မန်စီးတီးနဲ့လီဗာပူးတို့ ထိပ်တိုက်ဆုံခဲ့ပြီး ဘန်လေနဲ့ မန်ယူတို့ စီးချင်းထိုးရမယ့် ကာရာဘောင်ဖလား

ကာရာဘောင်ဖလားရဲ့ ၁၆ သင်းအဆင့်တွေ မဲခွဲခဲ့ရာမှာတော့ လက်ရှိချန်ပီယံ လီဗာပူးဟာ မန်စီးတီးနဲ့ ထိပ်တိုက်ဆုံခဲ့ပြီး မန်ယူကတော့ ဘန်လေနဲ့ ရင်ဆိုင်တွေ့ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ အဆင့်မှာ ချဲလ်ဆီးကို ဖြုတ်ချနိုင်ခဲ့တဲ့ မန်စီးတီးဟာ အခု စတုတ္ထအဆင့်မှာလည်း အသင်းကြီးနဲ့ ထိပ်တိုက်ဆုံခဲ့တာဖြစ်ပြီး မန်ယူကတော့

မန်စီးတီးကစားသမားဟောင်း ကွမ်ပနီ ကိုင်တွယ်နေတဲ့ ဘန်လေကို ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် မှာ အဆင့် ၃ နေရာကို ရောက်နေတဲ့

နယူးကာဆယ်ကတော့ ဘုန်းမောက်နဲ့ ရင်ဆိုင်ရမှာဖြစ်လို့ အက်ဒီဟိုဝီဟာ သူ့ရဲ့ အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ကာရာဘောင်

ဖလားရဲ့ ၁၆ သင်းအဆင့် ပွဲစဉ်တွေကို ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီး ရက်ပိုင်းအတွင်း ကျင်းပမှာ ဖြစ်သလို ဘောက်ဆင်ဒေးနဲ့ သိပ်မကွာလှတဲ့ ရက်အပိုင်းအခြားမှာပဲ

ကျင်းပသွားဖို့ ရှိနေပါတယ်။ ဒါကြောင့် ပွဲကစားချိန်တွေ အရမ်းကျပ်လွန်းနေတဲ့ ပရီးမီးယားလိဂ် ကစားသမားတွေအတွက်တော့ ပွဲပန်းနိုင်တဲ့ အခြေအနေမျိုးတွေ ရှိလာနိုင်ပါတယ်။

မန်စီးတီးဟာ ကာရာဘောင်ဖလားကို ၄ နောက်ဆုံး ၅ နှစ်အတွင်းမှာ ၄ ကြိမ်ရယူထားတဲ့အသင်းဖြစ်ပြီး လီဗာပူးကတော့ ၁ ကြိမ် ရထားတဲ့ အသင်း ဖြစ်ပါတယ်။

မန်ယူကတော့ ချန်ပီယံရှစ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဘန်လေနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ နောက်တစ်ဆင့်တက်ဖို့အတွက် လွယ်လွယ် ကူကူ ကျော်ဖြတ်ခွင့်ရဖို့တော့

မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘန်လေနည်းပြ ကွမ်ပနီဟာ မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ် ရ ယူနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပြီး

မန်ယူရဲ့ အဓိက ပြိုင်ဘက် ကစားသမားတစ် ယောက်ဖြစ်ခဲ့တာကြောင့်ပါ။ ကာရာဘောင်ဖလားရဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်အသင်းတွေကတော့

မန်စီးတီး၊ မန်ယူ၊ လီဗာပူး၊ နယူးကာဆယ်၊ ဘုန်းမောက်၊ လက်စတာ၊ ဘရိုက်တန်၊ ဝုဗ်၊ ဆောက်သမ်တန်နဲ့ နော်တင်ဟမ်တို့ ဖြစ်ကြပြီး ကျန်အသင်းတွေကတော့

ချန်ပီယံရှစ်နဲ့ တန်းနိမ့်ပြိုင်ပွဲတွေက အသင်းတွေ ဖြစ်ကြပါတယ်။

(Zawgyi)

မန္စီးတီးနဲ႔လီဗာပူးတို႔ ထိပ္တိုက္ဆုံခဲ့ၿပီး ဘန္ေလနဲ႔ မန္ယူတို႔ စီးခ်င္းထိုးရမယ့္ ကာရာေဘာင္ဖလား

ကာရာေဘာင္ဖလားရဲ႕ ၁၆ သင္းအဆင့္ေတြ မဲခြဲခဲ့ရာမွာေတာ့ လက္ရွိခ်န္ပီ ယံ လီဗာပူးဟာ မန္စီးတီးနဲ႔ ထိပ္တိုက္ဆုံခဲ့ၿပီး မန္ယူကေတာ့ ဘန္ေလနဲ႔ ရင္ ဆိုင္ေတြ႕ခဲ့ရပါတယ္။

ၿပီးခဲ့တဲ့ အဆင့္မွာ ခ်ဲလ္ဆီးကို ျဖဳတ္ခ်ႏိုင္ခဲ့တဲ့ မန္စီး တီးဟာ အခု စတုတၳအဆင့္မွာလည္း အသင္းႀကီးနဲ႔ ထိပ္တိုက္ဆုံခဲ့တာျဖစ္ၿပီး မန္ယူကေတာ့

မန္စီးတီးကစားသမားေဟာင္း ကြမ္ပနီ ကိုင္တြယ္ေနတဲ့ ဘန္ေလကို ရင္ဆိုင္ရေတာ့မွာ ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ မွာ အဆင့္ ၃ ေနရာကို ေရာက္ေနတဲ့ နယူးကာဆယ္ကေတာ့

ဘုန္းေမာက္နဲ႔ ရင္ ဆိုင္ရမွာျဖစ္လို႔ အက္ဒီဟိုဝီဟာ သူ႔ရဲ႕ အသင္းေဟာင္းကို ျပန္လည္ရင္ဆိုင္ ရမွာ ျဖစ္ပါတယ္။ ကာရာေဘာင္ ဖလားရဲ႕ ၁၆ သင္းအဆင့္

ပြဲစဥ္ေတြကို ကမာၻ႔ဖလားဗိုလ္လုပြဲအၿပီး ရက္ပိုင္းအတြင္း က်င္းပမွာ ျဖစ္သလို ေဘာက္ ဆင္ေဒးနဲ႔ သိပ္မကြာလွတဲ့ ရက္အပိုင္းအျခားမွာပဲ က်င္းပသြားဖို႔ ရွိေနပါ တယ္။

ဒါေၾကာင့္ ပြဲကစားခ်ိန္ေတြ အရမ္းက်ပ္လြန္းေနတဲ့ ပရီးမီးယားလိဂ္ ကစားသမားေတြအတြက္ေတာ့ ပြဲပန္းႏိုင္တဲ့ အေျခအေနမ်ိဳးေတြ ရွိလာႏိုင္ပါ တယ္။

မန္စီးတီးဟာ ကာရာေဘာင္ဖလားကို ၄ ေနာက္ဆုံး ၅ ႏွစ္အတြင္းမွာ ၄ ႀကိမ္ရယူထားတဲ့အသင္းျဖစ္ၿပီး လီဗာပူးကေတာ့ ၁ ႀကိမ္ ရထားတဲ့ အသင္း ျဖစ္ပါတယ္။

မန္ယူကေတာ့ ခ်န္ပီယံရွစ္ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ ဘန္ေလနဲ႔ ရင္ဆိုင္ရမွာျဖစ္လို႔ ေနာက္တစ္ဆင့္တက္ဖို႔အတြက္ လြယ္လြယ္ ကူကူ ေက်ာ္ျဖတ္ခြင့္ရဖို႔ေတာ့ မျဖစ္ႏိုင္ပါဘူး။

ဘာေၾကာင့္လဲဆိုေတာ့ ဘန္ ေလနည္းျပ ကြမ္ပနီဟာ မန္စီးတီးနဲ႔အတူ ပရီးမီးယားလိဂ္ဖလား ၄ ႀကိမ္ ရ ယူႏိုင္ခဲ့တဲ့ ကစားသမားျဖစ္ၿပီး မန္ယူရဲ႕ အဓိက ၿပိဳင္ဘက္

ကစားသမားတစ္ ေယာက္ျဖစ္ခဲ့တာေၾကာင့္ပါ။ ကာရာေဘာင္ဖလားရဲ႕ ၁၆ သင္းအဆင့္ကို တက္ေရာက္ႏိုင္ခဲ့တဲ့ ပရီးမီးယားလိဂ္အသင္းေတြကေတာ့

မန္စီးတီး၊ မန္ယူ၊ လီဗာပူး၊ နယူးကာဆယ္၊ ဘုန္းေမာက္၊ လက္စတာ၊ ဘ႐ိုက္တန္၊ ဝုဗ္၊ ေဆာက္သမ္တန္နဲ႔ ေနာ္တင္ဟမ္တို႔ ျဖစ္ၾကၿပီး က်န္အသင္းေတြကေတာ့ ခ်န္ပီယံရွစ္နဲ႔

တန္းနိမ့္ၿပိဳင္ပြဲေတြက အသင္းေတြ ျဖစ္ၾကပါတယ္။