မန်စီးတီးကို အာဆင်နယ် ၅ မှတ်ဖြတ်နိုင်တာ VAR ကြောင့်လို့ ပြောတဲ့ သူတွေ ရှိတယ်

ဝုဗ်ကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အာဆင်နယ်ဟာ ဗီဒီယိုအကူဒိုင် နည်း ပညာ (VAR) ရဲ့ အမှားကြောင့် သက်သာရာ ရသွားခဲ့တာဖြစ်ပြီး အမှားအယွင်း မရှိခဲ့ဘူးဆိုရင် လန်ဒန်ကလပ်ဟာ

ရှုံးပွဲတောင် ကြုံသွားနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဒုတိယနေရာက မန်စီးတီးဟာ စနေည အစောပိုင်းပွဲစဉ်မှာ ဘရန်ဖို့ဒ်အသင်းကို ရှုံးနိမ့်ခဲ့ရတာကြောင့်

အာဆင်နယ်ဟာ ဝုဗ်ကို အနိုင်ယူခဲ့တဲ့ ပွဲစဉ်အပြီးမှာ ၅ မှတ် ဖြတ် ခွင့်ရသွားခဲ့တာပဲ ဖြစ်ပါတယ်။ လန်ဒန်ကလပ်ဟာ အဲဒီပွဲစဉ်မှာ ကစားပုံ ကောင်းခဲ့တာမှန်ပေမဲ့ ပထမပိုင်းမှာ သွင်းဂိုး လုံး၀

မရခဲ့ဘဲ ဒုတိယပိုင်းမှာ အသင်းခေါင်းဆောင် အိုဒီဂတ်ရဲ့ သွင်းဂိုးတွေကြောင့် အနိုင်ရခဲ့တာဖြစ်ပါ တယ်။ ပထမပိုင်းမှာ ဝုဗ်ကို ဖိကစားခဲ့တာကြောင့် ခံစစ်ပိုင်းမှာ နေရာလွတ် တွေပိုများခဲ့ပြီး

တန်ပြန်တိုက်စစ်နဲ့ ဂိုးရဖို့ ကြိုးစားခဲ့တဲ့ အိမ်ရှင်ကြောင့် အာ ဆင်နယ်နောက်တန်းဟာ အမှားတွေ ရှိခဲ့ပါတယ်။ ပွဲချိန် ၈ မိနစ်အရောက်မှာ ဝုဗ်ကစားသမား ဂူဒက်စ်ကို အာဆင်နယ် နောက်ခံလူ

ဆာလီဘာ ဧရိယာထဲ မှာ ဆွဲလှဲခဲ့တာနဲ့ပတ်သက်ပြီး VAR က ပြစ်ဒဏ် မပေးခဲ့တာနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။ ဒါကြောင့် ဒီပွဲစဉ် အပြီးမှာတော့ ဝုဗ်အသင်း ယာယီနည်းပြ

စတိဗ်ဒေးဗစ်က အဲဒီပြစ်ဒဏ်ဟာ ရသင့်ရထိုက်တဲ့ ပင်နယ်တီဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ‘’ပထမပိုင်းမှာ ရှိခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ ကျွန်တော်တို့အတွက် ဖြစ်ရမှာပါ။ ဂူဒက်စ်က

လူကျွံတာမဟုတ်သလို ပြစ်ဒဏ်ကျူးလွန်ခံခဲ့ရတယ်။ ဆာလီဘာက နောက်ဆုံး နောက်ခံကစား သမားဖြစ်ပြီး ဂိုးသွင်းခွင့်ကို ပြစ်ဒဏ်ကျူးလွန်တာပါ။ ဒါဟာ အနီကတ်ဖြစ်နိုင်သလို ပင်နယ်တီပါပဲ။

အဲဒီအခိုက်အတန့်ဟာ ကျွန်တော်တို့အတွက် အရေး ကြီးလွန်ခဲ့တာကြောင့် တော်တော်လေး ထိခိုက်နစ်နာခဲ့ရတယ်။ အဲဒါက စိတ်ဓာတ်ပိုင်းကိုလည်း ထိခိုက်သွားစေခဲ့တာပါ။

သွင်းဂိုးတစ်ဂိုးအတွက် VAR တော့ ကြည့်သင့်ပါတယ်။ အဲဒီနေရာမှာ VAR သုံးလား၊ မသုံးလား မသိဘူး။ မသုံးဘူးဆိုရင်တော့ ဘာလို့ တပ်ထားနေဦးမလဲဗျာ’’ လို့ ဒေးဗစ်က ပြောဆို ခဲ့ပါတယ်။

နောက်ပြီး ဒါဟာ ပင်နယ်တီပြစ်ဒဏ် ဖြစ်သင့်တယ်လို့ အာဆင်နယ် အမျိုးသမီးအသင်း ကွင်းလယ်လူဟောင်း ကာရန်ကာနေးက ပြောဆိုခဲ့သလို ချဲလ်ဆီးတိုက်စစ်မှူးဟောင်း

ဟက်ဆယ်ဘိန့်ခ်ကလည်း ပြစ်ဒဏ်တစ်ခုသာ ဖြစ်တယ်လို့ ဆိုခဲ့ကြပါတယ်။

(Zawgyi)

မန္စီးတီးကို အာဆင္နယ္ ၅ မွတ္ျဖတ္ႏိုင္တာ VAR ေၾကာင့္လို႔ ေျပာတဲ့ သူေတြ ရွိတယ္

ဝုဗ္ကို ၂-၀ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ အာဆင္နယ္ဟာ ဗီဒီယိုအကူဒိုင္ နည္း ပညာ (VAR) ရဲ႕ အမွားေၾကာင့္ သက္သာရာ ရသြားခဲ့တာျဖစ္ၿပီး အမွား အယြင္း မရွိခဲ့ဘူးဆိုရင္ လန္ဒန္ကလပ္ဟာ ရႈံးပြဲေတာင္

ႀကဳံသြားႏိုင္တယ္လို႔ သုံးသပ္မႈေတြ ရွိခဲ့ပါတယ္။ ပရီးမီးယားလိဂ္ အမွတ္ေပးဇယား ဒုတိယေနရာ က မန္စီးတီးဟာ စေနည အေစာပိုင္းပြဲစဥ္မွာ ဘရန္ဖို႔ဒ္အသင္းကို ရႈံးနိမ့္ခဲ့ရ တာေၾကာင့္

အာဆင္နယ္ဟာ ဝုဗ္ကို အႏိုင္ယူခဲ့တဲ့ ပြဲစဥ္အၿပီးမွာ ၅ မွတ္ ျဖတ္ ခြင့္ရသြားခဲ့တာပဲ ျဖစ္ပါတယ္။ လန္ဒန္ကလပ္ဟာ အဲဒီပြဲစဥ္မွာ ကစားပုံ ေကာင္းခဲ့တာမွန္ေပမဲ့ ပထမပိုင္းမွာ သြင္းဂိုး လုံး၀ မရခဲ့ဘဲ

ဒုတိယပိုင္းမွာ အသင္းေခါင္းေဆာင္ အိုဒီဂတ္ရဲ႕ သြင္းဂိုးေတြေၾကာင့္ အႏိုင္ရခဲ့တာျဖစ္ပါ တယ္။ ပထမပိုင္းမွာ ဝုဗ္ကို ဖိကစားခဲ့တာေၾကာင့္ ခံစစ္ပိုင္းမွာ ေနရာလြတ္ ေတြပိုမ်ားခဲ့ၿပီး တန္ျပန္တိုက္စစ္နဲ႔

ဂိုးရဖို႔ ႀကိဳးစားခဲ့တဲ့ အိမ္ရွင္ေၾကာင့္ အာ ဆင္နယ္ေနာက္တန္းဟာ အမွားေတြ ရွိခဲ့ပါတယ္။ ပြဲခ်ိန္ ၈ မိနစ္အေရာက္မွာ ဝုဗ္ကစားသမား ဂူဒက္စ္ကို အာဆင္နယ္ ေနာက္ခံလူ ဆာလီဘာ ဧရိယာထဲ မွာ ဆြဲလွဲခဲ့တာနဲ႔

ပတ္သက္ၿပီး VAR က ျပစ္ဒဏ္ မေပးခဲ့တာနဲ႔ ပတ္သက္လို႔ ေဝဖန္မႈေတြ ျမင့္တက္ခဲ့ပါတယ္။ ဒါေၾကာင့္ ဒီပြဲစဥ္ အၿပီးမွာေတာ့ ဝုဗ္အသင္း ယာယီနည္းျပ စတိဗ္ေဒးဗစ္က အဲဒီျပစ္ဒဏ္ဟာ

ရသင့္ရထိုက္တဲ့ ပင္နယ္တီျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။ ‘’ပထမပိုင္းမွာ ရွိခဲ့တဲ့ ဆုံးျဖတ္ ခ်က္ဟာ ကြၽန္ေတာ္တို႔အတြက္ ျဖစ္ရမွာပါ။ ဂူဒက္စ္က လူကြၽံတာမဟုတ္သလို ျပစ္ဒဏ္က်ဴးလြန္ခံခဲ့ရတယ္။

ဆာလီဘာက ေနာက္ဆုံး ေနာက္ခံကစား သမားျဖစ္ၿပီး ဂိုးသြင္းခြင့္ကို ျပစ္ဒဏ္က်ဴးလြန္တာပါ။ ဒါဟာ အနီကတ္ျဖစ္ႏိုင္သလို ပင္နယ္တီပါပဲ။ အဲဒီအခိုက္အတန႔္ဟာ ကြၽန္ေတာ္တို႔အတြက္ အေရး

ႀကီးလြန္ခဲ့တာေၾကာင့္ ေတာ္ေတာ္ေလး ထိခိုက္နစ္နာခဲ့ရတယ္။ အဲဒါက စိတ္ ဓာတ္ပိုင္းကိုလည္း ထိခိုက္သြားေစခဲ့တာပါ။ သြင္းဂိုးတစ္ဂိုးအတြက္ VAR ေတာ့ ၾကည့္သင့္ပါတယ္။

အဲဒီေနရာမွာ VAR သုံးလား၊ မသုံးလား မသိဘူး။ မသုံးဘူးဆိုရင္ေတာ့ ဘာလို႔ တပ္ထားေနဦးမလဲဗ်ာ’’ လို႔ ေဒးဗစ္က ေျပာဆို ခဲ့ပါတယ္။ ေနာက္ၿပီး ဒါဟာ ပင္နယ္တီျပစ္ဒဏ္ ျဖစ္သင့္တယ္လို႔

အာဆင္နယ္ အမ်ိဳးသမီးအသင္း ကြင္းလယ္လူေဟာင္း ကာရန္ကာေနးက ေျပာဆိုခဲ့သလို ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္း ဟက္ဆယ္ဘိန႔္ခ္ကလည္း ျပစ္ဒဏ္တစ္ခုသာ ျဖစ္တယ္လို႔ ဆိုခဲ့ၾကပါတယ္။