မန်စီးတီးကို ၅ မှတ်အထိ ဖြတ်ထားပြီး ရာသီဝက်ချန်ပီယံဖြစ်ခဲ့လို့ အာတီတာလေတိုက်နေပြီ

ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်တွေ တစ်လကျော်ကြာအောင် ရပ်နားလိုက်ရပေမဲ့ အာဆင်နယ်အသင်း လက်ရှိသွားနေတဲ့ အရှိန်အဟုန်ကို

ထိခိုက်စေမှာ မဟုတ်ဘူးလို့ အာဆင်နယ်နည်းပြ အာတီတာက ပြောဆိုလိုက်ပါတယ်။ စနေညက ကစားခဲ့တဲ့ ပွဲစဉ်မှာ ဝုဗ်ကို အသင်းခေါင်းဆောင် အိုဒီဂတ်ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့

အနိုင်ရပြီးခဲ့တဲ့နောက် လန်ဒန်ကလပ်ဟာ ဒုတိယနေရာက လက်ရှိချန်ပီယံ မန်စီးတီးကို ၅ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီး ရာသီဝက် ချန်ပီယံ ဖြစ်သွားခဲ့ပါတယ်။

လာမယ့် တစ်ပတ်မှာတော့ ကမ္ဘာ့ ဖလားပြိုင်ပွဲတွေကို စတင်ကျင်းပတော့မှာဖြစ်ပြီး နိုဝင်ဘာ ၂၀ ကနေ ဒီဇင်ဘာ ၁၈ ရက်အထိ ကျင်းပမှာ ဖြစ်တာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်တွေဟာ

တစ်လကျော်ကြာ ရပ်နားထားရမှာ ဖြစ်တဲ့အတွက် ဘောက်ဆင်ဒေး နေ့ကျမှသာ ပြန်လည်စတင်နိုင်မှာ ဖြစ်ပါတယ်။ အခုလိုမျိုး ရက်အရှည်ကြီး ရပ်ထားလိုက်ရတာမျိုးရှိနေပေမဲ့

အာဆင်နယ်ရဲ့ အရှိန်အဟုန်ကို ထိခိုက်စေမှာ မဟုတ်ဘဲ လက်ရှိခြေစွမ်းနဲ့ ထပ်တူကျနေတဲ့ အာဆင်နယ်ကိုပဲ ဆက်လက်မြင်တွေ့ရမှာ ဖြစ်တယ်လို့ အာတီတာက ဝံ့ကြွား ပြောဆိုခဲ့တာပါ။

‘’ကျွန်တော်က မနက်ဖြန်မှာလည်း လေ့ကျင့်မှာပါ။ ဒါပေမဲ့ ကံဆိုးတာက သူတို့ကတော့ ဒီမှာ ရှိကြမှာ မဟုတ်ပါဘူး။ ကမ္ဘာ့ဖလားသွားပြီး ကစားကြတဲ့ သူတွေအားလုံးကို

ကျွန်တော် အကောင်းဆုံးဖြစ်စေဖို့ ဆန္ဒပြုပါတယ်။ သူတို့ လည်း ပျော်ကြလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆို တော့ နိုင်ငံအတွက် ကိုယ်စားပြုပြီး

ကစားရတာထက်ကောင်းတာ ဘာများ ရှိလို့လဲဗျာ။ ကမ္ဘာ့ဖလားပြိုင်ပွဲက အသင်းရဲ့ အရှိန်ကို တုံ့ဆိုင်းသွားစေလား ဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး။ ကျွန်တော်ကတော့

ဆက်လုပ် နေမှာဖြစ်ပြီး အကောင်းဆုံး မျှော်လင့်မှာဖြစ်ပါတယ်။ အကုန်လုံး ပြန်ရောက်လာကြတဲ့အခါ ကျွန်တော်တို့ရှိနေတဲ့ နေရာကို ချင့်ချိန်ဆုံးဖြတ်ပြီး အဲဒီကနေ ဆက်သွားမယ်’’ လို့

အာတီတာက ပြောဆိုခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ အဓိက ပွဲထွက် ကစားသမားအများစုဟာ နိုင်ငံလက်ရွေးစင်အသင်းနဲ့အတူ ကာတာကို သွားရောက်ရမှာ ဖြစ်ပေမဲ့

အရန်ကစားသမားတွေကတော့ ကလပ်အသင်းနဲ့အတူ ရှိနေမှာဖြစ်တဲ့အတွက် အားသာချက်တွေလည်း ရှိနေတယ်လို့ စပိန်သား နည်းပြက ထပ်ပြီး ပြောသွားခဲ့ပါတယ်။

(Zawgyi)

မန္စီးတီးကို ၅ မွတ္အထိ ျဖတ္ထားၿပီး ရာသီဝက္ခ်န္ပီယံျဖစ္ခဲ့လို႔ အာတီတာေလတိုက္ေနၿပီ

ကမာၻ႔ဖလားၿပိဳင္ပြဲေၾကာင့္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြ တစ္လေက်ာ္ၾကာ ေအာင္ ရပ္နားလိုက္ရေပမဲ့ အာဆင္နယ္အသင္း လက္ရွိသြားေနတဲ့ အရွိန္ အဟုန္ကို ထိခိုက္ေစမွာ

မဟုတ္ဘူးလို႔ အာဆင္နယ္နည္းျပ အာတီတာက ေျပာဆိုလိုက္ပါတယ္။ စေနညက ကစားခဲ့တဲ့ ပြဲစဥ္မွာ ဝုဗ္ကို အသင္းေခါင္း ေဆာင္ အိုဒီဂတ္ရဲ႕ သြင္းဂိုး ၂ ဂိုးနဲ႔ အႏိုင္ရၿပီးခဲ့တဲ့ေနာက္

လန္ဒန္ကလပ္ဟာ ဒုတိယေနရာက လက္ရွိခ်န္ပီယံ မန္စီးတီးကို ၅ မွတ္အထိ ျဖတ္ထားႏိုင္ခဲ့ၿပီး ရာသီဝက္ ခ်န္ပီယံ ျဖစ္သြားခဲ့ပါတယ္။ လာမယ့္ တစ္ပတ္မွာေတာ့ ကမာၻ႔ ဖလားၿပိဳင္ပြဲေတြကို

စတင္က်င္းပေတာ့မွာျဖစ္ၿပီး ႏိုဝင္ဘာ ၂၀ ကေန ဒီဇင္ဘာ ၁၈ ရက္အထိ က်င္းပမွာ ျဖစ္တာေၾကာင့္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြ ဟာ တစ္လေက်ာ္ၾကာ ရပ္နားထားရမွာ ျဖစ္တဲ့အတြက္

ေဘာက္ဆင္ေဒး ေန႔က်မွသာ ျပန္လည္စတင္ႏိုင္မွာ ျဖစ္ပါတယ္။ အခုလိုမ်ိဳး ရက္အရွည္ႀကီး ရပ္ထားလိုက္ရတာမ်ိဳးရွိေနေပမဲ့ အာဆင္နယ္ရဲ႕ အရွိန္အဟုန္ကို ထိခိုက္ ေစမွာ မဟုတ္ဘဲ

လက္ရွိေျခစြမ္းနဲ႔ ထပ္တူက်ေနတဲ့ အာဆင္နယ္ကိုပဲ ဆက္ လက္ျမင္ေတြ႕ရမွာ ျဖစ္တယ္လို႔ အာတီတာက ဝံ့ႂကြား ေျပာဆိုခဲ့တာပါ။ ‘’ကြၽန္ေတာ္က မနက္ျဖန္မွာလည္း ေလ့က်င့္မွာပါ။

ဒါေပမဲ့ ကံဆိုးတာက သူတို႔ကေတာ့ ဒီမွာ ရွိၾကမွာ မဟုတ္ပါဘူး။ ကမာၻ႔ဖလားသြားၿပီး ကစားၾကတဲ့ သူေတြအားလုံးကို ကြၽန္ေတာ္ အေကာင္းဆုံးျဖစ္ေစဖို႔ ဆႏၵျပဳပါတယ္။

သူတို႔ လည္း ေပ်ာ္ၾကလိမ့္မယ္လို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္ပါတယ္။ ဘာေၾကာင့္လဲဆို ေတာ့ ႏိုင္ငံအတြက္ ကိုယ္စားျပဳၿပီး ကစားရတာထက္ေကာင္းတာ ဘာမ်ား ရွိလို႔လဲဗ်ာ။

ကမာၻ႔ဖလားၿပိဳင္ပြဲက အသင္းရဲ႕ အရွိန္ကို တုံ႔ဆိုင္းသြားေစလား ဆိုတာေတာ့ ကြၽန္ေတာ္လည္း မသိပါဘူး။ ကြၽန္ေတာ္ကေတာ့ ဆက္လုပ္ ေနမွာျဖစ္ၿပီး အေကာင္းဆုံး ေမွ်ာ္လင့္မွာျဖစ္ပါတယ္။

အကုန္လုံး ျပန္ေရာက္ လာၾကတဲ့အခါ ကြၽန္ေတာ္တို႔ရွိေနတဲ့ ေနရာကို ခ်င့္ခ်ိန္ဆုံးျဖတ္ၿပီး အဲဒီကေန ဆက္သြားမယ္’’ လို႔ အာတီတာက ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္အသင္းရဲ႕ အဓိက ပြဲထြက္ ကစားသမားအမ်ားစုဟာ ႏိုင္ငံလက္ေ႐ြးစင္အသင္းနဲ႔အတူ ကာတာကို သြားေရာက္ရမွာ ျဖစ္ေပမဲ့ အရန္ကစားသမားေတြကေတာ့

ကလပ္အသင္းနဲ႔အတူ ရွိေနမွာျဖစ္တဲ့အတြက္ အားသာခ်က္ေတြလည္း ရွိေန တယ္လို႔ စပိန္သား နည္းျပက ထပ္ၿပီး ေျပာသြားခဲ့ပါတယ္။