
မန်စီးတီးရဲ့ခြေစွမ်းပိုင်းကျဆင်းမှုနဲ့ပက်သတ်လို့ ပြစ်တင်ခံရမှာဖြစ်ပေမဲ့





ပြုပြင်ရမယ့်နည်းလမ်းကိုသိတယ်လို့ ဂွါဒီယိုလာက
ပြောဆိုလိုက်ကြောင်း The Sun သတင်းစာကဖော်ပြလိုက်ပါတယ်။





ပြိုင်ပွဲစုံ ၂ပွဲဆက်ရှုံးနိမ့်ခဲ့တဲ့နောက် ဒီအတိုင်းဆက်သွားမယ်ဆိုရင်
‘Pep out’ ဆိုတဲ့တောင်းဆိုမှုတွေရှိလာနိုင်တာကို မန်စီးတီး
နည်းပြကသတိပြုမိထားတာဖြစ်တယ်။ ကမ္ဘာ့ဖလားကာလ





အတွင်းမှာ မန်စီးတီးနဲ့ ၂နှစ်စာချုပ်ချုပ်ဆိုခဲ့တဲ့ စပိန်သားကတော့
‘Pep in’ ပြန်ဖြစ်လာမယ်လို့မျှော်လင့်ထားပါတယ်။





မန်စီးတီးဟာ ဒီညမှာတော့ စပါးနဲ့ရင်ဆိုင်ရဖို့ရှိနေပြီး
ဒီပွဲမတိုင်ခင်မှာ မန်စီးတီးရဲ့အနေအထားအရှိန်တက်နေပြီလို့
ဂွါဒီယိုလာက ဝန်ခံထားပါတယ်။ “လူတွေက ငါတို့ကောင်းကောင်း





စွမ်းဆောင်နိုင်ဖို့မျှော်လင့်နေပြီး ဒီလိုမှမဟုတ်ရင်တော့
အခြားနည်းလမ်းနဲ့အနိုင်ယူဖို့ကြိုးစားကြလိမ့်မယ်၊





ဒါကတော့ ‘Pep out’ ဖြစ်မှာပါ။ ဒါက ငါတို့ဘယ်လို
လုပ်ရမလဲဆိုတဲ့ အလုပ်တစ်ခုပဲ။ ပြီးတော့ ငါ့ဘက်က
‘Pep in’ ကိုလိုချင်တယ်။ ငါ ဒီမှာဆက်နေချင်တယ်။





ဒါက ငါလိုချင်တာဖြစ်ပြီး ဂိမ်းတွေအနိုင်ရဖို့ကြိုးစားရလိမ့်မယ်။
ပြိုင်ပွဲတွေအားလုံးအတွက် ဒီမှာ ငါရှိနေရမယ်” လို့





ဂွါဒီယိုလာက ဆိုခဲ့ပါတယ်။ နောက်ဆုံး ၂ပွဲဆက်ရှုံးခဲ့တာနဲ့
ပက်သတ်လို့ စပိန်သားက “ငါက တာဝန်ရှိတဲ့သူပါ။
ကစားသမားတွေကောင်းကောင်း မကစားနိုင်ဘဲ





သူတို့လိုချင်တဲ့ဆန္ဒအတိုင်းမဖြစ်ခဲ့တာတွေက ငါရဲ့
ဆုံးဖြတ်ချက်တစ်ခုခုမှားယွင်းနေတာကြောင့်ပါ။





ဘာကြောင့်လဲဆိုတာ ငါရှာရမယ်၊ လူတွေက ငါ့ကိုအချိန်ပေး
စောင့်နေမှာမဟုတ်ဘူး၊ လူတွေက ငါတို့နောက်ဆုံးအပိုင်းမှာ
ဘယ်လောက်ကောင်းခဲ့တယ်ဆိုတာ အမှတ်ရနေဖို့အတွက်





အသက်ရှင်နေကြတာမဟုတ်ပါဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။
zawgyi





မန္စီးတီးရဲ႕အေသးစားက်ဆင္းမႈကို ဘယ္လိုျပင္ရမယ္ဆိုတာသိေနတယ္လို႔ ဂြါဒီယိုလာ ေျပာဆိုလိုက္
မန္စီးတီးရဲ႕ေျခစြမ္းပိုင္းက်ဆင္းမႈနဲ႔ပက္သတ္လို႔ ျပစ္တင္ခံရမွာျဖစ္ေပမဲ့
ျပဳျပင္ရမယ့္နည္းလမ္းကိုသိတယ္လို႔ ဂြါဒီယိုလာက





ေျပာဆိုလိုက္ေၾကာင္း The Sun သတင္းစာကေဖာ္ျပလိုက္ပါတယ္။
ၿပိဳင္ပြဲစုံ ၂ပြဲဆက္ရႈံးနိမ့္ခဲ့တဲ့ေနာက္ ဒီအတိုင္းဆက္သြားမယ္ဆိုရင္





‘Pep out’ ဆိုတဲ့ေတာင္းဆိုမႈေတြရွိလာႏိုင္တာကို မန္စီးတီး
နည္းျပကသတိျပဳမိထားတာျဖစ္တယ္။ ကမာၻ႔ဖလားကာလ
အတြင္းမွာ မန္စီးတီးနဲ႔ ၂ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တဲ့ စပိန္သားကေတာ့





‘Pep in’ ျပန္ျဖစ္လာမယ္လို႔ေမွ်ာ္လင့္ထားပါတယ္။
မန္စီးတီးဟာ ဒီညမွာေတာ့ စပါးနဲ႔ရင္ဆိုင္ရဖို႔ရွိေနၿပီး





ဒီပြဲမတိုင္ခင္မွာ မန္စီးတီးရဲ႕အေနအထားအရွိန္တက္ေနၿပီလို႔
ဂြါဒီယိုလာက ဝန္ခံထားပါတယ္။ “လူေတြက ငါတို႔ေကာင္းေကာင္း
စြမ္းေဆာင္ႏိုင္ဖို႔ေမွ်ာ္လင့္ေနၿပီး ဒီလိုမွမဟုတ္ရင္ေတာ့





အျခားနည္းလမ္းနဲ႔အႏိုင္ယူဖို႔ႀကိဳးစားၾကလိမ့္မယ္၊
ဒါကေတာ့ ‘Pep out’ ျဖစ္မွာပါ။ ဒါက ငါတို႔ဘယ္လို





လုပ္ရမလဲဆိုတဲ့ အလုပ္တစ္ခုပဲ။ ၿပီးေတာ့ ငါ့ဘက္က
‘Pep in’ ကိုလိုခ်င္တယ္။ ငါ ဒီမွာဆက္ေနခ်င္တယ္။
ဒါက ငါလိုခ်င္တာျဖစ္ၿပီး ဂိမ္းေတြအႏိုင္ရဖို႔ႀကိဳးစားရလိမ့္မယ္။





ၿပိဳင္ပြဲေတြအားလုံးအတြက္ ဒီမွာ ငါရွိေနရမယ္” လို႔
ဂြါဒီယိုလာက ဆိုခဲ့ပါတယ္။ ေနာက္ဆုံး ၂ပြဲဆက္ရႈံးခဲ့တာနဲ႔





ပက္သတ္လို႔ စပိန္သားက “ငါက တာဝန္ရွိတဲ့သူပါ။
ကစားသမားေတြေကာင္းေကာင္း မကစားႏိုင္ဘဲ
သူတို႔လိုခ်င္တဲ့ဆႏၵအတိုင္းမျဖစ္ခဲ့တာေတြက ငါရဲ႕





ဆုံးျဖတ္ခ်က္တစ္ခုခုမွားယြင္းေနတာေၾကာင့္ပါ။
ဘာေၾကာင့္လဲဆိုတာ ငါရွာရမယ္၊ လူေတြက ငါ့ကိုအခ်ိန္ေပး





ေစာင့္ေနမွာမဟုတ္ဘူး၊ လူေတြက ငါတို႔ေနာက္ဆုံးအပိုင္းမွာ
ဘယ္ေလာက္ေကာင္းခဲ့တယ္ဆိုတာ အမွတ္ရေနဖို႔အတြက္
အသက္ရွင္ေနၾကတာမဟုတ္ပါဘူး” လို႔ ေျပာဆိုသြားခဲ့ပါတယ္။




