မန်စီးတီးကို အရေးနိမ့်ခဲ့ရပြီးနောက် ကောင်းကောင်းကြီး Troll ခံနေရတဲ့ ဂျရတ်

ပရီးမီးယားလိဂ်ရာသီပိတ်ပွဲမှာ မန်စီးတီးကို

အရေးနိမ့်ခဲ့ရပြီးနောက် ဘောလုံးပရိသတ်အများစုဟာ
အက်စတွန်ဗီလာနည်းပြ စတီဗင်ဂျရတ်ကို
လူမှုမီဒီယာကနေ ဝိုင်းဝန်း Troll ခဲ့ကြပါတယ်။
ဗီလာဟာ အီတီဟတ်မှာ မန်စီးတီးကို ဝ-၂ ဂိုးနဲ့
အံ့အားသင့်ဖွယ် ဦးဆောင်နိုင်ခဲ့ပေမယ့် မန်စီးတီးက

၅မိနစ်အတွင်း ၃ဂိုးတောင် သွင်းသွားလို့ ၃-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။
အဲဒီရှုံးပွဲကြောင့် ဂျရတ်ရဲ့ အသင်းဟောင်း လီဗာပူးလည်း
ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ လွဲချော်သွားခဲ့ရပြီး
မန်စီးတီးက လီဗာပူးကို ၁ မှတ်အသာနဲ့ ကျော်ဖြတ်ကာ
ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူသွားနိုင်ခဲ့ပါတယ်။

ဂျရတ်ဟာ လီဗာပူးအသင်းခေါင်းဆောင်အဖြစ်
ကစားခဲ့တုန်းကလည်း အသင်းနဲ့အတူ အမှတ်ပေးချန်ပီယံ
မဖြစ်ခဲ့ဘဲ အခု နည်းပြတစ်ဦးအဖြစ် လီဗာပူးအသင်း
ချန်ပီယံဖြစ်ဖို့ ကူညီနိုင်ရေးအခွင့်အရေး ဆုံးရှုံးသွားခဲ့ရတာဖြစ်ပါတယ်။
အဲဒီမှာ ပရိသတ်အများစုကလည်း ဂျရတ်ကို

လူမှုမီဒီယာမှာ ဝိုင်းဝန်း Troll ခဲ့ကြပါတယ်။
”ဂျရတ်ကို ဂုဏ်ပြုပါတယ်။ ကစားသမားအဖြစ်နဲ့ရော
မန်နေဂျာအဖြစ်နဲ့ပါ လီဗာပူးကို ချန်ပီယံမဖြစ်စေခဲ့လို့ပါ”
”ပရီးမီးယားလိဂ်မှာ ဂျရတ် ကစားနေချိန် လီဗာပူးအသင်း
အမှတ်ပေးချန်ပီယံမဖြစ်ခဲ့။ ဂျရတ် ပရီးမီးယားလိဂ်ကနေ

ထွက်သွားချိန် လီဗာပူး အမှတ်ပေးချန်ပီယံဖြစ်၊
ပရီးမီးယားလိဂ်ကို ဂျရတ်ပြန်လာချိန် လီဗာပူးလည်း
အမှတ်ပေးချန်ပီယံဆု ဆုံးရှုံးသွား”
”ဖီးလ်ဖိုဒန်ရဲ့ကလေးလေးကတောင်
ပရီးမီးယားလိဂ်ဆုဖလားကို ဂျရတ်ထက် ပိုကိုင်ရသေးတယ်”

”လီဗာပူးဂန္ထဝင်ကြီး ဂျရတ်တစ်ယောက် အသင်းအတွက်
ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကြီး လွဲချော်စေခဲ့တာ
နှစ်ကြိမ်တောင် ရှိသွားပါပြီ”
”ဂျရတ်ဟာ လီဗာပူးအတွက် မကစားပေးတော့တောင်မှ
အသင်းကို အမှတ်ပေးချန်ပီယံမဖြစ်အောင် ထပ်လုပ်နိုင်သေးတယ်”

”စီးတီးကွင်းထဲ ဝင်လာတဲ့ ပရိသတ်အများစုက
ဂျရတ်ကို ဒမ်ဘာဘာသီချင်းတွေ ဆိုပြနေတယ်”လို့
ပရိသတ်တွေက လူမှုမီဒီယာမှာ အသီးသီးရေးသားခဲ့ကြပါတယ်။

Zawgyi

မန္စီးတီးကို အေရးနိမ့္ခဲ့ရၿပီးေနာက္ ေကာင္းေကာင္းႀကီး Trol ခံေနရတဲ့ ဂ်ရတ္
ပရီးမီးယားလိဂ္ရာသီပိတ္ပြဲမွာ မန္စီးတီးကို
အေရးနိမ့္ခဲ့ရၿပီးေနာက္ ေဘာလုံးပရိသတ္အမ်ားစုဟာ
အက္စတြန္ဗီလာနည္းျပ စတီဗင္ဂ်ရတ္ကို

လူမႈမီဒီယာကေန ၀ိုင္း၀န္း Troll ခဲ့ၾကပါတယ္။
ဗီလာဟာ အီတီဟတ္မွာ မန္စီးတီးကို ၀-၂ ဂိုးနဲ႔
အံ့အားသင့္ဖြယ္ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ မန္စီးတီးက
၅မိနစ္အတြင္း ၃ဂိုးေတာင္ သြင္းသြားလုိ႔ ၃-၂ ဂိုးနဲ႔ အေရးနိမ့္ခဲ့ရပါတယ္။
အဲဒီရံႈးပဲြေၾကာင့္ ဂ်ရတ္ရဲ႕ အသင္းေဟာင္း လီဗာပူးလည္း

ပရီးမီးယားလိဂ္ခ်န္ပီယံဆုနဲ႔ လြဲေခ်ာ္သြားခဲ့ရၿပီး
မန္စီးတီးက လီဗာပူးကို ၁ မွတ္အသာနဲ႔ ေက်ာ္ျဖတ္ကာ
ပရီးမီးယားလိဂ္ခ်န္ပီယံဆု ရယူသြားႏိုင္ခဲ့ပါတယ္။
ဂ်ရတ္ဟာ လီဗာပူးအသင္းေခါင္းေဆာင္အျဖစ္
ကစားခဲ့တုန္းကလည္း အသင္းနဲ႔အတူ အမွတ္ေပးခ်န္ပီယံ

မျဖစ္ခဲ့ဘဲ အခု နည္းျပတစ္ဦးအျဖစ္ လီဗာပူးအသင္း
ခ်န္ပီယံျဖစ္ဖို႔ ကူညီႏိုင္ေရးအခြင့္အေရး ဆုံးရံႈးသြားခဲ့ရတာျဖစ္ပါတယ္။
အဲဒီမွာ ပရိသတ္အမ်ားစုကလည္း ဂ်ရတ္ကို
လူမႈမီဒီယာမွာ ၀ိုင္း၀န္း Troll ခဲ့ၾကပါတယ္။
”ဂ်ရတ္ကို ဂုဏ္ျပဳပါတယ္။ ကစားသမားအျဖစ္နဲ႔ေရာ

မန္ေနဂ်ာအျဖစ္နဲ႔ပါ လီဗာပူးကို ခ်န္ပီယံမျဖစ္ေစခဲ့လုိ႔ပါ”
”ပရီးမီးယားလိဂ္မွာ ဂ်ရတ္ ကစားေနခ်ိန္ လီဗာပူးအသင္း
အမွတ္ေပးခ်န္ပီယံမျဖစ္ခဲ့။ ဂ်ရတ္ ပရီးမီးယားလိဂ္ကေန
ထြက္သြားခ်ိန္ လီဗာပူး အမွတ္ေပးခ်န္ပီယံျဖစ္၊
ပရီးမီးယားလိဂ္ကို ဂ်ရတ္ျပန္လာခ်ိန္ လီဗာပူးလည္း

အမွတ္ေပးခ်န္ပီယံဆု ဆုံးရံႈးသြား”
”ဖီးလ္ဖိုဒန္ရဲ႕ကေလးေလးကေတာင္
ပရီးမီးယားလိဂ္ဆုဖလားကို ဂ်ရတ္ထက္ ပိုကိုင္ရေသးတယ္”
”လီဗာပူးဂႏၳ၀င္ႀကီး ဂ်ရတ္တစ္ေယာက္ အသင္းအတြက္
ပရီးမီးယားလိဂ္ခ်န္ပီယံဆုဖလားႀကီး လြဲေခ်ာ္ေစခဲ့တာ

ႏွစ္ႀကိမ္ေတာင္ ရွိသြားပါၿပီ”
”ဂ်ရတ္ဟာ လီဗာပူးအတြက္ မကစားေပးေတာ့ေတာင္မွ
အသင္းကို အမွတ္ေပးခ်န္ပီယံမျဖစ္ေအာင္ ထပ္လုပ္ႏိုင္ေသးတယ္”
”စီးတီးကြင္းထဲ ၀င္လာတဲ့ ပရိသတ္အမ်ားစုက
ဂ်ရတ္ကို ဒမ္ဘာဘာသီခ်င္းေတြ ဆုိျပေနတယ္”လုိ႔

ပရိသတ္ေတြက လူမႈမီဒီယာမွာ အသီးသီးေရးသားခဲ့ၾကပါတယ္။