မန်စီးတီးကို ၄ မှတ်ဖြတ်ခွင့်ဆုံးရှုံးခဲ့လို့ ဒေါသထွက်နေတဲ့ အာတီတာ

ဆောက်သမ်တန်နဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ အခွင့်အရေးတွေ ဖြုန်း တီးပစ်ခဲ့ပြီး ခံစစ်ကိုလည်း နမော်နမဲ့ ကစားခဲ့တဲ့ အာဆင်နယ်ရဲ့ပုံစံကြောင့် ဒေါသထွက်ခဲ့ရတယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ပွဲအပြီးမှာ ပြော ဆိုခဲ့ပါတယ်။

ဒီရာသီး ပရီးမီးယားလိဂ် အကောင်းဆုံး သွင်းဂိုးတွေထဲက တစ်ဂိုးလို့ ဆိုနိုင်တဲ့ ကွင်းလယ်လူ ရှာကာရဲ့ ဂိုးနဲ့အတူ အာဆင်နယ်ဟာ အိမ်ရှင်ကို ဦးဆောင်နိုင်ခဲ့ပေမယ့် အမ်းစထရောင်းရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရတာ ကြောင့် လန်ဒန်ကလပ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် ပထမဆုံး သရေပွဲ စတင်ရရှိခဲ့ပြီဖြစ်ပါတယ်။

ဒီပွဲနိုင်ရင် ဒုတိယနေရာက မန်စီးတီးကို ၄ မှတ် အထိ ဖြတ်ထားနိုင်မှာ ဖြစ်ပေမယ့် အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့လို့ အာတီတာက ငြီးတွားခဲ့တာပါ။

ဒါကြောင့် အခုရလဒ်နဲ့ပတ်သက်ပြီး ဒေါသထွက်မိ လားလို့ မေးတဲ့အခါမှာတော့ အာတီတာက ‘’ဟုတ်ကဲ့။ ထွက်တာပေါ့။ အထူး သဖြင့် ကျွန်တော်တို့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တာတွေ၊ ပွဲကို စတင်နိုင်ခဲ့ ပုံတွေနဲ့ ပထမပိုင်းမှာ ကစားပုံတွေရယ်ကြောင့်ပါ။ ဒီပွဲက တကယ်ကို ကွဲပြား ခြားနားတဲ့ ရလဒ်မျိုး ထွက်ခဲ့ရမှာ။ ကျွန်တော်တို့မှာ ကြီးမားတဲ့ အခွင့်အရေး တွေနဲ့ ပွဲကို ဖြတ်ပစ်ဖို့အတွက် ကြီးမားတဲ့ အခြေအနေမျိုးတွေ ရှိခဲ့တာပါ။

အဲဒါကို မလုပ်နိုင်ခဲ့ဘူး။ ပရီးမီးယားလိဂ်မှာ လုံလောက်သွားပြီဆိုတာ မရှိပါ ဘူး။ ဆောက်သမ်တန်က တစ်ချက်ကန်ပြီး တစ်ဂိုး သွင်းသွားတယ်။

ဒုတိယပိုင်းမှာ ကျွန်တော်တို့ကို ဖိအားပေး ကစားလာနိုင်တယ်လို့ ထင်လာမိတယ်။ ကျွန်တော်တို့ ပျက်ဘောတွေ များခဲ့တာကိုး။

အထူးသဖြင့် ပွဲတစ်ပွဲအတွင်းမှာ ကျွန်တော်တို့ လိုနေတာကို မပေးနိုင်တဲ့ မမှားသင့်တဲ့ အမှားမျိုးတွေပေါ့’’ လို့ အာတီတာက ပွဲအပြီးမှာ Sky Sport ကို ပြောဆိုသွားခဲ့ပါတယ်။

စိန့်မေရီမှာ လိုချင်တဲ့ ရလဒ်ကောင်းကို မရယူနိုင်ခဲ့ပေမယ့်လည်း အာဆင်နယ်ဟာ ပရီး မီးယားလိဂ် ပွဲစဉ် ၁၃ အပြီးမှာတော့ ဒုတိယနေရာက မန်စီးတီးကို ၂ မှတ် ဖြတ်ထားနိုင်ဆဲဖြစ်ပါတယ်။

အာဆင်နယ်ဟာ လာမယ့် ကြားရက်မှာ ပီ အက်စ်ဗွီနဲ့ ယူရိုပါလိဂ် ပွဲစဉ်ကစားရမှာဖြစ်ပြီး တနင်္ဂနွေနေ့မှာတော့ နော်တင် ဟမ်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

(Zawgyi)

(111) မန္စီးတီးကို ၄ မွတ္ျဖတ္ခြင့္ဆုံးရႈံးခဲ့လို႔ ေဒါသထြက္ေနတဲ့ အာတီတာ
===============================

ေဆာက္သမ္တန္နဲ႔ တစ္ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္မွာ အခြင့္အေရးေတြ ျဖဳန္း တီးပစ္ခဲ့ၿပီး ခံစစ္ကိုလည္း နေမာ္နမဲ့ ကစားခဲ့တဲ့ အာဆင္နယ္ရဲ႕ပုံစံေၾကာင့္ ေဒါသထြက္ခဲ့ရတယ္လို႔ အာဆင္နယ္နည္းျပ အာတီတာက ပြဲအၿပီးမွာ ေျပာ ဆိုခဲ့ပါတယ္။

ဒီရာသီး ပရီးမီးယားလိဂ္ အေကာင္းဆုံး သြင္းဂိုးေတြထဲက တစ္ ဂိုးလို႔ ဆိုႏိုင္တဲ့ ကြင္းလယ္လူ ရွာကာရဲ႕ ဂိုးနဲ႔အတူ အာဆင္နယ္ဟာ အိမ္ရွင္ ကို ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ အမ္းစထေရာင္းရဲ႕ ေခ်ပဂိုးကို ခြင့္ျပဳခဲ့ရတာ ေၾကာင့္ လန္ဒန္ကလပ္ဟာ ဒီရာသီ ပရီးမီးယားလိဂ္ ပထမဆုံး သေရပြဲ စတင္ရရွိခဲ့ၿပီျဖစ္ပါတယ္။

ဒီပြဲႏိုင္ရင္ ဒုတိယေနရာက မန္စီးတီးကို ၄ မွတ္ အထိ ျဖတ္ထားႏိုင္မွာ ျဖစ္ေပမယ့္ အခြင့္အေရးေတြ အသုံးမခ်ႏိုင္ခဲ့လို႔ အာတီတာက ၿငီးတြားခဲ့တာပါ။

ဒါေၾကာင့္ အခုရလဒ္နဲ႔ပတ္သက္ၿပီး ေဒါသထြက္မိ လားလို႔ ေမးတဲ့အခါမွာေတာ့ အာတီတာက ‘’ဟုတ္ကဲ့။ ထြက္တာေပါ့။

အထူး သျဖင့္ ကြၽန္ေတာ္တို႔ အခြင့္အေရးေတြ ဖန္တီးႏိုင္ခဲ့တာေတြ၊ ပြဲကို စတင္ႏိုင္ခဲ့ ပုံေတြနဲ႔ ပထမပိုင္းမွာ ကစားပုံေတြရယ္ေၾကာင့္ပါ။ ဒီပြဲက တကယ္ကို ကြဲျပား ျခားနားတဲ့ ရလဒ္မ်ိဳး ထြက္ခဲ့ရမွာ။

ကြၽန္ေတာ္တို႔မွာ ႀကီးမားတဲ့ အခြင့္အေရး ေတြနဲ႔ ပြဲကို ျဖတ္ပစ္ဖို႔အတြက္ ႀကီးမားတဲ့ အေျခအေနမ်ိဳးေတြ ရွိခဲ့တာပါ။

အဲဒါကို မလုပ္ႏိုင္ခဲ့ဘူး။ ပရီးမီးယားလိဂ္မွာ လုံေလာက္သြားၿပီဆိုတာ မရွိပါ ဘူး။ ေဆာက္သမ္တန္က တစ္ခ်က္ကန္ၿပီး တစ္ဂိုး သြင္းသြားတယ္။

ဒုတိယ ပိုင္းမွာ ကြၽန္ေတာ္တို႔ကို ဖိအားေပး ကစားလာႏိုင္တယ္လို႔ ထင္လာမိတယ္။ ကြၽန္ေတာ္တို႔ ပ်က္ေဘာေတြ မ်ားခဲ့တာကိုး။

အထူးသျဖင့္ ပြဲတစ္ပြဲအတြင္းမွာ ကြၽန္ေတာ္တို႔ လိုေနတာကို မေပးႏိုင္တဲ့ မမွားသင့္တဲ့ အမွားမ်ိဳးေတြေပါ့’’ လို႔ အာတီတာက ပြဲအၿပီးမွာ Sky Sport ကို ေျပာဆိုသြားခဲ့ပါတယ္။

စိန႔္ေမရီမွာ လိုခ်င္တဲ့ ရလဒ္ေကာင္းကို မရယူႏိုင္ခဲ့ေပမယ့္လည္း အာဆင္နယ္ဟာ ပရီး မီးယားလိဂ္ ပြဲစဥ္ ၁၃ အၿပီးမွာေတာ့ ဒုတိယေနရာက မန္စီးတီးကို ၂ မွတ္ ျဖတ္ထားႏိုင္ဆဲျဖစ္ပါတယ္။ အာဆင္နယ္ဟာ လာမယ့္ ၾကားရက္မွာ ပီ အက္စ္ဗြီနဲ႔ ယူ႐ိုပါလိဂ္ ပြဲစဥ္ကစားရမွာျဖစ္ၿပီး တနဂၤေႏြေန႔မွာေတာ့ ေနာ္တင္ ဟမ္ကို အိမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။