မန်စီးတီးကို ဂွါဒီယိုလာ ပစ်ထားခဲ့မှာ ပရိသတ်တွေ စိုးရိမ်နေကြပြီ

စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ နည်းပြ ဂွါဒီယိုလာအနေနဲ့ အသင်းကို နှုတ်မဆက်ဘဲ ထားခဲ့မယ့်အရေးအတွက် မန်စီးတီးပရိသတ်တွေ စိုးရိမ်ပူပန် နေကြပြီဖြစ်တယ်လို့

ကမ္ဘာကျော် ဘောလုံးဝက်ဘ်ဆိုက်ဖြစ်တဲ့ Goal က ရေးသားဖော်ပြပါတယ်။ စပိန်သားနည်းပြရဲ့ စာချုပ်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှ စိုးရိမ်စရာမရှိဘူးလို့ ဥက္ကဋ္ဌဖြစ်တဲ့

ခါဒွန်းအယ်လ်မူဘာရက်က ပြီးခဲ့တဲ့ နွေရာသီမှာ ပြောထားခဲ့တာမျိုး ရှိပေမဲ့ လက်ရှိအချိန်အထိတော့ စကားပြောဆို ဆွေးနွေးတာမျိုးတွေ မရှိသေးပါဘူး။ နောက်ပြီး

ဂွါဒီယိုလာရဲ့ လက်ရှိစာ ချုပ်ဟာ လာမယ့် ၆ လကျော်အတွင်းမှာပဲ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဒီရာ သီမှာ မြို့ခံပြိုင်ဘက် မန်ယူကို ဂိုးဒါဇင်ဝက်သွင်းပြီး အနိုင်ယူပြခဲ့တဲ့

နည်းပြ ဂွါဒီယိုလာရဲ့ ပြောင်မြောက်တဲ့ စွမ်းရည်ကို ပရိသတ်တွေ သဘောကျခဲ့ကြပြီး ၁၆ပွဲမှာ ၂၂ ဂိုး သွင်းထားတဲ့ ဟာလန်းကို အီတီဟတ်ကွင်းဆီ အရောက်ခေါ် ပေးနိုင်ခဲ့တာကိုလည်း

ပရိသတ်တွေ အားရကျေနပ်နေတယ်။ ဒါကြောင့် ဒီရာ သီမှာ ဂွါဒီယိုလာနဲ့ ပတ်သက်ပြီး အလိုမကျဖြစ်တဲ့ ပရိသတ်တစ်ယောက်လောက်ကို ရှာပေးပါဆိုရင် ထီးဖြူပြီး ဖိနပ်ပါးသွားဖို့ပဲ

ရှိပါတော့တယ်။ ဒါပေမဲ့ ဂွါဒီယိုလာနဲ့ပတ်သက်ပြီး မန်စီးတီး ပရိသတ်တွေ စိုးရိမ်မကင်း ဖြစ်နေတာက တစ်ချက်တော့ ရှိပါတယ်။ အဲဒါကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲအပေါ်မှာ

သူတို့အသင်း သြဇာကြီးမားနေတာဟာ ဂွါဒီယိုလာကြောင့်သာဖြစ်ပြီး ဒါဟာ ဒီစပိန်သား မရှိတော့တာနဲ့အမျှ နေရောင်ခြည်နဲ့တွေ့တဲ့ နှင်းမှုံနှင်းစက်လေးတွေလို

ပျောက်ကွယ်သွားတော့မယ်ဆိုတာကို အားလုံးက ကြိုသိနေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရော အသင်းတာဝန်ရှိသူတွေပါ စိတ်မပူပန်ကြဖို့ ဂွါဒီယိုလာ ပြောထားတဲ့

စကားမျိုးတော့ ရှိပါတယ်။ ‘’ကျွန်တော် အသင်းကနေ ထွက်သွားတဲ့အခါ ဘာပြဿနာမှ မရှိစေရပါဘူး။ ကျွန်တော် ရာနှုန်းပြည့် ပြောရဲပါတယ်။ မဟာဗျူဟာပိုင်းကိုလည်း

သူတို့ ကောင်းကောင်း သိကြပါတယ်။ အခု ဘာလုပ်ရမယ်ဆိုတာကိုလည်း သူတို့ ကောင်းကောင်း သိကြပါတယ်။ သဘက်ခါကျရင် ဘာလုပ်ရမယ်ဆိုတာလည်း သိကြတယ်။

ကမ္ဘာ့ဖလားအပြီးနဲ့ နောက်ရာသီမှာလည်း ဘာတွေ လုပ်ရမယ်ဆိုတာ သူတို့ သိကြပါတယ်’’ လို့ ဂွါဒီယိုလာက ပြောထားတာရှိပါတယ်။ ဒါပေမဲ့ မန်စီးတီးပရိသတ်တွေကို

စိတ်မချမ်းသာစေတဲ့ တစ်ခုတည်းသောအချက်က ဂွါဒီယိုလာ ထွက်သွားတာပဲ ဖြစ်ပြီး စာချုပ်သက်တမ်း မတိုးနိုင်သေးတဲ့ အချက်က ဒွိဟဖြစ်စရာတွေ ရှိလာနေပါတယ်။

(Zawgyi)

မန္စီးတီးကို ဂြါဒီယိုလာ ပစ္ထားခဲ့မွာ ပရိသတ္ေတြ စိုးရိမ္ေနၾကၿပီ

စာခ်ဳပ္သက္တမ္း ကုန္ဆုံးခ်ိန္မွာ နည္းျပ ဂြါဒီယိုလာအေနနဲ႔ အသင္းကို ႏႈတ္မဆက္ဘဲ ထားခဲ့မယ့္အေရးအတြက္ မန္စီးတီးပရိသတ္ေတြ စိုးရိမ္ပူပန္ ေနၾကၿပီျဖစ္တယ္လို႔

ကမာၻေက်ာ္ ေဘာလုံးသတင္းဝက္ဘ္ဆိုက္ျဖစ္တဲ့ Goal က ေရးသားေဖာ္ျပပါတယ္။ စပိန္သားနည္းျပရဲ႕ စာခ်ဳပ္ကိစၥနဲ႔ပတ္သက္ၿပီး ဘာမွ စိုးရိမ္စရာမရွိဘူးလို႔

ဥကၠ႒ျဖစ္တဲ့ ခါဒြန္းအယ္လ္မူဘာရက္က ၿပီးခဲ့တဲ့ ေႏြရာသီမွာ ေျပာထားခဲ့တာမ်ိဳး ရွိေပမဲ့ လက္ရွိအခ်ိန္အထိေတာ့ စကားေျပာ ဆို ေဆြးေႏြးတာမ်ိဳးေတြ မရွိေသးပါဘူး။

ေနာက္ၿပီး ဂြါဒီယိုလာရဲ႕ လက္ရွိစာ ခ်ဳပ္ဟာ လာမယ့္ ၆ လေက်ာ္အတြင္းမွာပဲ ကုန္ဆုံးေတာ့မွာ ျဖစ္ပါတယ္။ ဒီရာ သီမွာ ၿမိဳ႕ခံၿပိဳင္ဘက္ မန္ယူကို ဂိုးဒါဇင္ဝက္သြင္းၿပီး

အႏိုင္ယူျပခဲ့တဲ့ နည္းျပ ဂြါဒီယိုလာရဲ႕ ေျပာင္ေျမာက္တဲ့ စြမ္းရည္ကို ပရိသတ္ေတြ သေဘာက်ခဲ့ၾကၿပီး ၁၆ပြဲမွာ ၂၂ ဂိုး သြင္းထားတဲ့ ဟာလန္းကို

အီတီဟတ္ကြင္းဆီ အေရာက္ေခၚ ေပးႏိုင္ခဲ့တာကိုလည္း ပရိသတ္ေတြ အားရေက်နပ္ေနတယ္။ ဒါေၾကာင့္ ဒီရာ သီမွာ ဂြါဒီယိုလာနဲ႔ ပတ္သက္ၿပီး အလိုမက်ျဖစ္တဲ့

ပရိသတ္တစ္ေယာက္ ေလာကို ရွာေပးပါဆိုရင္ ထီးျဖဴၿပီး ဖိနပ္ပါးသြားဖို႔ပဲ ရွိပါေတာ့တယ္။ ဒါေပမဲ့ ဂြါဒီယိုလာနဲ႔ပတ္သက္ၿပီး မန္စီးတီး ပရိသတ္ေတြ စိုးရိမ္မကင္း ျဖစ္ေနတာက

တစ္ခ်က္ေတာ့ ရွိပါတယ္။ အဲဒါကေတာ့ ပရီးမီးယားလိဂ္ၿပိဳင္ပြဲအေပၚမွာ သူတို႔အသင္း ၾသဇာႀကီးမားေနတာဟာ ဂြါဒီယိုလာေၾကာင့္သာျဖစ္ၿပီး

ဒါဟာ ဒီစပိန္သား မရွိေတာ့တာနဲ႔အမွ် ေနေရာင္ျခည္နဲ႔ေတြ႕တဲ့ ႏွင္းမႈံႏွင္းစက္ေလး ေတြလို ေပ်ာက္ကြယ္သြားေတာ့မယ္ဆိုတာကို အားလုံးက ႀကိဳသိေနၾကတာပဲ

ျဖစ္ပါတယ္။ ပရိသတ္ေတြေရာ အသင္းတာဝန္ရွိသူေတြပါ စိတ္မပူပန္ၾက ဖို႔ ဂြါဒီယိုလာ ေျပာထားတဲ့ စကားမ်ိဳးေတာ့ ရွိပါတယ္။ ‘’ကြၽန္ေတာ္ အသင္းကေန ထြက္သြားတဲ့အခါ

ဘာျပႆနာမွ မရွိေစရပါဘူး။ ကြၽန္ေတာ္ ရာႏႈန္းျပည့္ ေျပာရဲပါတယ္။ မဟာဗ်ဴဟာပိုင္းကိုလည္း သူတို႔ ေကာင္းေကာင္း သိၾကပါ တယ္။

အခု ဘာလုပ္ရမယ္ဆိုတာကိုလည္း သူတို႔ ေကာင္းေကာင္း သိၾကပါ တယ္။ သဘက္ခါက်ရင္ ဘာလုပ္ရမယ္ဆိုတာလည္း သိၾကတယ္။ ကမာၻ႔ ဖလားအၿပီးနဲ႔

ေနာက္ရာသီမွာလည္း ဘာေတြ လုပ္ရမယ္ဆိုတာ သူတို႔ သိၾက ပါတယ္’’ လို႔ ဂြါဒီယိုလာက ေျပာထားတာရွိပါတယ္။ ဒါေပမဲ့ မန္စီးတီးပရိသတ္

ေတြကို စိတ္မခ်မ္းသာေစတဲ့ တစ္ခုတည္းေသာအခ်က္က ဂြါဒီယိုလာ ထြက္ သြားတာပဲ ျဖစ္ၿပီး စာခ်ဳပ္သက္တမ္း မတိုးႏိုင္ေသးတဲ့ အခ်က္က ဒြိဟျဖစ္စ ရာေတြ ရွိလာေနပါတယ္။