိဂ်နောက်ဆုံးပွဲမှာ လက်စတာကို (၆-၃)ဂိုးနဲ့အနိုင်ရခဲ့တာအပါအဝင်
ပရီးမီးယားလိဂ်နောက်ဆုံး(၃)ပွဲမှာ (၁၇)ဂိုးအထိသွင်းယူခဲ့တဲ့အသင်းကို
တခြားကလပ်တွေက ဒုက္ခပေးဖို့က တော်တော်ခက်ပါတယ်။
အခု ဗြိတိန်ဘွတ်ကီဒိုင်တွေ စိတ်ဝင်တစားနဲ့လောင်းကြေးဖွင့်နေတာက
လီဗာပူးလ်နဲ့ပူးတွဲစံချိန်တင်ထားတဲ့ ပရီးမီးယားလိဂ်တစ်ရာသီအတွင်း
နိုင်ပွဲဆက်စံချိန်ကို မန်စီးတီး ဒီရာသီမှာ ချိုးဖျက်ပြနိုင်မလားဆိုတာပါပဲ။
မန်စီးတီးအသင်းက ၂၀၁၇၊ သြဂုတ် ၂၆ ကနေ ဒီဇင်ဘာ ၂၇ အထိ
ပရီးမီးယားလိဂ်(၁၈)ပွဲဆက်အနိုင်ရခဲ့သလို လီဗာပူးလ်အသင်းကလည်း
၂၀၁၉၊ အောက်တိုဘာ ၂၇ ရက်ကနေ ၂၀၂၀၊ ဖေဖော်ဝါရီ ၂၄ ရက်အထိ
(၁၈)ပွဲဆက်အနိုင်ရခဲ့တာပါ။
အခုလောလောဆယ် မန်စီးတီးအသင်းက ပရီးမီးယားလိဂ်(၉)ပွဲဆက်တိုက်
အနိုင်ရထားပြီး နောက်ထပ်(၁၀)ပွဲဆက်တိုက်အနိုင်ရဖို့လိုအပ်နေပေမယ့်
လာမယ့်ပွဲတွေထဲမှာ အာဆင်နယ်၊ ချယ်လ်ဆီးတို့လိုအသင်းတွေနဲ့
ဆုံတွေ့ရမယ့်ပွဲတွေပါဝင်နေပါတယ်။ ဗြိတိန်ဘွတ်ကီဒိုင်တွေကတော့
မန်စီးတီးအသင်း စံချိန်သစ်တင်နိုင်မယ်ဆိုတာကို ၁၄လေး/၁လေးနဲ့
ကြေးဖွင့်လိုက်ပြီဖြစ်တာကြောင့် မန်စီးတီးအသင်း စံချိန်သစ်တင်နိုင်မလား၊
အရင်စံချိန်နဲ့ကျေနပ်ရမလားဆိုတာကတော့ . . .
zawgyi
မန္စီးတီးအသင္း စံခ်ိန္သစ္တင္ႏိုင္မယ္ဆိုတာကို ၁၄ေလး/၁ေလးနဲ႔ ေၾကးဖြင့္လိုက္တဲ့ ၿဗိတိန္ဘြတ္ကီဒိုင္ေတြ
ပရီးမီးယားလိဂ္မွာ ဂိုးျပတ္ရလဒ္ေတြနဲ႔ႏိုင္ပြဲဆက္ေနတဲ့
လက္ရွိခ်န္ပီယံမန္စီးတီးအသင္းဟာ တားဆီးလို႔မရေတာ့တဲ့အသင္းတစ္သင္းျဖစ္ေနၿပီး
ပြဲစဥ္(၁၉)ပြဲအၿပီးမွာ အဆင့္(၂)ေနရာက လီဗာပူးလ္အသင္းထက္
တစ္ပြဲပို၊(၆)မွတ္အကြာနဲ႔ အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ေနပါတယ္။
စပိန္နာမည္ေက်ာ္နည္းျပႀကီးဂြါဒီယိုလာရဲ႕လက္ထက္တစ္ေလွ်ာက္
မန္စီးတီးအသင္းဟာ ခရစၥမတ္မွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယား
အဆင့္(၁)ေနရာရပ္တည္ႏိုင္တဲ့အႀကိမ္တိုင္း ရာသီကုန္က်ရင္
ခ်န္ပီယံဖလားရယူႏိုင္ေလ့ရွိတာေၾကာင့္ ဒီတစ္ႀကိမ္မွာလည္း
အဲဒီကံၾကမၼာေကာင္းက ဆက္လက္ရပ္တည္ႏိုင္ဖို႔ရွိေနပါတယ္။
အခုအခ်ိန္မွာလည္း မန္စီးတီးအသင္းကို ရပ္တန႔္ႏိုင္မယ့္အသင္းက
သိပ္မရွိေတာ့ဘဲ အနီးစပ္ဆုံးအျဖစ္ လီဗာပူးလ္၊ ခ်ယ္လ္ဆီးတို႔ေလာက္သာရွိၿပီး
ပရီးမီးယားလိဂ္ေနာက္ဆုံးပြဲမွာ လက္စတာကို (၆-၃)ဂိုးနဲ႔အႏိုင္ရခဲ့တာအပါအဝင္
ပရီးမီးယားလိဂ္ေနာက္ဆုံး(၃)ပြဲမွာ (၁၇)ဂိုးအထိသြင္းယူခဲ့တဲ့အသင္းကို
တျခားကလပ္ေတြက ဒုကၡေပးဖို႔က ေတာ္ေတာ္ခက္ပါတယ္။
အခု ၿဗိတိန္ဘြတ္ကီဒိုင္ေတြ စိတ္ဝင္တစားနဲ႔ေလာင္းေၾကးဖြင့္ေနတာက
လီဗာပူးလ္နဲ႔ပူးတြဲစံခ်ိန္တင္ထားတဲ့ ပရီးမီးယားလိဂ္တစ္ရာသီအတြင္း
ႏိုင္ပြဲဆက္စံခ်ိန္ကို မန္စီးတီး ဒီရာသီမွာ ခ်ိဳးဖ်က္ျပႏိုင္မလားဆိုတာပါပဲ။
မန္စီးတီးအသင္းက ၂၀၁၇၊ ၾသဂုတ္ ၂၆ ကေန ဒီဇင္ဘာ ၂၇ အထိ
ပရီးမီးယားလိဂ္(၁၈)ပြဲဆက္အႏိုင္ရခဲ့သလို လီဗာပူးလ္အသင္းကလည္း
၂၀၁၉၊ ေအာက္တိုဘာ ၂၇ ရက္ကေန ၂၀၂၀၊ ေဖေဖာ္ဝါရီ ၂၄ ရက္အထိ
(၁၈)ပြဲဆက္အႏိုင္ရခဲ့တာပါ။
အခုေလာေလာဆယ္ မန္စီးတီးအသင္းက ပရီးမီးယားလိဂ္(၉)ပြဲဆက္တိုက္
အႏိုင္ရထားၿပီး ေနာက္ထပ္(၁၀)ပြဲဆက္တိုက္အႏိုင္ရဖို႔လိုအပ္ေနေပမယ့္
လာမယ့္ပြဲေတြထဲမွာ အာဆင္နယ္၊ ခ်ယ္လ္ဆီးတို႔လိုအသင္းေတြနဲ႔
ဆုံေတြ႕ရမယ့္ပြဲေတြပါဝင္ေနပါတယ္။ ၿဗိတိန္ဘြတ္ကီဒိုင္ေတြကေတာ့
မန္စီးတီးအသင္း စံခ်ိန္သစ္တင္ႏိုင္မယ္ဆိုတာကို ၁၄ေလး/၁ေလးနဲ႔
ေၾကးဖြင့္လိုက္ၿပီျဖစ္တာေၾကာင့္ မန္စီးတီးအသင္း စံခ်ိန္သစ္တင္ႏိုင္မလား၊
အရင္စံခ်ိန္နဲ႔ေက်နပ္ရမလားဆိုတာကေတာ့ . . .