မန်စီးတီးရဲ့ ၂၀၁၂ အောင်ပွဲအပေါ် မေးခွန်းမထုတ်ကြတာ ရွန်နီအတွက် ထူးဆန်းနေ

ယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူး ဝိန်းရွန်နီက

၂၀၁၁-၁၂ ရာသီမှာ မန်စီးတီးအသင်း
ပရီးမီးယားလိဂ်ချန်ပီယံဖြစ်သွားခြင်းနဲ့ပတ်သက်လို
တစ်ခါမှ မေးခွန်းမထုတ်ခဲ့မှုက ထူးဆန်းနေတယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။
လွန်ခဲ့တဲ့ ၁၀နှစ်က မန်စီးတီးဟာ ၄၄ နှစ်အတွင်း
ပထမဆုံးအမှတ်ပေးချန်ပီယံဆုအဖြစ် မြို့ခံပြိုင်ဘက်

ယူနိုက်တက်ကို ဂိုးကွာခြားချက်အသာနဲ့ ကျော်ဖြတ်ကာ
ချန်ပီယံဖြစ်ခဲ့ပြီး ကျူပီအာနဲ့ ရာသီပိတ်ပွဲမှာ
တိုက်စစ်မှူး အဂွဲရိုးက ၉၃ မိနစ်အရောက်
အနိုင်ဂိုးသွင်းယူနိုင်ခဲ့လို့ ချန်ပီယံဖြစ်ခဲ့တာပါ။
ရွန်နီဟာ ဆန်းဒါးလန်းကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့

ယူနိုက်တက်ရဲ့ရာသီပိတ်ပွဲမှာ အနိုင်ဂိုးသွင်းခဲ့တာဖြစ်ပြီး
အလင်းရောင်ကွင်းမှာ သူတို့ပွဲက မန်စီးတီးပွဲထက်
အရင်ပြီးခဲ့လို့ မန်စီးတီးပွဲရလဒ်ကို စောင့်ကြည့်ခဲ့ပါတယ်။
အဲဒီမှာ မန်စီးတီးက နာကျင်အချိန်ပို ၃မိနစ်မှာ
ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့လို့

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် စိတ်လှုပ်ရှားဖွယ်
အကောင်းဆုံးရာသီပိတ်ပွဲစဉ်အဖြစ် မန်စီးတီးအသင်း ချန်ပီယံဖြစ်ခဲ့တာပါ။
ကွင်းလယ်လူ ဘာတန် ထုတ်ပယ်ခံခဲ့ရတဲ့ ကျူပီအာအသင်းဟာ
မန်စီးတီးကို ၃-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့ပေမယ့် တစ်ဘက်မှာ
ဘော်လ်တန်က ၂-၂ ဂိုးသရေပဲကစားနိုင်ခဲ့လို့ တန်းတင်ကျန်ရစ်ခဲ့ပါတယ်။

ရွန်နီက ကျူပီအာအသင်းရဲ့ ပွဲချိန်နောက်ပိုင်း ကစားပုံကို
ဝေဖန်ခဲ့သလို ကျူပီအာဂိုးသမား ပက်ဒီကင်နီရဲ့
စွမ်းဆောင်ရည်ကိုလည်း ထောက်ပြဝေဖန်ခဲ့ပါတယ်။
ရှက်ဖီးယူနိုက်တက်ဂိုးသမား ကင်နီဟာ တစ်ချိန်လုံး
လက်စွမ်းပြနိုင်ခဲ့ပေမယ့် စီးတီးနောက်ခံလူ ဇာဘလက်တာရဲ့

အဖွင့်ဂိုးသွင်းယူမှုမှာ သူ့အမှား မကင်းခဲ့ပါဘူး။
”မန်စီးတီးအသင်း ရသွားတဲ့ဂိုးတွေအနက် အများစုကို
ကင်နီ ကာကွယ်နိုင်ခဲ့သင့်ပါတယ်။
စီးတီးအသင်း ဒုတိယဂိုးရသွားပြီးနောက် ကျူပီအာက
စီးတီးကို ဘောလုံးချက်ချင်း ပြန်ပေးလိုက်ပါတယ်။

ဒီလိုဖြစ်ရပ်မျိုးက ဘယ်တော့မှ မေးခွန်းအဖြစ်
ပေါ်ထွက်မလာခဲ့ပါဘူး။ ထူးဆန်းနေပါတယ်။
ဆစ်ဆီကလည်း အဲဒီပွဲအပြီးမှာ မန်စီးတီးအသင်းသားတွေနဲ့အတူ
အောင်ပွဲခံခဲ့ပေမယ့် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်
သမိုင်းဝင်ဖြစ်ရပ်တော့ မှန်ပါတယ်။

တကယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းသားမဟုတ်ရင်
ဒါက ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး
ဖြစ်ရပ်တစ်ခုဖြစ်လာပါလိမ့်မယ်”လို့ ရွန်နီက ပြောပါတယ်။
အဲဒီပွဲမှာ ချန်ပီယံဖြစ်စေမယ့် ဂိုးသွင်းယူနိုင်ခဲ့တဲ့ အဂွဲရိုးဟာ
စီးတီးအသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ၂၆၀ဂိုးအထိ

သွင်းယူနိုင်ခဲ့ပြီး အသင်းဘက်က ကျူပီအာဘက်ကို
အနိုင်ဂိုးသွင်းယူမှု ၁၀နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အီတီဟတ်ကွင်းအပြင်ဘက်မှာ
သူ့ရဲ့ရုပ်တုကို ထားရှိပြီး ဂုဏ်ပြုခဲ့ပါတယ်။

Zawgyi

မန္စီးတီးရဲ႕ ၂၀၁၂ ေအာင္ပြဲအေပၚ ေမးခြန္းမထုတ္ၾကတာ ရြန္နီအတြက္ ထူးဆန္းေန
ယူႏုိက္တက္ဂႏၳ၀င္တုိက္စစ္မွဴး ၀ိန္းရြန္နီက
၂၀၁၁-၁၂ ရာသီမွာ မန္စီးတီးအသင္း
ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္သြားျခင္းနဲ႔ပတ္သက္လုိ

တစ္ခါမွ ေမးခြန္းမထုတ္ခဲ့မႈက ထူးဆန္းေနတယ္လုိ႔ ထုတ္ေဖာ္ေျပာဆုိပါတယ္။
လြန္ခဲ့တဲ့ ၁၀ႏွစ္က မန္စီးတီးဟာ ၄၄ ႏွစ္အတြင္း
ပထမဆုံးအမွတ္ေပးခ်န္ပီယံဆုအျဖစ္ ၿမိဳ႕ခံၿပိဳင္ဘက္
ယူႏုိက္တက္ကို ဂိုးကြာျခားခ်က္အသာနဲ႔ ေက်ာ္ျဖတ္ကာ
ခ်န္ပီယံျဖစ္ခဲ့ၿပီး က်ဴပီအာနဲ႔ ရာသီပိတ္ပြဲမွာ

တုိက္စစ္မွဴး အဂြဲရိုးက ၉၃ မိနစ္အေရာက္
အႏိုင္ဂိုးသြင္းယူႏုိင္ခဲ့လုိ႔ ခ်န္ပီယံျဖစ္ခဲ့တာပါ။
ရြန္နီဟာ ဆန္းဒါးလန္းကို ၁-၀ ဂိုးနဲ႔ အႏုိင္ရခဲ့တဲ့
ယူႏုိက္တက္ရဲ႕ရာသီပိတ္ပြဲမွာ အႏိုင္ဂိုးသြင္းခဲ့တာျဖစ္ၿပီး
အလင္းေရာင္ကြင္းမွာ သူတုိ႔ပြဲက မန္စီးတီးပြဲထက္

အရင္ၿပီးခဲ့လို႔ မန္စီးတီးပြဲရလဒ္ကို ေစာင့္ၾကည့္ခဲ့ပါတယ္။
အဲဒီမွာ မန္စီးတီးက နာက်င္အခ်ိန္ပို ၃မိနစ္မွာ
ေခ်ပဂိုးနဲ႔ အႏုိင္ဂုိးေတြ သြင္းယူႏိုင္ခဲ့လုိ႔
ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ စိတ္လႈပ္ရွားဖြယ္
အေကာင္းဆုံးရာသီပိတ္ပြဲစဥ္အျဖစ္ မန္စီးတီးအသင္း ခ်န္ပီယံျဖစ္ခဲ့တာပါ။

ကြင္းလယ္လူ ဘာတန္ ထုတ္ပယ္ခံခဲ့ရတဲ့ က်ဴပီအာအသင္းဟာ
မန္စီးတီးကို ၃-၂ ဂိုးနဲ႔ အေရးနိမ့္ခ့ဲေပမယ့္ တစ္ဘက္မွာ
ေဘာ္လ္တန္က ၂-၂ ဂိုးသေရပဲကစားႏုိင္ခဲ့လုိ႔ တန္းတင္က်န္ရစ္ခဲ့ပါတယ္။
ရြန္နီက က်ဴပီအာအသင္းရဲ႕ ပြဲခ်ိန္ေနာက္ပိုင္း ကစားပုံကို
ေ၀ဖန္ခဲ့သလုိ က်ဴပီအာဂိုးသမား ပက္ဒီကင္နီရဲ႕

စြမ္းေဆာင္ရည္ကိုလည္း ေထာက္ျပေ၀ဖန္ခဲ့ပါတယ္။
ရွက္ဖီးယူႏုိက္တက္ဂိုးသမား ကင္နီဟာ တစ္ခ်ိန္လုံး
လက္စြမ္းျပႏုိင္ခဲ့ေပမယ့္ စီးတီးေနာက္ခံလူ ဇာဘလက္တာရဲ႕
အဖြင့္ဂိုးသြင္းယူမႈမွာ သူ႕အမွား မကင္းခဲ့ပါဘူး။
”မန္စီးတီးအသင္း ရသြားတဲ့ဂိုးေတြအနက္ အမ်ားစုကို

ကင္နီ ကာကြယ္ႏုိင္ခဲ့သင့္ပါတယ္။
စီးတီးအသင္း ဒုတိယဂိုးရသြားၿပီးေနာက္ က်ဴပီအာက
စီးတီးကို ေဘာလုံးခ်က္ခ်င္း ျပန္ေပးလုိက္ပါတယ္။
ဒီလုိျဖစ္ရပ္မ်ိဳးက ဘယ္ေတာ့မွ ေမးခြန္းအျဖစ္
ေပၚထြက္မလာခဲ့ပါဘူး။ ထူးဆန္းေနပါတယ္။

ဆစ္ဆီကလည္း အဲဒီပြဲအၿပီးမွာ မန္စီးတီးအသင္းသားေတြနဲ႔အတူ
ေအာင္ပြဲခံခဲ့ေပမယ့္ ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္
သမုိင္း၀င္ျဖစ္ရပ္ေတာ့ မွန္ပါတယ္။
တကယ္လုိ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းသားမဟုတ္ရင္
ဒါက ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ အႀကီးက်ယ္ဆုံး

ျဖစ္ရပ္တစ္ခုျဖစ္လာပါလိမ့္မယ္”လုိ႔ ရြန္နီက ေျပာပါတယ္။
အဲဒီပြဲမွာ ခ်န္ပီယံျဖစ္ေစမယ့္ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ အဂြဲရိုးဟာ
စီးတီးအသင္းရဲ႕ ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ ၂၆၀ဂိုးအထိ
သြင္းယူႏုိင္ခဲ့ၿပီး အသင္းဘက္က က်ဴပီအာဘက္ကို
အႏိုင္ဂိုးသြင္းယူမႈ ၁၀ႏွစ္ျပည့္အထိမ္းအမွတ္အျဖစ္ အီတီဟတ္ကြင္းအျပင္ဘက္မွာ

သူ႕ရဲ႕ရုပ္တုကို ထားရွိၿပီး ဂုဏ္ျပဳခဲ့ပါတယ္။