
စပါးတိုက်စစ်မှူးဆွန်ဟောင်မင်က လက်စတာကို ၄-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့
ပွဲစဉ်နဲ့ပက်သတ်လို့ အလွန်ဝမ်းနည်းမိတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ကွန်တီရဲ့အသင်းဟာ ကင်းပါဝါကွင်းထဲမှာ လက်စတာကို ၁-၀ နဲ့စတင်
ဦးဆောင်ခွင့်ရခဲ့ပေမဲ့ အရှက်ရစရာ ၁-၄ ဂိုးနဲ့ရှုံးနိမ့်ခဲ့တာဖြစ်တယ်။
ဘန်တန်ကာရဲ့ဦးဆောင်ဂိုးက လန်ဒန်သားတွေကိုနိုင်ပွဲရဖို့မလုံလောက်ခဲ့သလို
မန်ဒီ၊ မက်ဒီဆင်၊ အီဟီရာနာချိုနဲ့ ဟာဗေးဘန်းစ်တို့က မြေခွေးတွေအတွက်
၄ဂိုး ဆက်တိုက်သွင်းယူသွားခဲ့ပါတယ်။ လွန်ခဲ့တဲ့သီတင်းပတ်မှာ
လက်ရှိချန်ပီယံ မန်စီးတီးကိုအနိုင်ရခဲ့တာကြောင့် လက်စတာကို
၄-၁ နဲ့ရှုံးတဲ့မြင်ကွင်းက စပါးပရိသတ်တွေအတွက်အံ့အားသင့်စရာဖြစ်ခဲ့ပြီး
ထိပ်ဆုံး ၄သင်းစာရင်းဝင်ဖြစ်ဖို့အတွက် ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့တာပါ။
ပွဲအပြီးမှာတော့ ဆွန်ဟောင်မင်က “ကျွန်တော်တို့အကောင်းဆုံး
စတင်နိုင်ခဲ့ပြီး အခွင့်အရေးကောင်းတွေရခဲ့ပါတယ်။ ၁-၁ ဖြစ်သွားတဲ့နောက်
ဒုတိယဂိုးကိုအလျင်အမြန်ခွင့်ပြုခဲ့ရပြီး ပွင့်ထွက်သွားခဲ့ပါတယ်။
အဲ့ဒီမှာ ပွဲကခက်ခဲသွားပါတယ်။ လက်စတာက အရမ်းကို
လက်တွေ့ကျကျလုပ်ဆောင်ခဲ့ပြီး အခွင့်အရေးတိုင်းဂိုးသွင်းနိုင်ခဲ့တယ်။
ဒါဟာ အလွန်စိတ်ပျက်စရာကောင်းတဲ့ရလဒ်ပါ။ အရမ်းဝမ်းနည်းစရာ
ကောင်းတယ်လို့ထင်တယ်။ ခက်ခဲတဲ့ပွဲဖြစ်မယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။
ပရီးမီးယားလိဂ်မှာလွယ်ကူတဲ့ပွဲဆိုတာမရှိပါဘူး။ ပရီးမီးယားလိဂ်ရဲ့
အဆင့်အတန်းကိုပြသနေပါတယ်။ ကျွန်တော်ဘာပြောရမှန်းတောင်
မသိတော့ဘူး အရမ်းစိတ်ပျက်ဖို့ကောင်းတယ်။ မန်စီးတီးကိုအနိုင်ယူပြီး
ကောင်းမွန်တဲ့ခံစားချက်နဲ့လာခဲ့တယ်။ အစောပိုင်းမိနစ်တွေကို
တကယ်ပဲကျေနပ်ခဲ့တယ်။ အဆင်သင့်ဖြစ်ဖို့အတွက် သင်ယူထားဖို့လိုလာပြီ။
ဒီနေ့ကတော့ ကျွန်တော်တို့အတွက်ကြီးမားတဲ့သင်ခန်းစာဖြစ်သင့်တယ်” လို့ သတိပေးခဲ့ပါတယ်။
zawgyi
မန္စီးတီးကိုႏိုင္ၿပီး လက္စတာကိုအရွက္ရစရာရႈံးသြားတာက စပါးအတြက္ႀကီးမားတဲ့သင္ခန္းစာပဲလို႔ ဆြန္ေဟာင္မင္ သတိေပးေျပာဆို
စပါးတိုက္စစ္မႉးဆြန္ေဟာင္မင္က လက္စတာကို ၄-၁ နဲ႔ရႈံးနိမ့္ခဲ့တဲ့
ပြဲစဥ္နဲ႔ပက္သတ္လို႔ အလြန္ဝမ္းနည္းမိတယ္လို႔ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ကြန္တီရဲ႕အသင္းဟာ ကင္းပါဝါကြင္းထဲမွာ လက္စတာကို ၁-၀ နဲ႔စတင္
ဦးေဆာင္ခြင့္ရခဲ့ေပမဲ့ အရွက္ရစရာ ၁-၄ ဂိုးနဲ႔ရႈံးနိမ့္ခဲ့တာျဖစ္တယ္။
ဘန္တန္ကာရဲ႕ဦးေဆာင္ဂိုးက လန္ဒန္သားေတြကိုႏိုင္ပြဲရဖို႔မလုံေလာက္ခဲ့သလို
မန္ဒီ၊ မက္ဒီဆင္၊ အီဟီရာနာခ်ိဳနဲ႔ ဟာေဗးဘန္းစ္တို႔က ေျမေခြးေတြအတြက္
၄ဂိုး ဆက္တိုက္သြင္းယူသြားခဲ့ပါတယ္။ လြန္ခဲ့တဲ့သီတင္းပတ္မွာ
လက္ရွိခ်န္ပီယံ မန္စီးတီးကိုအႏိုင္ရခဲ့တာေၾကာင့္ လက္စတာကို
၄-၁ နဲ႔ရႈံးတဲ့ျမင္ကြင္းက စပါးပရိသတ္ေတြအတြက္အံ့အားသင့္စရာျဖစ္ခဲ့ၿပီး
ထိပ္ဆုံး ၄သင္းစာရင္းဝင္ျဖစ္ဖို႔အတြက္ ထိုးႏွက္ခ်က္တစ္ခုျဖစ္ခဲ့တာပါ။
ပြဲအၿပီးမွာေတာ့ ဆြန္ေဟာင္မင္က “ကြၽန္ေတာ္တို႔အေကာင္းဆုံး
စတင္ႏိုင္ခဲ့ၿပီး အခြင့္အေရးေကာင္းေတြရခဲ့ပါတယ္။ ၁-၁ ျဖစ္သြားတဲ့ေနာက္
ဒုတိယဂိုးကိုအလ်င္အျမန္ခြင့္ျပဳခဲ့ရၿပီး ပြင့္ထြက္သြားခဲ့ပါတယ္။
အဲ့ဒီမွာ ပြဲကခက္ခဲသြားပါတယ္။ လက္စတာက အရမ္းကို
လက္ေတြ႕က်က်လုပ္ေဆာင္ခဲ့ၿပီး အခြင့္အေရးတိုင္းဂိုးသြင္းႏိုင္ခဲ့တယ္။
ဒါဟာ အလြန္စိတ္ပ်က္စရာေကာင္းတဲ့ရလဒ္ပါ။ အရမ္းဝမ္းနည္းစရာ
ေကာင္းတယ္လို႔ထင္တယ္။ ခက္ခဲတဲ့ပြဲျဖစ္မယ္ဆိုတာ ကြၽန္ေတာ္တို႔သိပါတယ္။
ပရီးမီးယားလိဂ္မွာလြယ္ကူတဲ့ပြဲဆိုတာမရွိပါဘူး။ ပရီးမီးယားလိဂ္ရဲ႕
အဆင့္အတန္းကိုျပသေနပါတယ္။ ကြၽန္ေတာ္ဘာေျပာရမွန္းေတာင္
မသိေတာ့ဘူး အရမ္းစိတ္ပ်က္ဖို႔ေကာင္းတယ္။ မန္စီးတီးကိုအႏိုင္ယူၿပီး
ေကာင္းမြန္တဲ့ခံစားခ်က္နဲ႔လာခဲ့တယ္။ အေစာပိုင္းမိနစ္ေတြကို
တကယ္ပဲေက်နပ္ခဲ့တယ္။ အဆင္သင့္ျဖစ္ဖို႔အတြက္ သင္ယူထားဖို႔လိုလာၿပီ။
ဒီေန႔ကေတာ့ ကြၽန္ေတာ္တို႔အတြက္ႀကီးမားတဲ့သင္ခန္းစာျဖစ္သင့္တယ္” လို႔ သတိေပးခဲ့ပါတယ္။