မန်စီးတီးနဲ့တွေ့ဆုံမှုမှာ ဘယ်လိုရလဒ်ပဲကြုံပါစေ…ဂန်းနားတွေ ချန်ပီယံဖြစ်မယ်လို့ ဖာဒီနန် ရဲတင်းစွာ ဟောကိန်းထုတ်

ဖာဒီနန်ကတော့ ဒီရာသီပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်

အသင်းဟောင်းယူနိုက်တက်ကို ပယ်ချလိုက်ပြီး အာဆင်နယ်ကို

ရဲရဲတင်းတင်းရွေးချယ်ပေးလိုက်ပါတယ်။ အာတီတာရဲ့အသင်းဟာ

လက်ရှိချန်ပီယံ မန်စီးတီးကို ၅ မှတ်ဖြတ်ထားသလို ဒီရာသီမှာ

ရှုံးပွဲတစ်ပွဲသာရှိခဲ့တာဖြစ်တယ်။ ဂန်းနားတွေဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ

သူတို့ရဲ့ထိပ်တန်းပစ်မှတ် ၂ခုကိုခေါ်ယူဖို့ပျက်ကွက်ခဲ့ပါတယ်။

ပထမဆုံးအနေနဲ့ မူဒရက်ကို ချဲလ်ဆီးကလုယူခဲ့သလို မွိုက်ဆက်စ်

ကိုင်စီဒိုကိုလည်း ဘရိုက်တန်ဘက်က ရာသီလယ်မှာရောင်းချဖို့

ဆန္ဒမရှိခဲ့ပါဘူး။ ဒါကြောင့် အာတီတာဟာ တစ်ဆင့်နိမ့်ချလိုက်တဲ့ပုံစံနဲ့

ထရိုဆက်၊ ကီဝီယာနဲ့ ဂျော်ဂျင်ဟိုတို့ကိုခေါ်ယူအားဖြည့်ခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ ဒီရာသီခြေစွမ်းကတော့ ၂၀၀၄ နောက်ပိုင်း

ပထမဆုံးချန်ပီယံဖြစ်ရမယ်လို့ ကြွားလုံးထုတ်ပြထားသလိုပါပဲ။

ယူနိုက်တက်နောက်ခံလူဟောင်း ဖာဒီနန်ကတော့ ဒါဟာတကယ်

ဖြစ်သွားလိမ့်မယ်လို့ ဆိုပါတယ်။ သူ့ရဲ့ FIVE YouTube

ချန်နယ်ကတစ်ဆင့် ဖာဒီနန်က “ဒီနေရာမှာတော့ ငါ့ဘက်က

ရိုးသားရလိမ့်မယ်လို့ထင်တယ်။ မန်စီးတီးနဲ့တွေ့ဆုံမှုမှာ

အာဆင်နယ်ကဘယ်လိုရလဒ်မျိုးကြုံပါစေ၊ သူတို့က ချန်ပီယံဆုကို

ရယူနိုင်လောက်တဲ့ ယုံကြည်ချက်၊ အရည်အသွေးနဲ့ တည်ငြိမ်မှုက

လုံလောက်တဲ့အနေအထားရှိတယ်လို့ထင်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

အသင်းဟောင်း ယူနိုက်တက်ကတော့ လမ်းကြောင်းမှန်ပေါ်

ပြန်ရောက်လာပြီဖြစ်ပေမဲ့ ဖာဒီနန်ကတော့ ချန်ပီယံအဖြစ်ရည်ညွှန်းပြောဆိုခြင်းမရှိခဲ့ပါဘူး။

zawgyi

မန္စီးတီးနဲ႔ေတြ႕ဆုံမႈမွာ ဘယ္လိုရလဒ္ပဲႀကဳံပါေစ…ဂန္းနားေတြ ခ်န္ပီယံျဖစ္မယ္လို႔ ဖာဒီနန္ ရဲတင္းစြာ ေဟာကိန္းထုတ္

ဖာဒီနန္ကေတာ့ ဒီရာသီပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္

အသင္းေဟာင္းယူႏိုက္တက္ကို ပယ္ခ်လိုက္ၿပီး အာဆင္နယ္ကို

ရဲရဲတင္းတင္းေ႐ြးခ်ယ္ေပးလိုက္ပါတယ္။ အာတီတာရဲ႕အသင္းဟာ

လက္ရွိခ်န္ပီယံ မန္စီးတီးကို ၅ မွတ္ျဖတ္ထားသလို ဒီရာသီမွာ

ရႈံးပြဲတစ္ပြဲသာရွိခဲ့တာျဖစ္တယ္။ ဂန္းနားေတြဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ

သူတို႔ရဲ႕ထိပ္တန္းပစ္မွတ္ ၂ခုကိုေခၚယူဖို႔ပ်က္ကြက္ခဲ့ပါတယ္။

ပထမဆုံးအေနနဲ႔ မူဒရက္ကို ခ်ဲလ္ဆီးကလုယူခဲ့သလို မြိဳက္ဆက္စ္

ကိုင္စီဒိုကိုလည္း ဘ႐ိုက္တန္ဘက္က ရာသီလယ္မွာေရာင္းခ်ဖို႔

ဆႏၵမရွိခဲ့ပါဘူး။ ဒါေၾကာင့္ အာတီတာဟာ တစ္ဆင့္နိမ့္ခ်လိုက္တဲ့ပုံစံနဲ႔

ထ႐ိုဆက္၊ ကီဝီယာနဲ႔ ေဂ်ာ္ဂ်င္ဟိုတို႔ကိုေခၚယူအားျဖည့္ခဲ့ပါတယ္။

အာဆင္နယ္အသင္းရဲ႕ ဒီရာသီေျခစြမ္းကေတာ့ ၂၀၀၄ ေနာက္ပိုင္း

ပထမဆုံးခ်န္ပီယံျဖစ္ရမယ္လို႔ ႂကြားလုံးထုတ္ျပထားသလိုပါပဲ။

ယူႏိုက္တက္ေနာက္ခံလူေဟာင္း ဖာဒီနန္ကေတာ့ ဒါဟာတကယ္

ျဖစ္သြားလိမ့္မယ္လို႔ ဆိုပါတယ္။ သူ႔ရဲ႕ FIVE YouTube

ခ်န္နယ္ကတစ္ဆင့္ ဖာဒီနန္က “ဒီေနရာမွာေတာ့ ငါ့ဘက္က

႐ိုးသားရလိမ့္မယ္လို႔ထင္တယ္။ မန္စီးတီးနဲ႔ေတြ႕ဆုံမႈမွာ

အာဆင္နယ္ကဘယ္လိုရလဒ္မ်ိဳးႀကဳံပါေစ၊ သူတို႔က ခ်န္ပီယံဆုကို

ရယူႏိုင္ေလာက္တဲ့ ယုံၾကည္ခ်က္၊ အရည္အေသြးနဲ႔ တည္ၿငိမ္မႈက

လုံေလာက္တဲ့အေနအထားရွိတယ္လို႔ထင္ပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။

အသင္းေဟာင္း ယူႏိုက္တက္ကေတာ့ လမ္းေၾကာင္းမွန္ေပၚ

ျပန္ေရာက္လာၿပီျဖစ္ေပမဲ့ ဖာဒီနန္ကေတာ့ ခ်န္ပီယံအျဖစ္ရည္ၫႊန္းေျပာဆိုျခင္းမရွိခဲ့ပါဘူး။