မန်စီးတီးမှာပျော့ကွက်ရှိတယ်ဆိုတာ ကိန်းဂဏန်းတွေက သက်သေပဲ

တိုက်စစ်မှူး ဟာလန်းရှိနေတဲ့ မန်စီးတီးအသင်းကို ဒီရာသီမှာ ရပ်တန့်လို့ မရနိုင်တဲ့အသင်းမျိုးလို့ အားလုံးနီးပါးက လက်ခံထားကြပေမယ့် သူတို့အသင်းမှာလည်း အားနည်းချက်တွေ ရှိနေတယ်ဆိုတာကိုတော့ ကိန်းဂဏန်း တွေက သက်သေပြနေပါတယ်။

အဲဒီအားနည်းချက်ဟာ ဒေါ့တ်မန်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲစဉ်မှာလည်း ထပ်ပြီး တွေ့ခဲ့ရပြန်ပါတယ်။ ပွဲချိန် ၅၈ မိနစ်မှာ မန်စီးတီး တောင်ပံကစားသမား မာရက်ဇ်ဟာ ပြိုင်ဘက်ဂိုးဧရိယာထဲကို ထိုး ဖောက်ဝင်ရောက်လာပြီး ဂိုးသွင်းဖို့ ကြိုးစားရင်းနဲ့ ပြစ်ဒဏ်ကျူးလွန်တာ ခံခဲ့ ရလို့ ပင်နယ်တီကန်ခွင့်ရခဲ့တယ်။

ဒီပင်နယ်တီကို အယ်လ်ဂျီးရီးယားသားက ဂိုးသမားရဲ့ ညာဘက်ခြမ်းကို ကန်သွင်းခဲ့ရာမှာ ဒေါ့တ်မန်ဂိုးသမား ဂရီဂေါ် ကိုဘယ် ပုတ်ထုတ်ကာကွယ်သွားခဲ့ပါတယ်။

ကိုပင်ဟေဂင်နဲ့ ဂိုးမရှိ သရေ ကျခဲ့တဲ့ ပွဲစဉ်မှာလည်း ပင်နယ်တီ လွဲချော်ခဲ့တဲ့ တိုက်စစ်မှူး မာရက်ဇ်ဟာ မန် စီးတီးအတွက် ချန်ပီယံလိဂ် နှစ်ပွဲဆက်တိုက် ပင်နယ်တီလွဲခဲ့တဲ့ ကစားသမား ဖြစ်လာပါပြီ။

သူဟာ မန်စီးတီးကို ၂၀၁၈ ခုနှစ်မှာ စရောက်လာပြီးတဲ့နောက် ပင်နယ်တီ ၁၄ ကြိမ် ကန်သွင်းခဲ့ရာမှာ ၁၀ ကြိမ် ပဲဂိုးဝင်ခဲ့တဲ့ မှတ်တမ်း ပိုင်ဆိုင် သွားပါပြီ။

ဒါ့အပြင် မန်စီးတီးဟာ နည်းပြ ဂွါဒီယိုလာလက်ထက် ပင်နယ်တီ ကန်ခွင့် အကြိမ် ၈၀ ရခဲ့တဲ့အထဲမှာ ၂၅ ကြိမ် ဂိုးမဝင်ခဲ့တာကြောင့် ပရီးမီး ယားလိဂ်ကလပ်တွေထဲမှာတော့ ပင်နယ်တီ အလွဲချော်ဆုံး အသင်းအဖြစ် မှတ်တမ်းဝင်နေပါတယ်။

ဒါကြောင့် အခုလိုမျိုး ပင်နယ်တီကန်သွင်းတဲ့ နေရာမှာ အားနည်းချက်တွေ ရှိနေတာနဲ့ပတ်သက်ပြီး ပြုပြင်ရမယ်လို့ ဂွါဒီယိုလာက ဒေါ့တ်မန်နဲ့ ပွဲစဉ်အပြီးမှာ ဝန်ခံသွားခဲ့ပါတယ်။

‘’ဟုတ်ပါတယ်။ ဒါက ပြဿနာပဲဗျာ။ ကျွန်တော် ဒီကို ရောက်လာပြီးကတည်းက ပင်နယ်တီ ၂၄ ကြိမ်လား၊ ၂၅ ကြိမ်လားမသိဘူး လွဲခဲ့တယ်။ အများစုက ချန်ပီယံလိဂ်ပြိုင်ပွဲမှာလွဲတာ။

အဲဒါက များလွန်းတယ်။ ပင်နယ်တီ ကန်ရဲတဲ့ သတ္တိကို ကျွန်တော် အမြဲတမ်း သဘောကျပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တော်တော်များများ လွဲချော်ခဲ့တယ်ဗျာ။ ကိုပင်ဟေဂင်နဲ့ပွဲမှာ လွဲခဲ့သလို အခုလည်း လွဲတာပဲ’’ လို့ ဂွါဒီယို လာက ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

မန္စီးတီးမွာေပ်ာ့ကြက္ရွိတယ္ဆိုတာ ကိန္းဂဏန္းေတြက သက္ေသပဲ

တိုက္စစ္မႉး ဟာလန္းရွိေနတဲ့ မန္စီးတီးအသင္းကို ဒီရာသီမွာ ရပ္တန႔္လို႔ မရႏိုင္တဲ့အသင္းမ်ိဳးလို႔ အားလုံးနီးပါးက လက္ခံထားၾကေပမယ့္ သူတို႔အ သင္းမွာလည္း အားနည္းခ်က္ေတြရွိေနတယ္ဆိုတာကိုေတာ့ ကိန္းဂဏန္း ေတြက သက္ေသျပေနပါတယ္။

အဲဒီအားနည္းခ်က္ဟာ ေဒါ့တ္မန္နဲ႔ ဂိုးမရွိ သေရက်ခဲ့တဲ့ ပြဲစဥ္မွာလည္း ထပ္ၿပီး ေတြ႕ခဲ့ရျပန္ပါတယ္။ ပြဲခ်ိန္ ၅၈ မိနစ္မွာ မန္စီးတီး ေတာင္ပံကစားသမား မာရက္ဇ္ဟာ ၿပိဳင္ဘက္ဂိုးဧရိယာထဲကို ထိုး ေဖာက္ဝင္ေရာက္လာၿပီး ဂိုးသြင္းဖို႔ ႀကိဳးစားရင္းနဲ႔ ျပစ္ဒဏ္က်ဴးလြန္တာ ခံခဲ့ ရလို႔ ပင္နယ္တီကန္ခြင့္ရခဲ့တယ္။

ဒီပင္နယ္တီကို အယ္လ္ဂ်ီးရီးယားသားက ဂိုးသမားရဲ႕ ညာဘက္ျခမ္းကို ကန္သြင္းခဲ့ရာမွာ ေဒါ့တ္မန္ဂိုးသမား ဂရီေဂၚ ကိုဘယ္ ပုတ္ထုတ္ကာကြယ္သြားခဲ့ပါတယ္။

ကိုပင္ေဟဂင္နဲ႔ ဂိုးမရွိ သေရ က်ခဲ့တဲ့ ပြဲစဥ္မွာလည္း ပင္နယ္တီ လြဲေခ်ာ္ခဲ့တဲ့ တိုက္စစ္မႉး မာရက္ဇ္ဟာ မန္ စီးတီးအတြက္ ခ်န္ပီယံလိဂ္ ႏွစ္ပြဲဆက္တိုက္ ပင္နယ္တီလြဲခဲ့တဲ့ ကစားသမား ျဖစ္လာပါၿပီ။ သူဟာ မန္စီးတီးကို ၂၀၁၈ ခုႏွစ္မွာ စေရာက္လာၿပီးတဲ့ေနာက္ ပင္နယ္တီ ၁၄ ႀကိမ္ ကန္သြင္းခဲ့ရာမွာ ၁၀ ႀကိမ္ ပဲဂိုးဝင္ခဲ့တဲ့ မွတ္တမ္း ပိုင္ဆိုင္ သြားပါၿပီ။

ဒါ့အျပင္ မန္စီးတီးဟာ နည္းျပ ဂြါဒီယိုလာလက္ထက္ ပင္နယ္တီ ကန္ခြင့္ အႀကိမ္ ၈၀ ရခဲ့တဲ့အထဲမွာ ၂၅ ႀကိမ္ ဂိုးမဝင္ခဲ့တာေၾကာင့္ ပရီးမီး ယားလိဂ္ကလပ္ေတြထဲမွာေတာ့ ပင္နယ္တီ အလြဲေခ်ာ္ဆုံး အသင္းအျဖစ္ မွတ္တမ္းဝင္ေနပါတယ္။

ဒါေၾကာင့္ အခုလိုမ်ိဳး ပင္နယ္တီကန္သြင္းတဲ့ ေနရာမွာ အားနည္းခ်က္ေတြ ရွိေနတာနဲ႔ပတ္သက္ၿပီး ျပဳျပင္ရမယ္လို႔ ဂြါဒီယိုလာက ေဒါ့တ္မန္နဲ႔ ပြဲစဥ္အၿပီးမွာ ဝန္ခံသြားခဲ့ပါတယ္။

‘’ဟုတ္ပါတယ္။ ဒါက ျပႆနာပဲဗ်ာ။ ကြၽန္ေတာ္ ဒီကို ေရာက္လာၿပီးကတည္းက ပင္နယ္တီ ၂၄ ႀကိမ္လား၊ ၂၅ ႀကိမ္လားမသိဘူး လြဲခဲ့တယ္။ အမ်ားစုက ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာလြဲတာ။ အဲဒါက မ်ားလြန္းတယ္။ ပင္နယ္တီ ကန္ရဲတဲ့ သတၱိကို ကြၽန္ေတာ္ အၿမဲတမ္း သေဘာက်ပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ ေတာ္ေတာ္မ်ားမ်ား လြဲေခ်ာ္ခဲ့ တယ္ဗ်ာ။ ကိုပင္ေဟဂင္နဲ႔ပြဲမွာ လြဲခဲ့သလို အခုလည္း လြဲတာပဲ’’ လို႔ ဂြါဒီယို လာက ပြဲအၿပီးမွာ ေျပာဆိုသြားခဲ့ပါတယ္။