မန်စီးတီးပွဲကိုသာပြီး နောင်တရနေလောက်ပြီဖြစ်တဲ့ စီရော်နယ်ဒိုရဲ့မိခင်

စီရော်နယ်ဒိုရဲ့မိခင်ဒိုလိုရက်စ်အဗိုင်ရိုဟာ စပို့တင်းနဲ့မန်စီးတီးတို့ရဲ့

ချန်ပီယံလိဂ်ပွဲစဉ်ကို တက်ရောက်အားပေးခဲ့ပြီး အဲဒီဆုံးဖြတ်ချက်အတွက်

သူမ အလျှင်အမြန်ပဲ နောင်တရနေလောက်မှာ ဖြစ်ပါတယ်။

ပေါ်တူဂီချန်ပီယံအသင်းက ပရီးမီးယားလိဂ်ဦးဆောင်သူမန်စီးတီးကို

ဧည့်ခံကစားတော့ ၆၇ နှစ်အရွယ် ဒိုလာရက်စ်ကို

မကန်ခင် ပွဲကြည့်စင်ပေါ်မှာ တွေ့မြင်ခဲ့ရတာပါ။

ဖြစ်ချင်တော့ အဲဒီပွဲမှာ မန်စီးတီးက စောစောစီးစီး ၃ ဂိုးပြတ်ဖြစ်နေခဲ့ပြီး

ပထမပိုင်းအပြီးမှာ ၄-၀ ဖြစ်နေခဲ့ကာ ပွဲပြီးတော့ ၅ ဂိုးပြတ်နဲ့အနိုင်ရသွားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ သားဖြစ်သူရဲ့အသင်းဟာ မန်ချက်စတာမှာ

ဘရိုက်တန်နဲ့ပရီးမီးယားလိဂ်ပွဲကစားနေတာဖြစ်ပြီး  အဲဒီပွဲမှာ စီရော်နယ်ဒိုဟာ

သူ့ရဲ့ကာလရှည်ဂိုးပေါက်ပျောက်မှုကို အဆုံးသတ်နိုင်ခဲ့တာပါ။

စီရော်နယ်ဒိုရဲ့မိခင်ဟာ သားဖြစ်သူရဲ့ကစားသမားဘဝစတင်ခဲ့တဲ့အသင်းကို

အခုလိုတက်ရောက်အားပေးတာလည်း ဖြစ်ပါတယ်။

စပို့တင်းမှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝစတင်ခဲ့တဲ့ စီရော်နယ်ဒိုဟာ

၂၀၀၃ မှာ မန်ယူကို ပြောင်းရွှေ့ခဲ့တာပါ။

ပြီးခဲ့တဲ့နွေရာသီတုန်းကလည်း ဒိုလိုရက်စ်က ကစားသမားဘဝက မနားခင်မှာ

သားဖြစ်သူကို စပို့တင်းအင်္ကျီနဲ့မြင်လိုကြောင်း ဖွင့်ဟခဲ့ပါတယ်။

”စီရော်နယ်ဒိုဟာ ဒီကိုပြန်လာရမှာပါ။ ကျွန်မဆုံးဖြတ်ချက်နဲ့ဆိုရင်

ဒီကို သူရောက်နေနှင့်ပြီပေါ့။ သူကလည် စပို့တင်းပွဲတွေကြည့်ရတာကို

ကြိုက်နှစ်သက်ပါတယ်။ ငါမသေခင်မှာ စပို့တင်းကို ပြန်လာတာ

မြင်ချင်တယ်လို့ သူ့ကို ပြောထားပါတယ်”လို့ စီရော်နယ်ဒိုရဲ့မိခင်က ပြောခဲ့ဖူးတာပါ။

ဒိုလိုရက်စ်ဟာ စပို့တင်းအသင်းရဲ့အမာခံပရိသတ်တစ်ယောက်လည်း ဖြစ်ပါတယ်။

သူဟာ မြေးဖြစ်သူခရစ္စတီယာနိုဂျူနီယာကိုလည်း

တစ်ချိန်မှာ စပို့တင်းအတွက် ကစားပေးစေချင်နေတာပါ။

zawgyi

မန္စီးတီးပြဲကိုသာၿပီး ေနာင္တရေနေလာက္ၿပီျဖစ္တဲ့ စီေရာ္နယ္ဒိုရဲ႕မိခင္

စီေရာ္နယ္ဒိုရဲ႕မိခင္ဒိုလိုရက္စ္အဗိုင္႐ိုဟာ စပို႔တင္းနဲ႔မန္စီးတီးတို႔ရဲ႕

ခ်န္ပီယံလိဂ္ပြဲစဥ္ကို တက္ေရာက္အားေပးခဲ့ၿပီး အဲဒီဆုံးျဖတ္ခ်က္အတြက္

သူမ အလွ်င္အျမန္ပဲ ေနာင္တရေနေလာက္မွာ ျဖစ္ပါတယ္။

ေပၚတူဂီခ်န္ပီယံအသင္းက ပရီးမီးယားလိဂ္ဦးေဆာင္သူမန္စီးတီးကို

ဧည့္ခံကစားေတာ့ ၆၇ ႏွစ္အ႐ြယ္ ဒိုလာရက္စ္ကို

မကန္ခင္ ပြဲၾကည့္စင္ေပၚမွာ ေတြ႕ျမင္ခဲ့ရတာပါ။

ျဖစ္ခ်င္ေတာ့ အဲဒီပြဲမွာ မန္စီးတီးက ေစာေစာစီးစီး ၃ ဂိုးျပတ္ျဖစ္ေနခဲ့ၿပီး

ပထမပိုင္းအၿပီးမွာ ၄-၀ ျဖစ္ေနခဲ့ကာ ပြဲၿပီးေတာ့ ၅ ဂိုးျပတ္နဲ႔အႏိုင္ရသြားခဲ့ပါတယ္။

တစ္ခ်ိန္တည္းမွာပဲ သားျဖစ္သူရဲ႕အသင္းဟာ မန္ခ်က္စတာမွာ

ဘ႐ိုက္တန္နဲ႔ပရီးမီးယားလိဂ္ပြဲကစားေနတာျဖစ္ၿပီး  အဲဒီပြဲမွာ စီေရာ္နယ္ဒိုဟာ

သူ႔ရဲ႕ကာလရွည္ဂိုးေပါက္ေပ်ာက္မႈကို အဆုံးသတ္ႏိုင္ခဲ့တာပါ။

စီေရာ္နယ္ဒိုရဲ႕မိခင္ဟာ သားျဖစ္သူရဲ႕ကစားသမားဘဝစတင္ခဲ့တဲ့အသင္းကို

အခုလိုတက္ေရာက္အားေပးတာလည္း ျဖစ္ပါတယ္။

စပို႔တင္းမွာ ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝစတင္ခဲ့တဲ့ စီေရာ္နယ္ဒိုဟာ

၂၀၀၃ မွာ မန္ယူကို ေျပာင္းေ႐ႊ႕ခဲ့တာပါ။

ၿပီးခဲ့တဲ့ေႏြရာသီတုန္းကလည္း ဒိုလိုရက္စ္က ကစားသမားဘဝက မနားခင္မွာ

သားျဖစ္သူကို စပို႔တင္းအက်ႌနဲ႔ျမင္လိုေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

”စီေရာ္နယ္ဒိုဟာ ဒီကိုျပန္လာရမွာပါ။ ကြၽန္မဆုံးျဖတ္ခ်က္နဲ႔ဆိုရင္

ဒီကို သူေရာက္ေနႏွင့္ၿပီေပါ့။ သူကလည္ စပို႔တင္းပြဲေတြၾကည့္ရတာကို

ႀကိဳက္ႏွစ္သက္ပါတယ္။ ငါမေသခင္မွာ စပို႔တင္းကို ျပန္လာတာ

ျမင္ခ်င္တယ္လို႔ သူ႔ကို ေျပာထားပါတယ္”လို႔ စီေရာ္နယ္ဒိုရဲ႕မိခင္က ေျပာခဲ့ဖူးတာပါ။

ဒိုလိုရက္စ္ဟာ စပို႔တင္းအသင္းရဲ႕အမာခံပရိသတ္တစ္ေယာက္လည္း ျဖစ္ပါတယ္။

သူဟာ ေျမးျဖစ္သူခရစၥတီယာႏိုဂ်ဴနီယာကိုလည္း

တစ္ခ်ိန္မွာ စပို႔တင္းအတြက္ ကစားေပးေစခ်င္ေနတာပါ။