မန်စီးတီးမှာ ဆက်နေရတဲ့ အကြောင်းအရင်းကို ထုတ်ပြောလိုက်တဲ့ ဂွါဒီယိုလာ

မန်စီးတီးနဲ့အတူ ၂၀၂၅ ခုနှစ်အထိ ဆက်ရှိနေမယ့် သက်တမ်းတိုးစာချုပ်ကို လက်မှတ်ထိုးခဲ့ပြီးတဲ့နောက် နည်းပြ ဂွါဒီယိုလာက ဒီထက်ပိုပြီး ကောင်းတဲ့ နေရာမျိုး နောက်ထပ်ပြီး

မရနိုင်တော့ဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်အသင်း နည်းပြဟောင်းဟာ မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ် ဖလား ၄ ကြိမ် အပါအဝင် အဓိက ဆုဖလား ၉ လုံးအထိ

ဆွတ်ခူးထားနိုင်ခဲ့သူ ဖြစ်ပြီး မန်စီးတီးကိုလည်း သူ့လက်ထက်မှာ ပရီးမီးယားလိဂ်ရဲ့ အရှင်သခင် တစ်ပါးဖြစ်အောင် ထုဆစ်ပုံဖော် ပေးနိုင်ခဲ့သူပါ။ နောက်ပြီး မန်စီးတီး အသင်း ပိုင်ရှင်တွေနဲ့

ဘုတ်အဖွဲ့ဝင်တွေဟာ စပိန်သား နည်းပြအပေါ်မှာ ထောက်ခံမှု အပြည့်ပေးထားပြီး လုပ်ပိုင်ခွင့်လည်း ပုံအပ်ထားတာကြောင့် ဒီထက် ပိုကောင်းတဲ့ အသင်းမျိုးတော့ မရနိုင်တော့ဘူးလို့ ဂွါဒီယိုလာက

ပြောဆိုခဲ့ပါ တယ်။ ‘’မန်စီးတီးမှာ နောက်ထပ် ၂ နှစ် ထပ်နေရဦးမှာမို့လို့ ကျွန်တော် အရမ်းကို ကျေနပ်ပါတယ်။ ကျွန်တော့်အပေါ် ယုံကြည်ပေးကြတဲ့ အသင်းမှာရှိတဲ့ လူတိုင်းကို ကျေးဇူးတင်စကား

လုံလုံလောက်လောက် ကျွန်တော် မပြောနိုင် စွမ်းပါဘူး။ ကျွန်တော်လိုချင်တာ ရနေပြီဖြစ်လို့ အကောင်းဆုံး ဖြစ်အောင်ပဲလုပ်ဖို့ လိုအပ်ပါတယ်။ ဒီအသင်းရဲ့ နောက်ထပ် အခန်းကဏ္ဍတစ်ခုဟာ

နောက်ထပ် ဆယ်စုနှစ် တစ်ခုစာအတွက် အံ့အားသင့်စရာ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် သိနေတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်မှာလည်း ဖြစ်တည်မှုတွေ ရှိခဲ့ပြီးပါပြီ။ နောက်ထပ် ၁၀ နှစ်တာကာလအတွင်းမှာလည်း

အဲဒီလိုမျိုး ထပ်ပြီး ဖြစ် တည်နေဦးမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီအသင်းက အရမ်းကို တည်ငြိမ်နေတယ်လေ။ ဒီကို စရောက်တဲ့ နေ့ကစပြီး အရမ်းထူးခြားတယ်လို့ ကျွန်တော် ခံစားနေရတာပါ။

ဒီထက် ပိုကောင်းတဲ့ နေရာ မရနိုင်တော့ပါဘူး။ ကျွန် တော်တို့အတူထပ်ပြီး ပိုကြီးမားတဲ့ အောင်မြင်မှုတွေ ရနိုင်ဦးမယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့် ဒီအသင်းမှာ ဆက်နေပြီး ဆုဖလားတွေအတွက်

တိုက်ပွဲဝင်ဖို့ ရှိနေတာပေါ့’’ လို့ စပိန်သား နည်းပြက စာချုပ်လက်မှတ်ရေးထိုး ပြီးတဲ့နောက်မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဂွါဒီယိုလာကို သက်တမ်းတိုးနိုင်ခဲ့ တဲ့အတွက် မန်စီးတီးအသင်းဥက္ကဋ္ဌ

ခဲလ်ဒွန်းအယ်လ်မူဘာရက်ကလည်း အရမ်းကို ဝမ်းသာရတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

မန္စီးတီးမွာ ဆက္ေနရတဲ့ အေၾကာင္းအရင္းကို ထုတ္ေျပာလိုက္တဲ့ ဂြါဒီယိုလာ

မန္စီးတီးနဲ႔အတူ ၂၀၂၅ ခုႏွစ္အထိ ဆက္ရွိေနမယ့္ သက္တမ္းတိုးစာခ်ဳပ္ကို လက္မွတ္ထိုးခဲ့ၿပီးတဲ့ေနာက္ နည္းျပ ဂြါဒီယိုလာက ဒီထက္ပိုၿပီး ေကာင္းတဲ့ ေနရာမ်ိဳး ေနာက္ထပ္ၿပီး မရႏိုင္ေတာ့ဘူးလို႔

ေျပာဆိုခဲ့ပါတယ္။ ဘာစီလိုနာနဲ႔ ဘိုင္ယန္ျမဴးနစ္အသင္း နည္းျပေဟာင္းဟာ မန္စီးတီးနဲ႔အတူ ပရီးမီးယားလိဂ္ ဖလား ၄ ႀကိမ္ အပါအဝင္ အဓိက ဆုဖလား ၉ လုံးအထိ ဆြတ္ခူးထားႏိုင္ခဲ့သူ ျဖစ္ၿပီး

မန္စီးတီးကိုလည္း သူ႔လက္ထက္မွာ ပရီးမီးယားလိဂ္ရဲ႕ အရွင္သခင္ တစ္ပါးျဖစ္ေအာင္ ထုဆစ္ပုံေဖာ္ ေပးႏိုင္ခဲ့သူပါ။ ေနာက္ၿပီး မန္စီးတီး အသင္း ပိုင္ရွင္ေတြနဲ႔ ဘုတ္အဖြဲ႕ဝင္ေတြဟာ

စပိန္သား နည္းျပအေပၚမွာ ေထာက္ခံမႈ အျပည့္ေပးထားၿပီး လုပ္ပိုင္ခြင့္လည္း ပုံအပ္ထားတာေၾကာင့္ ဒီထက္ပို ေကာင္းတဲ့ အသင္းမ်ိဳးေတာ့ မရႏိုင္ေတာ့ဘူးလို႔ ဂြါဒီယိုလာက ေျပာဆိုခဲ့ပါ တယ္။

‘’မန္စီးတီးမွာ ေနာက္ထပ္ ၂ ႏွစ္ ထပ္ေနရဦးမွာမို႔လို႔ ကြၽန္ေတာ္ အရမ္း ကို ေက်နပ္ပါတယ္။ ကြၽန္ေတာ့္အေပၚ ယုံၾကည္ေပးၾကတဲ့ အသင္းမွာရွိတဲ့ လူတိုင္းကို ေက်းဇူးတင္စကား

လုံလုံေလာက္ေလာက္ ကြၽန္ေတာ္ မေျပာႏိုင္ စြမ္းပါဘူး။ ကြၽန္ေတာ္လိုခ်င္တာ ရေနၿပီျဖစ္လို႔ အေကာင္းဆုံး ျဖစ္ေအာင္ပဲ လုပ္ဖို႔ လိုအပ္ပါတယ္။ ဒီအသင္းရဲ႕ ေနာက္ထပ္ အခန္းက႑

တစ္ခုဟာ ေနာက္ထပ္ ဆယ္စုႏွစ္ တစ္ခုစာအတြက္ အံ့အားသင့္စရာ ျဖစ္လာလိမ့္မယ္ လို႔ ကြၽန္ေတာ္ သိေနတယ္။ ၿပီးခဲ့တဲ့ ၁၀ ႏွစ္မွာလည္း ျဖစ္တည္မႈေတြ ရွိခဲ့ၿပီး ပါၿပီ။

ေနာက္ထပ္ ၁၀ ႏွစ္တာကာလအတြင္းမွာလည္း အဲဒီလိုမ်ိဳး ထပ္ၿပီး ျဖစ္ တည္ေနဦးမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ဒီအသင္းက အရမ္းကို တည္ၿငိမ္ ေနတယ္ေလ။

ဒီကို စေရာက္တဲ့ ေန႔ကစၿပီး အရမ္းထူးျခားတယ္လို႔ ကြၽန္ ေတာ္ ခံစားေနရတာပါ။ ဒီထက္ ပိုေကာင္းတဲ့ ေနရာ မရႏိုင္ေတာ့ပါဘူး။ ကြၽန္ ေတာ္တို႔အတူထပ္ၿပီး ပိုႀကီးမားတဲ့

ေအာင္ျမင္မႈေတြ ရႏိုင္ဦးမယ္လို႔ ေမွ်ာ္ လင့္ပါတယ္။ ဒါေၾကာင့္ ဒီအသင္းမွာ ဆက္ေနၿပီး ဆုဖလားေတြအတြက္ တိုက္ပြဲဝင္ဖို႔ ရွိေနတာေပါ့’’ လို႔ စပိန္သား နည္းျပက

စာခ်ဳပ္လက္မွတ္ေရးထိုး ၿပီးတဲ့ေနာက္မွာ ေျပာဆိုခဲ့တာျဖစ္ပါတယ္။ ဂြါဒီယိုလာကို သက္တမ္းတိုးႏိုင္ခဲ့ တဲ့အတြက္ မန္စီးတီးအသင္းဥကၠ႒ ခဲလ္ဒြန္းအယ္လ္မူဘာရက္ကလည္း

အရမ္းကို ဝမ္းသာရတယ္လို႔ ေျပာဆိုသြားခဲ့ပါတယ္။