မန်စီးတီးပရိသတ်တစ်ယောက်ရဲ့အနားကပ်လာ လှောင်ပြောင်ခြင်းခံခဲ့ရ ဖာဂူဆန်

ဆာအဲလက်စ်ဖာဂူဆန်ဟာ မန်ချက်စတာဒါဘီပွဲအပြီး

အီတီဟတ်ကွင်းက အထွက်မှာ မန်စီးတီးပရိသတ်တစ်ယောက်ရဲ့

အနားကပ်လာ လှောင်ပြောင်ခြင်းခံခဲ့ရပါတယ်။

အဲဒီမန်ယူဂန္ထဝင်နည်းပြဟောင်းဟာ သူ့အသင်းဟောင်း

ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ပွဲကို ပွဲကြည့်စင်ကနေ အားပေးခဲ့တာပါ။

တစ်ချိန်က ဆူညံလွန်းတဲ့အိမ်နီးချင်းတွေလို့ သူပြောခဲ့ဖူးတဲ့အသင်းဟာ

မန်ယူကို ခြေပြတ်ဂိုးပြတ်ကစားသွားခဲ့တာ ဖြစ်ပါတယ်။

ပွဲပြီးတော့ ကွင်းထဲကနေ ဖာဂူဆန်အထွက်မှာ မန်စီးတီးပရိသတ်တစ်ယောက်က

ဖာဂူဆန်ရဲ့မျက်နှာအနားလာပြီး ထပ်တလဲအော်ဟစ်မှုလုပ်ခဲ့တာပါ။

အဲဒီမန်စီးတီးပရိသတ်က ”ငါ့တစ်သက်မှာ ဘယ်တော့မှ မဖြစ်စေရ။

စီးတီး..စီးတီး…စီးတီ”လို့ ဖာဂူဆန်ရဲ့အနားကပ်လာပြီး

ဆက်တိုက်အော်ခဲ့တာ ဖြစ်ပါတယ်။

အဲဒါဟာ ၂၀၀၉ တုန်းက ဖာဂူဆန်သုံးခဲ့တဲ့စကားလုံးတွေကို

ပြန်လည်အသုံးပြုခဲ့တာပါ။

အဲဒီအချိန်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ယူနိုက်တက်ဟာ

မန်ချက်စတာဒါဘီကို အောက်အသင်းအနေနဲ့ ကစားရဖို့ ရှိလာမှာလားလို့

မေးမြန်းတော့ ဖာဂူဆန်က”အခုဘယ်အချိန်ရှိပြီလဲ။

ကျွန်တော်သွားဖို့ အချိန်တန်ပြီလို့ ထင်တယ်။

အဲဒါက ကျွန်တော့်တစ်သက်တော့ ဖြစ်လာဖို့မရှိဘူး”လို့ ထေ့ငေါ့စွာပြန်ဖြေခဲ့ပါတယ်။

ဖာဂူဆန် အဲဒီလိုပြောခဲ့တာကို မန်စီးတီးပရိသတ်တွေက

ဘယ်တော့မှ မမေ့ခဲ့ဘဲ အီတီဟတ်ကွင်းက မန်ချက်စတာဒါဘီပွဲအတွင်းမှာလည်း

အဲဒီစကားလုံးနဲ့ပဲ ဖာဂူဆန်ကို ပြန်လှောင်ခဲ့တာပါ။

ပွဲမတိုင်ခင်မှာ အိမ်ရှင်ပရိသတ်တွေက “Not in my lifetime” ဆိုတဲ့

စာတန်းကို ချိတ်ဆွဲပြပြီး ဖာဂူဆန်ပြောခဲ့ဖူးတာကို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၃ မှာ ဖာဂူဆန်အနားယူသွားပြီးကတည်းက

မန်ယူဟာ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲနိုင်ခြင်းမရှိတော့ဘဲ မန်စီးတီးကတော့

အဲဒီကာလအတွင်း ၅ ကြိမ်ဗိုလ်စွဲခဲ့တာပါ။

zawgyi

မန္စီးတီးပရိသတ္တစ္ေယာက္ရဲ႕အနားကပ္လာ ေလွာင္ေျပာင္ျခင္းခံခဲ့ရ ဖာဂူဆန္

ဆာအဲလက္စ္ဖာဂူဆန္ဟာ မန္ခ်က္စတာဒါဘီပြဲအၿပီး

အီတီဟတ္ကြင္းက အထြက္မွာ မန္စီးတီးပရိသတ္တစ္ေယာက္ရဲ႕

အနားကပ္လာ ေလွာင္ေျပာင္ျခင္းခံခဲ့ရပါတယ္။

အဲဒီမန္ယူဂႏၴဝင္နည္းျပေဟာင္းဟာ သူ႔အသင္းေဟာင္း

ဂိုးျပတ္ရႈံးနိမ့္ခဲ့တဲ့ပြဲကို ပြဲၾကည့္စင္ကေန အားေပးခဲ့တာပါ။

တစ္ခ်ိန္က ဆူညံလြန္းတဲ့အိမ္နီးခ်င္းေတြလို႔ သူေျပာခဲ့ဖူးတဲ့အသင္းဟာ

မန္ယူကို ေျချပတ္ဂိုးျပတ္ကစားသြားခဲ့တာ ျဖစ္ပါတယ္။

ပြဲၿပီးေတာ့ ကြင္းထဲကေန ဖာဂူဆန္အထြက္မွာ မန္စီးတီးပရိသတ္တစ္ေယာက္က

ဖာဂူဆန္ရဲ႕မ်က္ႏွာအနားလာၿပီး ထပ္တလဲေအာ္ဟစ္မႈလုပ္ခဲ့တာပါ။

အဲဒီမန္စီးတီးပရိသတ္က ”ငါ့တစ္သက္မွာ ဘယ္ေတာ့မွ မျဖစ္ေစရ။

စီးတီး..စီးတီး…စီးတီ”လို႔ ဖာဂူဆန္ရဲ႕အနားကပ္လာၿပီး

ဆက္တိုက္ေအာ္ခဲ့တာ ျဖစ္ပါတယ္။

အဲဒါဟာ ၂၀၀၉ တုန္းက ဖာဂူဆန္သုံးခဲ့တဲ့စကားလုံးေတြကို

ျပန္လည္အသုံးျပဳခဲ့တာပါ။

အဲဒီအခ်ိန္က သတင္းစာရွင္းလင္းပြဲတစ္ခုမွာ ယူႏိုက္တက္ဟာ

မန္ခ်က္စတာဒါဘီကို ေအာက္အသင္းအေနနဲ႔ ကစားရဖို႔ ရွိလာမွာလားလို႔

ေမးျမန္းေတာ့ ဖာဂူဆန္က”အခုဘယ္အခ်ိန္ရွိၿပီလဲ။

ကြၽန္ေတာ္သြားဖို႔ အခ်ိန္တန္ၿပီလို႔ ထင္တယ္။

အဲဒါက ကြၽန္ေတာ့္တစ္သက္ေတာ့ ျဖစ္လာဖို႔မရွိဘူး”လို႔ ေထ့ေငါ့စြာျပန္ေျဖခဲ့ပါတယ္။

ဖာဂူဆန္ အဲဒီလိုေျပာခဲ့တာကို မန္စီးတီးပရိသတ္ေတြက

ဘယ္ေတာ့မွ မေမ့ခဲ့ဘဲ အီတီဟတ္ကြင္းက မန္ခ်က္စတာဒါဘီပြဲအတြင္းမွာလည္း

အဲဒီစကားလုံးနဲ႔ပဲ ဖာဂူဆန္ကို ျပန္ေလွာင္ခဲ့တာပါ။

ပြဲမတိုင္ခင္မွာ အိမ္ရွင္ပရိသတ္ေတြက “Not in my lifetime” ဆိုတဲ့

စာတန္းကို ခ်ိတ္ဆြဲျပၿပီး ဖာဂူဆန္ေျပာခဲ့ဖူးတာကို တုံ႔ျပန္ခဲ့တာ ျဖစ္ပါတယ္။

၂၀၁၃ မွာ ဖာဂူဆန္အနားယူသြားၿပီးကတည္းက

မန္ယူဟာ ပရီးမီးယားလိဂ္မွာ ဗိုလ္စြဲႏိုင္ျခင္းမရွိေတာ့ဘဲ မန္စီးတီးကေတာ့

အဲဒီကာလအတြင္း ၅ ႀကိမ္ဗိုလ္စြဲခဲ့တာပါ။