မန်စီးတီးပွဲအတွက် ခံစစ်အကျပ်အတည်းနဲ့ပတ်သတ်လို့ ကြိုးကြာနီပရိတ်တွေ စိုးရိမ်ပူပန်နေ

လီဗာပူးအသင်းဟာ လက်ရှိချန်ပီယံမန်စီးတီးနဲ့ရင်ဆိုင်မယ့်ပွဲအတွက် ခံစစ်အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။

ပွဲထွက်တွေဖြစ်တဲ့ မာတစ်နဲ့ အာနိုးဒဏ်ရာရနေသလို ဗဟိုခံစစ်ကစားသမားတစ်ယောက်ဖြစ်တဲ့ ကိုနာတီဟာလည်း ကြွက်သားဒဏ်ရာကြောင့် ပြီးခဲ့တဲ့ သောကြာနေ့လေ့ကျင့်ရေး အစီအစဉ်ကိုလွဲချော်ခဲ့ရပါတယ်။

The Athletic ရဲ့ဖော်ပြချက်အရ ကိုနာတီကိစ္စဟာ အသေးအဖွဲလို့ဆိုပေမဲ့ ကလော့ပ်ဘက်က ဒဏ်ရာကြောင့် ၂လ လောက်နားခဲ့ရတဲ့ လိုက်ပ်ဇစ်ဗဟိုနောက်ခံလူဟောင်းကို စွန့်စားပြီးပွဲထုတ်နိုင်ခြေ နည်းပါတယ်။

ကိုနာတီမပါနိုင်ရင်တော့ ဗဟိုခံစစ်မှာ ဗန်ဒိုက်ရဲ့ ပါတနာအဖြစ် ကွင်းလယ်လူဖာဘင်ဟိုကိုသုံးနိုင်ပေမဲ့ ကလော့ပ်ဟာ ဒီနေရာအတွက်ဂျိုးဂိုမက်ဇ်ကို သာဦးစားပေးရဖွယ်ရှိတယ်။

ညာနောက်ခံနေရာအတွက်တော့ အတွေ့အကြုံကောင်းရှိတဲ့ ဂျိမ်းစ်မီလ်နာကို သုံးရဖို့ရှိနေပါတယ်။

ကြိုးကြာနီပရိ သတ်တွေကတော့ အခုလိုပွဲကြီးအတွက်အင်အားလျော့နေတဲ့ သူတို့ခံစစ်နဲ့ပတ်သတ် ပြီးစိုးရိမ်ပူပန်နေကြပါတယ်။

“ညာနောက်ခံနေရာမှာ မီလ်နာကစားမယ်ဆိုရင် မနှစ် ကအိမ်ကွင်းပွဲမှာ အထုတ်ခံရလုနီးပါးအခြေအနေဆိုးခဲ့လို့ ကျွန်တော်လက်လျှော့ လိုက်ပါပြီ” လို့

ပရိသတ်တစ်ယောက်ကရေးသားခဲ့သလို နောက်တစ်ယောက်က “မီလ်နာထက် အကယ်ဒမီကညာနောက်ခံလူတစ်ယောက်ကိုသာ အခွင့်အရေးပေး ချင်ပါတယ်” လို့ စိတ်ပျက်လက်ပျက်ရေးသားခဲ့ပါတယ်။

လီဗာပူးဟာ ရာသီကြိုကွန် မြူနတီဒိုင်းပွဲစဉ်မှာ မန်စီးတီးကိုအနိုင်ရခဲ့ပေမဲ့ လက်ရှိမှာတော့ အဆင့် ၁၁ နေရာ ရောက်နေပြီး မန်စီးတီးနဲ့ ၁၃ မှတ် အထိကွာဟနေတာကြောင့် အန်ဖီးလ်မှာ အမှတ်ကွာဟချက်ကိုလျှော့ချနိုင်ဖို့လိုအပ်နေပါတယ်။

(Zawgyi)

မန္စီးတီးပြဲအတြက္ ခံစစ္အက်ပ္အတည္းနဲ႔ပတ္သတ္လို႔ ႀကိဳးၾကာနီပရိတ္ေတြ စိုးရိမ္ပူပန္ေန

လီဗာပူးအသင္းဟာ လက္ရွိခ်န္ပီယံမန္စီးတီးနဲ႔ရင္ဆိုင္မယ့္ပြဲအတြက္ ခံစစ္အက်ပ္အတည္းနဲ႔ ရင္ဆိုင္ေနရပါတယ္။

ပြဲထြက္ေတြျဖစ္တဲ့ မာတစ္နဲ႔ အာႏိုးဒဏ္ရာရေနသလို ဗဟိုခံစစ္ကစားသမားတစ္ေယာက္ျဖစ္တဲ့ ကိုနာတီဟာလည္း ႂကြက္သားဒဏ္ရာေၾကာင့္ ၿပီးခဲ့တဲ့ ေသာၾကာေန႔ေလ့က်င့္ေရး အစီအစဥ္ကိုလြဲေခ်ာ္ခဲ့ရပါတယ္။

The Athletic ရဲ႕ေဖာ္ျပခ်က္အရ ကိုနာတီကိစၥဟာ အေသးအဖြဲလို႔ဆိုေပမဲ့ ကေလာ့ပ္ဘက္က ဒဏ္ရာေၾကာင့္ ၂လ ေလာက္နားခဲ့ရတဲ့ လိုက္ပ္ဇစ္ဗဟိုေနာက္ခံလူေဟာင္းကို စြန႔္စားၿပီးပြဲထုတ္ႏိုင္ေခ်နည္းပါတယ္။

ကိုနာတီမပါႏိုင္ရင္ေတာ့ ဗဟိုခံစစ္မွာ ဗန္ဒိုက္ရဲ႕ ပါတနာအျဖစ္ ကြင္းလယ္လူဖာဘင္ဟိုကိုသုံးႏိုင္ေပမဲ့ ကေလာ့ပ္ဟာ ဒီေနရာအတြက္ဂ်ိဳးဂိုမက္ဇ္ကို သာဦးစားေပးရဖြယ္ရွိတယ္။

ညာေနာက္ခံေနရာအတြက္ေတာ့ အေတြ႕အႀကဳံေကာင္းရွိတဲ့ ဂ်ိမ္းစ္မီလ္နာကို သုံးရဖို႔ရွိေနပါတယ္။

ႀကိဳးၾကာနီပရိ သတ္ေတြကေတာ့ အခုလိုပြဲႀကီးအတြက္အင္အားေလ်ာ့ေနတဲ့ သူတို႔ခံစစ္နဲ႔ပတ္သတ္ ၿပီးစိုးရိမ္ပူပန္ေနၾကပါတယ္။

“ညာေနာက္ခံေနရာမွာ မီလ္နာကစားမယ္ဆိုရင္ မႏွစ္ ကအိမ္ကြင္းပြဲမွာ အထုတ္ခံရလုနီးပါးအေျခအေနဆိုးခဲ့လို႔ ကြၽန္ေတာ္လက္ေလွ်ာ့ လိုက္ပါၿပီ” လို႔ ပရိသတ္တစ္ေယာက္ကေရးသားခဲ့သလို ေနာက္တစ္ေယာက္က “မီလ္နာထက္ အကယ္ဒမီကညာေနာက္ခံလူတစ္ေယာက္ကိုသာ အခြင့္အေရးေပး ခ်င္ပါတယ္” လို႔ စိတ္ပ်က္လက္ပ်က္ေရးသားခဲ့ပါတယ္။

လီဗာပူးဟာ ရာသီႀကိဳကြန္ ျမဴနတီဒိုင္းပြဲစဥ္မွာ မန္စီးတီးကိုအႏိုင္ရခဲ့ေပမဲ့ လက္ရွိမွာေတာ့ အဆင့္ ၁၁ ေနရာ ေရာက္ေနၿပီး မန္စီးတီးနဲ႔ ၁၃မွတ္ အထိကြာဟေနတာေၾကာင့္ အန္ဖီးလ္မွာ အမွတ္ ကြာဟခ်က္ကိုေလွ်ာ့ခ်ႏိုင္ဖို႔လိုအပ္ေနပါတယ္။