မန်စီးတီးအသင်းက သူတို့မြို့ခံပြိုင်ဘက် အသင်းထက် ပေါင်(၇၃)သန်းပိုများခဲ့ပြီး သမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်ဖြစ်ခဲ့

၂၀၂၀-၂၁ ရာသီအတွက် ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ ဝင်ငွေရရှိမှုစာရင်းမှာ

ပရီးမီးယားလိဂ်လက်ရှိချန်ပီယံမန်စီးတီးအသင်းက သူတို့မြို့ခံပြိုင်ဘက်

မန်ချက်စတာယူနိုက်တက်အသင်းထက် ပေါင်(၇၃)သန်းပိုများခဲ့ပြီး

ဒါက ဒီနှစ်သင်းသမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀-၂၁ ရာသီက ဂွါဒီယိုလာဟာ မန်စီးတီးအသင်းကို (၄)နှစ်အတွင်း

တတိယအကြိမ်မြောက်ပရီးမီးယားလိဂ်ချန်ပီယံဆုရယူပေးခဲ့ပြီး

ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုလည်း ပို့ဆောင်ပေးခဲ့ပါတယ်။

အဲဒါကြောင့်ပဲ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းရဲ့ဝင်ငွေက

ပေါင်(၅၃၇)သန်းရှိခဲ့သလို ၂၀၁၉-၂၀ ရာသီကထက် (၁၇%)မြင့်တက်လာတဲ့အတွက်

မြို့ခံပြိုင်ဘက်အသင်းကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကတော့ ရုပ်သံဝင်ငွေ၊ ကွင်းဝင်ကြေး၊

တခြားစီးပွားရေးကဏ္ဍတွေကနေ ရရှိတဲ့ဝင်ငွေ အားလုံးပေါင်းရင်

ပေါင်(၄၆၄)သန်းရှိခဲ့ပေမယ့် မန်စီးတီးအသင်းကို လိုက်မမီခဲ့ဘဲ

ပေါင်(၇၃)သန်းအထိကွဟနေတာပါ။ အခုစာရင်းကို KPMG အဖွဲ့က

အချက်အလက်ပြုစုခဲ့တာဖြစ်ပြီး ကိုဗစ်ကြောင့်

ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ ဘဏ္ဍာရေးအခြေအနေအပေါ်

ကြီးမားတဲ့ရိုက်ခတ်မှုရှိခဲ့သလို အသင်းအများစုရဲ့

ဝင်ငွေရရှိမှုလည်း ကျဆင်းခဲ့ရပါတယ်။

ဒါပေမဲ့ မန်စီးတီးကတော့ အရှိန်မပြတ်မောင်းနှင်နေဆဲဖြစ်ပြီး

ဒီရာသီပရီးမီးယားလိဂ်ချန်ပီယံဆု ဆက်လက်ဆွတ်ခူးနိုင်ဖို့

အခြေအနေကောင်းနေပြီဖြစ်သလို အဓိကပစ်မှတ်ဖြစ်တဲ့

ချန်ပီယံလိဂ်ဖလားရယူနိုင်ဖို့ကြိုးစားရမှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကတော့ ၂၀၁၇ နောက်ပိုင်းကတည်းက

ဖလားလက်မဲ့ဖြစ်နေတဲ့အပြင် ဒီရာသီမှာလည်း

ရလဒ်တွေမတည်မငြိမ်ဖြစ်နေတာကြောင့် နည်းပြအပြောင်းအလဲဖြစ်ခဲ့ရပြီး

နောက်ထပ်ဖလားလက်မဲ့ရာသီနဲ့ ဆက်လက်ရင်ဆိုင်ရဖို့ရှိနေပါပြီ။

zawgyi

မန္စီးတီးအသင္းက သူတို႔ၿမိဳ႕ခံၿပိဳင္ဘက္ အသင္းထက္ ေပါင္(၇၃)သန္းပိုမ်ားခဲ့ၿပီး သမိုင္းတစ္ေလွ်ာက္ပထမဆုံးအႀကိမ္ျဖစ္ခဲ့

၂၀၂၀-၂၁ ရာသီအတြက္ ပရီးမီးယားလိဂ္ကလပ္အသင္းေတြရဲ႕ ဝင္ေငြရရွိမႈစာရင္းမွာ

ပရီးမီးယားလိဂ္လက္ရွိခ်န္ပီယံမန္စီးတီးအသင္းက သူတို႔ၿမိဳ႕ခံၿပိဳင္ဘက္

မန္ခ်က္စတာယူႏိုက္တက္အသင္းထက္ ေပါင္(၇၃)သန္းပိုမ်ားခဲ့ၿပီး

ဒါက ဒီႏွစ္သင္းသမိုင္းတစ္ေလွ်ာက္ပထမဆုံးအႀကိမ္ျဖစ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၂၀-၂၁ ရာသီက ဂြါဒီယိုလာဟာ မန္စီးတီးအသင္းကို (၄)ႏွစ္အတြင္း

တတိယအႀကိမ္ေျမာက္ပရီးမီးယားလိဂ္ခ်န္ပီယံဆုရယူေပးခဲ့ၿပီး

ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကိုလည္း ပို႔ေဆာင္ေပးခဲ့ပါတယ္။

အဲဒါေၾကာင့္ပဲ ၿပီးခဲ့တဲ့ရာသီက မန္စီးတီးအသင္းရဲ႕ဝင္ေငြက

ေပါင္(၅၃၇)သန္းရွိခဲ့သလို ၂၀၁၉-၂၀ ရာသီကထက္ (၁၇%)ျမင့္တက္လာတဲ့အတြက္

ၿမိဳ႕ခံၿပိဳင္ဘက္အသင္းကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းကေတာ့ ႐ုပ္သံဝင္ေငြ၊ ကြင္းဝင္ေၾကး၊

တျခားစီးပြားေရးက႑ေတြကေန ရရွိတဲ့ဝင္ေငြ အားလုံးေပါင္းရင္

ေပါင္(၄၆၄)သန္းရွိခဲ့ေပမယ့္ မန္စီးတီးအသင္းကို လိုက္မမီခဲ့ဘဲ

ေပါင္(၇၃)သန္းအထိကြဟေနတာပါ။ အခုစာရင္းကို KPMG အဖြဲ႕က

အခ်က္အလက္ျပဳစုခဲ့တာျဖစ္ၿပီး ကိုဗစ္ေၾကာင့္

ပရီးမီးယားလိဂ္ကလပ္အသင္းေတြရဲ႕ ဘ႑ာေရးအေျခအေနအေပၚ

ႀကီးမားတဲ့႐ိုက္ခတ္မႈရွိခဲ့သလို အသင္းအမ်ားစုရဲ႕

ဝင္ေငြရရွိမႈလည္း က်ဆင္းခဲ့ရပါတယ္။

ဒါေပမဲ့ မန္စီးတီးကေတာ့ အရွိန္မျပတ္ေမာင္းႏွင္ေနဆဲျဖစ္ၿပီး

ဒီရာသီပရီးမီးယားလိဂ္ခ်န္ပီယံဆု ဆက္လက္ဆြတ္ခူးႏိုင္ဖို႔

အေျခအေနေကာင္းေနၿပီျဖစ္သလို အဓိကပစ္မွတ္ျဖစ္တဲ့

ခ်န္ပီယံလိဂ္ဖလားရယူႏိုင္ဖို႔ႀကိဳးစားရမွာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းကေတာ့ ၂၀၁၇ ေနာက္ပိုင္းကတည္းက

ဖလားလက္မဲ့ျဖစ္ေနတဲ့အျပင္ ဒီရာသီမွာလည္း

ရလဒ္ေတြမတည္မၿငိမ္ျဖစ္ေနတာေၾကာင့္ နည္းျပအေျပာင္းအလဲျဖစ္ခဲ့ရၿပီး

ေနာက္ထပ္ဖလားလက္မဲ့ရာသီနဲ႔ ဆက္လက္ရင္ဆိုင္ရဖို႔ရွိေနပါၿပီ။