မန်စီးတီးလည်း လူပဲ၊ ဒါကြောင့် သူတို့ အမှားလုပ်မိကြတာလို့ ပြောခဲ့တဲ့ အိုင်ဗန်တိုနေး

မန်စီးတီးကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် အဓိက လှုံ့ဆော်မှု ပေးခဲ့တာက ပရိသတ်တွေဖြစ်ပြီး မန်စီးတီးအသင်း အမှားတွေ လုပ်ခဲ့မိလို့ အခုလိုမျိုး နိုင်ပွဲရခဲ့တာဖြစ်တယ်လို့

ဘရန်ဖို့ဒ်တိုက်စစ်မှူး အိုင် ဗန်တိုနေးက ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။ အီတီဟတ်မှာ ကစားခဲ့တဲ့ စနေ ည အစောပိုင်း ပွဲစဉ်မှာ မန်စီးတီးဟာ ဧည့်သည်အသင်းကို တစ်ဖက်သတ် ဖိကစားနိုင်ခဲ့ပေမဲ့

အိမ်ရှင်အသင်းကို နေရာလွတ်မရှိအောင် ကစားသွားခဲ့တဲ့ ဘရန်ဖို့ဒ်ကြောင့် အခက်ကြုံခဲ့ရတယ်။ ဘောလုံးပိုင်ဆိုင်မှု အားသာချက်ကို အသုံးချပြီး ဂိုးရအောင် တိုက်စစ်ဆင်နေခဲ့တဲ့

မန်စီးတီးကြောင့် ဘရန်ဖို့ဒ်ဟာ အိမ်ရှင်ရဲ့ လောင်းရိပ်အောက်ကို ရောက်နေပေမဲ့ အခွင့်အရေးကို စောင့်ပြီး ကစားခဲ့တဲ့ ဗျူဟာကတော့ အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။

ဒါကြောင့် ပွဲချိန် ၁၆ မိနစ်မှာ မန်စီးတီးဟာ တိုနေးရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရပြီး ပထမပိုင်း ပြီးခါ နီးမှာတော့ ဖိုဒန်ရဲ့ မြေမကျ ကန်ချက်နဲ့ ပြန်လည်ချေပနိုင်ခဲ့လို့ တစ်ဂိုးစီ

သရေကျနေခဲ့တာပါ။ အဲဒီနောက် ဒုတိယပိုင်းမှာ မန်စီးတီးနောက်ခံလူ လာပေါ့တ် ဦးခေါင်းထိခိုက်ဒဏ်ရာ ရသွားတာကြောင့် ပွဲကို ခဏတာ ရပ်နား ခဲ့ရလို့ နာကျင်အချိန်ပို ၁၀ မိနစ်အထိ ပေးခဲ့ပါတယ်။

ဒါကြောင့် ပွဲပြီးခါနီးမှာ အနိုင်ဂိုးရလိုစိတ် ပြင်းပြနေတဲ့ မန်စီးတီး အသင်းသားတွေဟာ ကွင်းတစ်ဝက် အထိကို ဖိပြီး ကစားခဲ့တာကြောင့် တန်ပြန်တိုက်စစ်ကတစ်ဆင့် ဘရန်ဖို့ဒ် အသင်း

အခွင့်အရေး ရသွားခဲ့ပြီး ဒါဆေးလ်ဗားရဲ့ ဖန်တီးပေးမှုကတစ်ဆင့် တို နေးက ဂိုးသွင်းနိုင်ခဲ့လို့ ဧည့်သည်တို့ အနိုင်ရသွားခဲ့တာပါ။ ဒါကြောင့် သူတို့ အသင်းဟာ မန်စီးတီးရဲ့ အမှားကို

အသုံးချနိုင်ခဲ့တယ်လို့ တိုနေးက ဆိုပါ တယ်။ ‘’ကျွန်တော်တို့ လုပ်နိုင်တယ်ဆိုတာ သိပါတယ်။ လှုံ့ဆော်မှုပေးတာက တော့ အဝတ်လဲခန်းထဲက ကစားသမားတွေနဲ့ ပရိသတ်တွေပေါ့ဗျာ။

ကျွန် တော်တို့ အပတ်စဉ်တိုင်း လေ့ကျင့်ကွင်းမှာ ကြိုးစားခဲ့ကြတာတွေက ကျွန် တော်တို့ အခုလိုမျိုး လုပ်ပြနိုင်တယ်ဆိုတာကို ပြသနေတာပါ။ မန်စီးတီး အနိုင် ယူသွားလို့ ရပါတယ်။

ဒါပေမဲ့ သူတို့လည်း လူတွေပဲလေ။ လူတွေဆိုတာ အမှားလုပ်မိကြတယ်ဗျ’’ လို့ တိုနေးက ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

မန္စီးတီးလည္း လူပဲ၊ ဒါေၾကာင့္ သူတို႔ အမွားလုပ္မိၾကတာလို႔ ေျပာခဲ့တဲ့ အိုင္ဗန္တိုေနး

မန္စီးတီးကို ၂-၁ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ အသင္းအတြက္ အဓိက လႈံ႕ေဆာ္မႈ ေပးခဲ့တာက ပရိသတ္ေတြျဖစ္ၿပီး မန္စီးတီးအသင္း အမွားေတြ လုပ္ခဲ့မိလို႔

အခုလိုမ်ိဳး ႏိုင္ပြဲရခဲ့တာျဖစ္တယ္လို႔ ဘရန္ဖို႔ဒ္တိုက္စစ္မႉး အိုင္ ဗန္တိုေနးက ပြဲအၿပီးမွာ ေျပာဆိုခဲ့ပါတယ္။ အီတီဟတ္မွာ ကစားခဲ့တဲ့ စေန ည အေစာပိုင္း ပြဲစဥ္မွာ မန္စီးတီးဟာ

ဧည့္သည္အသင္းကို တစ္ဖက္သတ္ ဖိက စားႏိုင္ခဲ့ေပမဲ့ အိမ္ရွင္အသင္းကို ေနရာလြတ္မရွိေအာင္ ကစားသြားခဲ့တဲ့ ဘရန္ဖို႔ဒ္ေၾကာင့္ အခက္ႀကဳံခဲ့ရတယ္။ ေဘာလုံးပိုင္ဆိုင္မႈ

အားသာခ်က္ကို အသုံးခ်ၿပီး ဂိုးရေအာင္ တိုက္စစ္ဆင္ေနခဲ့တဲ့ မန္စီးတီးေၾကာင့္ ဘရန္ဖို႔ဒ္ဟာ အိမ္ရွင္ရဲ႕ ေလာင္းရိပ္ေအာက္ကို ေရာက္ေနေပမဲ့ အခြင့္အေရးကို ေစာင့္ၿပီး

ကစားခဲ့တဲ့ ဗ်ဴဟာကေတာ့ အလုပ္ျဖစ္ခဲ့တယ္လို႔ ဆိုရမွာပါ။ ဒါေၾကာင့္ ပြဲခ်ိန္ ၁၆ မိနစ္မွာ မန္စီးတီးဟာ တိုေနးရဲ႕ သြင္းဂိုးကို ခြင့္ျပဳခဲ့ရၿပီး ပထမပိုင္း ၿပီးခါ နီးမွာေတာ့

ဖိုဒန္ရဲ႕ ေျမမက် ကန္ခ်က္နဲ႔ ျပန္လည္ေခ်ပႏိုင္ခဲ့လို႔ တစ္ဂိုးစီ သေရက်ေနခဲ့တာပါ။ အဲဒီေနာက္ ဒုတိယပိုင္းမွာ မန္စီးတီးေနာက္ခံလူ လာေပါ့တ္ ဦးေခါင္းထိခိုက္ဒဏ္ရာ

ရသြားတာေၾကာင့္ ပြဲကို ခဏတာ ရပ္နား ခဲ့ရလို႔ နာက်င္အခ်ိန္ပို ၁၀ မိနစ္အထိ ေပးခဲ့ပါတယ္။ ဒါေၾကာင့္ ပြဲၿပီးခါနီးမွာ အႏိုင္ဂိုးရလိုစိတ္ ျပင္းျပေနတဲ့ မန္စီးတီး

အသင္းသားေတြဟာ ကြင္းတစ္ဝက္ အထိကို ဖိၿပီး ကစားခဲ့တာေၾကာင့္ တန္ျပန္တိုက္စစ္ကတစ္ဆင့္ ဘရန္ဖို႔ဒ္ အသင္း အခြင့္အေရး ရသြားခဲ့ၿပီး

ဒါေဆးလ္ဗားရဲ႕ ဖန္တီးေပးမႈကတစ္ဆင့္ တို ေနးက ဂိုးသြင္းႏိုင္ခဲ့လို႔ ဧည့္သည္တို႔ အႏိုင္ရသြားခဲ့တာပါ။ ဒါေၾကာင့္ သူတို႔ အသင္းဟာ မန္စီးတီးရဲ႕

အမွားကို အသုံးခ်ႏိုင္ခဲ့တယ္လို႔ တိုေနးက ဆိုပါ တယ္။ ‘’ကြၽန္ေတာ္တို႔ လုပ္ႏိုင္တယ္ဆိုတာ သိပါတယ္။ လႈံ႕ေဆာ္မႈေပးတာက ေတာ့ အဝတ္လဲခန္းထဲက

ကစားသမားေတြနဲ႔ ပရိသတ္ေတြေပါ့ဗ်ာ။ ကြၽန္ ေတာ္တို႔ အပတ္စဥ္တိုင္း ေလ့က်င့္ကြင္းမွာ ႀကိဳးစားခဲ့ၾကတာေတြက ကြၽန္ ေတာ္တို႔

အခုလိုမ်ိဳး လုပ္ျပႏိုင္တယ္ဆိုတာကို ျပသေနတာပါ။ မန္စီးတီး အႏိုင္ ယူသြားလို႔ ရပါတယ္။ ဒါေပမဲ့ သူတို႔လည္း လူေတြပဲေလ။ လူေတြဆိုတာ အမွားလုပ္မိၾကတယ္ဗ်’’ လို႔

တိုေနးက ပြဲအၿပီးမွာ ေျပာဆိုသြားခဲ့ပါတယ္။