မန်စီးတီးကိုထောက်ခံကြတယ်ဆိုရင် ငွေလာထုတ်ကြပါတော့….

၂၀၂၁-၂၂ ပရီးမီးယားလိဂ်ဟာရာသီထက်ဝက်ကျိုးချိန်သာရှိသေးပေမယ့်

နာမည်ကြီးဘွတ်ကီတစ်ခုဖြစ်တဲ့ Betfred ကမန်စီးတီးဗိုလ်စွဲမယ့်ဘက်က

လောင်းကြေးတွေကိုငွေထုတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

ဂွာဒီယိုလာရဲ့အသင်းဟာ ၉ ပွဲဆက်အနိုင်ရခဲ့ပြီး ဒုတိယနဲ့ တတိယနေရာတို့မှာရှိနေတဲ့

လီဗာပူးနဲ့ ချဲလ်ဆီးတို့ကို ၆ မှတ်ဖြတ်ထားပါတယ်။

(ဘရန်းဖို့ဒ်ကိုနိုင်ခဲ့ရင် ၉မှတ်ဖြတ်ထားနိုင်မှာဖြစ်ပါတယ်။)

အင်္ဂါနေ့တုန်းက လီဗာပူးအသင်းဟာ လက်စတာကို ၁-၀ နဲ့အရေးနိမ့်ပြီးနောက်

မန်စီးတီးဟာ ဂွာဒီယိုလာလက်ထက်မှာ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို

၄ ကြိမ်မြောက်ရယူနိုင်တော့မယ်လို့ အားလုံးကထင်ကြေးပေးထားကြပါတယ်။

ဒါကြောင့်လည်း Betfred ရဲအကြီးအကဲဖြစ်တဲ့ ဖရက်ဒွန် ကချန်ပီယံဘွဲ့ကို

မန်စီးတီးဘဲရတော့မယ်လို့ယုံကြည်ပြီး အွန်လိုင်းပေါ်ကလောင်းထားမှုတွေနဲ့

Betfred ရဲ့ဆိုင်တွေမှာလောင်းကြေးထပ်ခဲ့မှုတွေကို ငွေထုတ်ပေးနေပြီလို့ အတည်ပြုခဲ့တာပါ။

ဒွန်က”ကျွန်တော်တို့ရှင်သန်နေကြသေးလို့ လုပ်စရာရှိတာလုပ်ရမှာပါဘဲ။

မန်စီးတီး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မယ့်ဘက်ကလောင်းကြေးတွေကို

ငွေထုတ်ပေးတော့မှာပါ။ အားလုံးပြီးသွားပြီလို့ကျွန်တော်ထင်ပါတယ်။

သူတို့ဟာ လီဗာပူးကိုရော ချဲလ်ဆီးကိုပါ ၆ မှတ်ဖြတ်ထားပြီးပါပြီ။

နောက်ဆုံး ၃ ပွဲမှာလည်း ၁၇ ဂိုးသွင်းထားပါတယ်။

စနေနေ့တုန်းကလည်း ၆ ဂိုသွင်းခဲ့သလို နယူးကာဆယ်ကိုလည်း ၄ ဂိုးသွင်းခဲ့ပါတယ်။

လိဒ်ကိုလည်း ၇ ဂိုးလေ။ ကျွန်တော့်ရဲ့အမြင်ကိုပါထပ်ပေါင်းရရင်

ကမ္ဘာ့အကောင်းဆုံးနည်းပြကိုလည်း သူတို့ပိုင်ဆိုင်ထားသေးတယ်။

ဒီတော့ကျွန်တော်နဲ့အတူ မန်စီးတီးကိုထောက်ခံကြတယ်ဆိုရင်

ငွေလာထုတ်ကြပါတော့” လို့ပြောသွားပါတယ်။

အခုလိုငွေကြိုထုတ်ပေးမှာဖြစ်ပေမယ့် ဒွန်ဟာအရင်တုန်းက

ငွေကြိုထုတ်ပေးမှုတွေမှာ မှားယွင်းခဲ့လို့ ဆုံးရှုံးရတဲ့ဖြစ်ရပ်တွေရှိခဲ့ဘူးပါတယ်။

၁၉၉၈ တုန်းကဆိုရင် မန်ယူအသင်းဟာ အာဆင်နယ်ကို ၁၂ မှတ်ဖြတ်ထားနိုင်လို့

Betfred ကမန်ယူဘက်ကလောင်းကြေးတွေကိုရာသီမကုန်ခင်ငွေထုတ်ပေးခဲ့ပေမယ့်

အဆုံးသတ်မှာအာဆင်နယ်ကတစ်မှတ်အသာနဲ့ ဗိုလ်စွဲသွားလို့

ပေါင်၅၀၀၀၀၀ အထိဆုံးရှုံးခဲ့ရဘူးပါတယ်။ ဒါကြောင့် မန်ယူနည်းပြဖာဂူဆန်က

ဒွန်ကို မသေချာဘဲငွေမထုတ်ပေးဖို့ သတိပေးခဲ့ဘူးပေမယ့် ၂၀၁၂ မှာလည်း

သူထပ်လုပ်လို့ ဆုံးရှုံးခဲ့ရပြန်ပါသေးတယ်။ အဲဒီတုန်းက မန်ယူဟာ မန်စီးတီးကို ၅ မှတ်ဖြတ်ခဲ့လို့

Betfred ကငွေကြိုထုတ်ပေးခဲ့ပေမယ့် မန်စီးတီးက ရာသီနောက်ဆုံးပွဲမှာ

မန်ယူကိုသွင်းဂိုးအသာနဲ့ကျော်ဖြတ်ပြီးဗိုလ်စွဲခဲ့လို့ ထပ်ပြီးနစ်နာခဲ့ရပါသေးတယ်။

zawgyi

မန္စီးတီးကိုေထာက္ခံၾကတယ္ဆိုရင္ ေငြလာထုတ္ၾကပါေတာ့….

၂၀၂၁-၂၂ ပရီးမီးယားလိဂ္ဟာရာသီထက္ဝက္က်ိဳးခ်ိန္သာရွိေသးေပမယ့္

နာမည္ႀကီးဘြတ္ကီတစ္ခုျဖစ္တဲ့ Betfred ကမန္စီးတီးဗိုလ္စြဲမယ့္ဘက္က

ေလာင္းေၾကးေတြကိုေငြထုတ္ေပးလိုက္ၿပီျဖစ္ေၾကာင္း သိရပါတယ္။

ဂြာဒီယိုလာရဲ႕အသင္းဟာ ၉ ပြဲဆက္အႏိုင္ရခဲ့ၿပီး ဒုတိယနဲ႔ တတိယေနရာတို႔မွာရွိေနတဲ့

လီဗာပူးနဲ႔ ခ်ဲလ္ဆီးတို႔ကို ၆ မွတ္ျဖတ္ထားပါတယ္။

(ဘရန္းဖို႔ဒ္ကိုႏိုင္ခဲ့ရင္ ၉မွတ္ျဖတ္ထားႏိုင္မွာျဖစ္ပါတယ္။)

အဂၤါေန႔တုန္းက လီဗာပူးအသင္းဟာ လက္စတာကို ၁-၀ နဲ႔အေရးနိမ့္ၿပီးေနာက္

မန္စီးတီးဟာ ဂြာဒီယိုလာလက္ထက္မွာ ပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႕ကို

၄ ႀကိမ္ေျမာက္ရယူႏိုင္ေတာ့မယ္လို႔ အားလုံးကထင္ေၾကးေပးထားၾကပါတယ္။

ဒါေၾကာင့္လည္း Betfred ရဲအႀကီးအကဲျဖစ္တဲ့ ဖရက္ဒြန္ ကခ်န္ပီယံဘြဲ႕ကို

မန္စီးတီးဘဲရေတာ့မယ္လို႔ယုံၾကည္ၿပီး အြန္လိုင္းေပၚကေလာင္းထားမႈေတြနဲ႔

Betfred ရဲ႕ဆိုင္ေတြမွာေလာင္းေၾကးထပ္ခဲ့မႈေတြကို ေငြထုတ္ေပးေနၿပီလို႔ အတည္ျပဳခဲ့တာပါ။

ဒြန္က”ကြၽန္ေတာ္တို႔ရွင္သန္ေနၾကေသးလို႔ လုပ္စရာရွိတာလုပ္ရမွာပါဘဲ။

မန္စီးတီး ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္မယ့္ဘက္ကေလာင္းေၾကးေတြကို

ေငြထုတ္ေပးေတာ့မွာပါ။ အားလုံးၿပီးသြားၿပီလို႔ကြၽန္ေတာ္ထင္ပါတယ္။

သူတို႔ဟာ လီဗာပူးကိုေရာ ခ်ဲလ္ဆီးကိုပါ ၆ မွတ္ျဖတ္ထားၿပီးပါၿပီ။

ေနာက္ဆုံး ၃ ပြဲမွာလည္း ၁၇ ဂိုးသြင္းထားပါတယ္။

စေနေန႔တုန္းကလည္း ၆ ဂိုသြင္းခဲ့သလို နယူးကာဆယ္ကိုလည္း ၄ ဂိုးသြင္းခဲ့ပါတယ္။

လိဒ္ကိုလည္း ၇ ဂိုးေလ။ ကြၽန္ေတာ့္ရဲ႕အျမင္ကိုပါထပ္ေပါင္းရရင္

ကမာၻ႔အေကာင္းဆုံးနည္းျပကိုလည္း သူတို႔ပိုင္ဆိုင္ထားေသးတယ္။

ဒီေတာ့ကြၽန္ေတာ္နဲ႔အတူ မန္စီးတီးကိုေထာက္ခံၾကတယ္ဆိုရင္

ေငြလာထုတ္ၾကပါေတာ့” လို႔ေျပာသြားပါတယ္။

အခုလိုေငြႀကိဳထုတ္ေပးမွာျဖစ္ေပမယ့္ ဒြန္ဟာအရင္တုန္းက

ေငြႀကိဳထုတ္ေပးမႈေတြမွာ မွားယြင္းခဲ့လို႔ ဆုံးရႈံးရတဲ့ျဖစ္ရပ္ေတြရွိခဲ့ဘူးပါတယ္။

၁၉၉၈ တုန္းကဆိုရင္ မန္ယူအသင္းဟာ အာဆင္နယ္ကို ၁၂ မွတ္ျဖတ္ထားႏိုင္လို႔

Betfred ကမန္ယူဘက္ကေလာင္းေၾကးေတြကိုရာသီမကုန္ခင္ေငြထုတ္ေပးခဲ့ေပမယ့္

အဆုံးသတ္မွာအာဆင္နယ္ကတစ္မွတ္အသာနဲ႔ ဗိုလ္စြဲသြားလို႔

ေပါင္၅၀၀၀၀၀ အထိဆုံးရႈံးခဲ့ရဘူးပါတယ္။ ဒါေၾကာင့္ မန္ယူနည္းျပဖာဂူဆန္က

ဒြန္ကို မေသခ်ာဘဲေငြမထုတ္ေပးဖို႔ သတိေပးခဲ့ဘူးေပမယ့္ ၂၀၁၂ မွာလည္း

သူထပ္လုပ္လို႔ ဆုံးရႈံးခဲ့ရျပန္ပါေသးတယ္။ အဲဒီတုန္းက မန္ယူဟာ မန္စီးတီးကို ၅ မွတ္ျဖတ္ခဲ့လို႔

Betfred ကေငြႀကိဳထုတ္ေပးခဲ့ေပမယ့္ မန္စီးတီးက ရာသီေနာက္ဆုံးပြဲမွာ

မန္ယူကိုသြင္းဂိုးအသာနဲ႔ေက်ာ္ျဖတ္ၿပီးဗိုလ္စြဲခဲ့လို႔ ထပ္ၿပီးနစ္နာခဲ့ရပါေသးတယ္။