
မန်စီးတီးအသင်းဟာ အသင်းရဲ့အင်္ဂလန်လူငယ်တိုက်စစ်ကစားသမား
ဖိုဒန်ကို နိုင်ငံတကာပွဲတွေပြီးလို့ ကလပ်အသင်းဆီပြန်ရောက်လာချိန်မှာ
စာချုပ်သက်တမ်းတိုးဖို့အတွက် စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
အသက်(၂၁)နှစ်အရွယ်သာရှိသေးတဲ့ ဖိုဒန်ဟာ မန်စီးတီးစီနီယာအသင်းအတွက်
ပွဲဦးထွက်ခွင့်ရခဲ့တဲ့ ၂၀၁၇-၁၈ရာသီကစလို့ အခုအချိန်အထိ အကောင်းဆုံးခြေစွမ်း
ပြသနေသူဖြစ်ပြီး အသင်းရဲ့ဘယ်ခြမ်းတိုက်စစ်မှာ စတာလင်ကို အရန်ခုံပေါ်
ရောက်သွားတဲ့အိထခြေစွမ်းပြကစားနိုင်ခဲ့သူပါ။ ဒါ့အပြင် ပြီးခဲ့တဲ့ယူရို-၂၀၂ဝ
ပြိုင်ပွဲမှာလည်း အင်္ဂလန်အသင်းနဲ့အတူဗိုလ်လုပွဲတက်ရောက်ခဲ့တာကြောင့်
ဖိုဒန်ဟာ ဒီနှစ် Ballon d’Or ဆုအတွက် ပဏာမ(၃၀)စာရင်းမှာ
ရွေးချယ်ခံခဲ့ရတဲ့အထိ အောင်မြင်မှုရခဲ့ပြီး မန်စီးတီးအသင်းက သူတို့ရဲ့
လူငယ်ကြယ်ပွင့်ကို လက်မလွှတ်ရစေဖို့အတွက် စာချုပ်သက်တမ်းတိုးဖို့
စီစဉ်နေတာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ၂၀၁၈၊ ဒီဇင်ဘာလတုန်းက
ဖိုဒန်ကို ၂၀၂၄ ခုနှစ်အထိနှစ်ရှည်စာချုပ်ချုပ်ဆိုခဲ့ပေမယ့် ဖိုဒန်ရဲ့ကြိုးစား
အားထုတ်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ နောက်ထပ်နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုဖို့
ပြင်ဆင်နေတာဖြစ်ပြီး ဖိုဒန်ကလည်း အသင်းမှာပဲဆက်ကစားဖို့ဆန္ဒရှိနေပါတယ်။
ဖိုဒန်ဟာ မန်စီးတီးအသင်းမှာ တစ်ပတ်ပေါင်(၃၀,၀၀၀)သာရရှိနေပေမယ့်
ခြေစွမ်းပြနိုင်ရင်ပြနိုင်သလောက် လစာတိုးမြှင့်ပေးသွားမယ်ဆိုတဲ့အချက်လည်း
စာချုပ်ထဲမှာပါဝင်ခဲ့သလို အခုစာချုပ်သစ်အရ မြင့်မားတဲ့လစာငွေရဖို့ရှိနေပါပြီ။
ဂွါဒီယိုလာက ဖိုဒန်ရဲ့ခြေစွမ်းကို အကြီးအကျယ်နှစ်သက်သဘောကျနေပြီး
ယူရိုသန်း(၅၀၀)အထိရရင်တောင် ဖိုဒန်ကိုမရောင်ဘူးလို့ဖွင့်ဟပြောဆိုခဲ့ဖူးပါတယ်။
မန်စီးတီးအသင်းဟာ ဒီရာသီမှာ ရူဘင်ဒီယက်စ်၊ ဂျွန်စတုန်းစ်၊ အီဒါဆင်တို့ကို
စာချုပ်သက်တမ်းတိုးခဲ့ပြီးဖြစ်သလို မကြာခင်မှာတော့ ဖိုဒန်အလှည့်ရောက်
လာတော့မှာဖြစ်ပါတယ်။ မန်စီးတီးအသင်းအတွက် ပွဲပေါင်း(၁၃၀)ကစား၊
(၃၃)ဂိုးသွင်းယူထားသူ ဖိုဒန်ဟာ အသက်(၂၀)နှစ်ကျော်မှာပဲ ပရီးမီးယားလိဂ်
ချန်ပီယံ(၃)ကြိမ်၊ FA ဖလား(၁)ကြိမ်၊ လိဂ်ဖလား(၄)ကြိမ်၊ ကွန်မြူနတီဒိုင်း(၂)
ကြိမ်ရရှိခဲ့ပြီး ပြီးခဲ့တဲ့ရာသီက အသင်းနဲ့အတူ သမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်
ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပေမယ့် ချယ်လ်ဆီးအသင်းကို
ရှုံးနိမ့်ခဲ့လို့သာ ဒုတိယနေရာနဲ့ကျေနပ်ခဲ့ရတာပါ။
zawgyi
မန္စီးတီးအသင္းဟာ ဖိုဒန္ကို ႏိုင္ငံတကာပြဲေတြၿပီးလို႔ ျပန္ေရာက္လာခ်ိန္မွာ စာခ်ဳပ္သက္တမ္းတိုးဖို႔အတြက္ စီစဥ္ေဆာင္႐ြက္သြားမွာျဖစ္
မန္စီးတီးအသင္းဟာ အသင္းရဲ႕အဂၤလန္လူငယ္တိုက္စစ္ကစားသမား
ဖိုဒန္ကို ႏိုင္ငံတကာပြဲေတြၿပီးလို႔ ကလပ္အသင္းဆီျပန္ေရာက္လာခ်ိန္မွာ
စာခ်ဳပ္သက္တမ္းတိုးဖို႔အတြက္ စီစဥ္ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။
အသက္(၂၁)ႏွစ္အ႐ြယ္သာရွိေသးတဲ့ ဖိုဒန္ဟာ မန္စီးတီးစီနီယာအသင္းအတြက္
ပြဲဦးထြက္ခြင့္ရခဲ့တဲ့ ၂၀၁၇-၁၈ရာသီကစလို႔ အခုအခ်ိန္အထိ အေကာင္းဆုံးေျခစြမ္
းျပသေနသူျဖစ္ၿပီး အသင္းရဲ႕ဘယ္ျခမ္းတိုက္စစ္မွာ စတာလင္ကို အရန္ခုံေပၚ
ေရာက္သြားတဲ့အိထေျခစြမ္းျပကစားႏိုင္ခဲ့သူပါ။ ဒါ့အျပင္ ၿပီးခဲ့တဲ့ယူ႐ို-၂၀၂ဝ
ၿပိဳင္ပြဲမွာလည္း အဂၤလန္အသင္းနဲ႔အတူဗိုလ္လုပြဲတက္ေရာက္ခဲ့တာေၾကာင့္
ဖိုဒန္ဟာ ဒီႏွစ္ Ballon d’Or ဆုအတြက္ ပဏာမ(၃၀)စာရင္းမွာ
ေ႐ြးခ်ယ္ခံခဲ့ရတဲ့အထိ ေအာင္ျမင္မႈရခဲ့ၿပီး မန္စီးတီးအသင္းက သူတို႔ရဲ႕
လူငယ္ၾကယ္ပြင့္ကို လက္မလႊတ္ရေစဖို႔အတြက္ စာခ်ဳပ္သက္တမ္းတိုးဖို႔
စီစဥ္ေနတာျဖစ္ပါတယ္။ မန္စီးတီးအသင္းဟာ ၂၀၁၈၊ ဒီဇင္ဘာလတုန္းက
ဖိုဒန္ကို ၂၀၂၄ ခုႏွစ္အထိႏွစ္ရွည္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ေပမယ့္ ဖိုဒန္ရဲ႕ႀကိဳးစား
အားထုတ္မႈကို ဂုဏ္ျပဳတဲ့အေနနဲ႔ ေနာက္ထပ္ႏွစ္ရွည္စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔
ျပင္ဆင္ေနတာျဖစ္ၿပီး ဖိုဒန္ကလည္း အသင္းမွာပဲဆက္ကစားဖို႔ဆႏၵရွိေနပါတယ္။
ဖိုဒန္ဟာ မန္စီးတီးအသင္းမွာ တစ္ပတ္ေပါင္(၃၀,၀၀၀)သာရရွိေနေပမယ့္
ေျခစြမ္းျပႏိုင္ရင္ျပႏိုင္သေလာက္ လစာတိုးျမႇင့္ေပးသြားမယ္ဆိုတဲ့အခ်က္လည္း
စာခ်ဳပ္ထဲမွာပါဝင္ခဲ့သလို အခုစာခ်ဳပ္သစ္အရ ျမင့္မားတဲ့လစာေငြရဖို႔ရွိေနပါၿပီ။
ဂြါဒီယိုလာက ဖိုဒန္ရဲ႕ေျခစြမ္းကို အႀကီးအက်ယ္ႏွစ္သက္သေဘာက်ေနၿပီး
ယူ႐ိုသန္း(၅၀၀)အထိရရင္ေတာင္ ဖိုဒန္ကိုမေရာင္ဘူးလို႔ဖြင့္ဟေျပာဆိုခဲ့ဖူးပါတယ္။
မန္စီးတီးအသင္းဟာ ဒီရာသီမွာ ႐ူဘင္ဒီယက္စ္၊ ဂြၽန္စတုန္းစ္၊ အီဒါဆင္တို႔ကို
စာခ်ဳပ္သက္တမ္းတိုးခဲ့ၿပီးျဖစ္သလို မၾကာခင္မွာေတာ့ ဖိုဒန္အလွည့္ေရာက္
လာေတာ့မွာျဖစ္ပါတယ္။ မန္စီးတီးအသင္းအတြက္ ပြဲေပါင္း(၁၃၀)ကစား၊
(၃၃)ဂိုးသြင္းယူထားသူ ဖိုဒန္ဟာ အသက္(၂၀)ႏွစ္ေက်ာ္မွာပဲ ပရီးမီးယားလိဂ္
ခ်န္ပီယံ(၃)ႀကိမ္၊ FA ဖလား(၁)ႀကိမ္၊ လိဂ္ဖလား(၄)ႀကိမ္၊ ကြန္ျမဴနတီဒိုင္း(၂)
ႀကိမ္ရရွိခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီက အသင္းနဲ႔အတူ သမိုင္းတစ္ေလွ်ာက္ပထမဆုံးအႀကိမ္
ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတက္ေရာက္ႏိုင္ခဲ့ေပမယ့္ ခ်ယ္လ္ဆီးအသင္းကို
ရႈံးနိမ့္ခဲ့လို႔သာ ဒုတိယေနရာနဲ႔ေက်နပ္ခဲ့ရတာပါ။