ယနေ့ညကစားမယ့် အိုးလ်ထရက်ဖို့ဒ် မန်ချက်စတာဒါဘီမှာ
မန်စီးတီးကိုကြောက်စရာအကြောင်းမရှိဘူးလို့ ယူနိုက်တက်
ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကကြုံးဝါးလိုက်ပါတယ်။
သရဲနီတွေဟာ အောက်တိုဘာမှာ မန်စီးတီးကို ၆-၃ ဂိုးနဲ့ရှုံးနိမ့်ပြီး
နောက်ဆုံးကစားခဲ့တဲ့ ၁၈ပွဲဆက်မှာ တစ်ပွဲသာအရေးနိမ့်
ထားတာဖြစ်တယ်။ ကွင်းလယ်လူဖာနန်ဒက်စ်ကတော့
ဒီညပွဲစဉ်မှာ ယူနိုက်တက်ဟာ လက်ရှိချန်ပီယံတွေရှေ့မှာ
မော်ကြွားနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
“မန်စီးတီးဟာ ဒီလိဂ်ရဲ့အကောင်းတွေထဲက တစ်သင်းဖြစ်ပေမဲ့
ကိုယ့်ကိုကိုယ်ယုံကြည်မှုနဲ့သာသက်ဆိုင်ပါတယ်။
ပရိသတ်ကိုဆွဲဆောင်နိုင်တဲ့ အသင်းတစ်သင်းကို မင်းတို့
မြင်နေရပြီဖြစ်သလို ကစားသမားတွေဟာ ဂိမ်းကိုအနိုင်ယူဖို့အတွက်
မှန်ကန်အောင်လုပ်နိုင်သူတွေပါ။ မင်း ဂိမ်းတိုင်းကိုဝင်ကစားပြီး
အခုရရှိနေတဲ့ခံစားချက်ကတော့ ဘယ်သူ့ကိုမှယှဉ်ကစားရမှာ
မကြောက်ပါဘူး။ အရင်တုန်းက ဒါမျိုးကိုမင်းတို့မြင်ခဲ့ရမှာမဟုတ်ဘူး။
အပြင်းထန်ဆုံးဂိမ်းတွေလာတဲ့အခါ ငါတို့လုပ်နိုင်မလား၊
မလုပ်နိုင်ဘူးလားပုံစံမျိုးပါ။ ဒါပေမဲ့ အခုအချိန်မှာ ပရိသတ်တွေ၊
ကစားသမားတွေ၊ လူတိုင်းကိုကြည့်လိုက်ရင် ဒီလိုအချိန်မှာ
အားလုံးနဲ့မျက်နှာချင်းဆိုင်ရင်ဆိုင်နိုင်မယ်လို့ခံစားရပါတယ်။
ဒီပွဲစဉ်က မြို့မှာရှိတဲ့လူတိုင်း၊ ကလပ်မှာရှိတဲ့လူတိုင်း၊
ပရိသတ်တွေအတွက်၊ ကိုယ့်အတွက် ဘာကိုဆိုလိုတယ်ဆိုတာ
ကျွန်တော်တို့ကောင်းကောင်းသိပါတယ်။ လက်ရှိကတော့
ကျွန်တော်တို့အတွက်ကောင်းမွန်တဲ့အခိုက်အတန့်ပါ” လို့ ဘရူနိုဖာနန်ဒက်စ်က ဆိုခဲ့ပါတယ်။
zawgyi
မန်စီးတီးကို ကြောက်နေစရာမလိုတဲ့အချိန်ပဲလို့ ဘရူနိုဖာနန်ဒက်စ် ကြုံးဝါးလိုက်