မန်စီးတီးကိုတန်းညှိဖို့အတွက် တန်ဟတ် လုပ်စရာတွေကျန်နေသေးတယ်လို့ ဖာဒီနန် ပြောဆို

ယူနိုက်တက်နောက်ခံလူဟောင်း ဖာဒီနန်က လက်ရှိအသင်းဟောင်းရဲ့

ကစားသမား ၆ဦး လောက်ဟာ မန်စီးတီးအသင်းပွဲထွက်

လူစာရင်းထဲဝင်ရောက်လို့ရနေပြီလို့ သုံးသပ်ခဲ့ပါတယ်။

ဇယားထိပ်ဆုံးက အာဆင်နယ်နဲ့ ၅မှတ် အကွာဒုတိယနေရာ

ရပ်တည်နေတဲ့ ဂွါဒီယိုလာအသင်းဟာ ဒီညမှာတော့

အိုးလ်ထရက်ဖို့ဒ်ကို လာရောက်ရမှာဖြစ်တယ်။

ကမ္ဘာ့ဖလားအပြီးကစားခဲ့တဲ့ တန်းဆင်းဇုန်ထဲက အဲဗာတန်နဲ့

ရင်ဆိုင်မှုမှာ မန်စီးတီးအမှတ်လျော့ခဲ့သလို နောက်ဆုံးကစားခဲ့တဲ့

ကာရာဘောင်းကွာတားဖိုင်နယ်မှာလည်း စိန့်တွေကိုမထင်မှတ်ဘဲ

ရှုံးခဲ့ပါတယ်။ ယူနိုက်တက်ကတော့ ဆောင်းရာသီအားလပ်ရက်အပြီး

ကစားခဲ့တဲ့ပွဲစဉ်တွေအားလုံးရလဒ်ကောင်းခဲ့ပြီး အဆင့် ၄ အတွင်းကို

ထိုးဖောက်ဝင်ရောက်လာနိုင်ခဲ့တာဖြစ်တယ်။ တန်ဟတ်ရဲ့အသင်းဟာ

ပြိုင်ပွဲစုံနောက်ဆုံး ၆ပွဲ ဆက်ရှုံးပွဲမရှိခဲ့တာဖြစ်တယ်။ မန်ချက်စတာ

ဒါဘီပွဲစဉ်မတိုင်ခင်မှာတော့ ဖာဒီနန်က ထူးခြားပြောင်မြောက်တဲ့

သရဲနီ ၆ဦးကို ချီးကျူးလိုက်ပေမဲ့ တန်ဟတ်အသင်းဟာ မန်စီးတီးကို

တန်းညှိဖို့အတွက်တော့ လုပ်စရာတွေကျန်နေသေးတယ်လို့ ဆိုပါတယ်။

နောက်ခံလူဟောင်းက ရက်ရှ်ဖို့ဒ်၊ အဲရစ်ဆင်၊ ဘရူနို၊ ကက်စ်မီရို၊

မာတီနက်ဇ်နဲ့ ဗာရန်းတို့ဟာ မန်စီးတီးအသင်းပွဲထွက်လူစာရင်းထဲ

ထိုးဖောက်ဝင်ရောက်နိုင်သူတွေလို့ပြောဆိုခဲ့တာဖြစ်တယ်။

The Sun သတင်းစာနဲ့တွေ့ဆုံမှုမှာ ဖာဒီနန်က “ပုံစံအရတော့

ရက်ရှ်ဖို့ဒ်ဟာအသင်းမှာရှိနေလိမ့်မယ်။ အဲရစ်ဆင်က အော်ဟစ်ပြီး

ဝင်လာလိမ့်မယ်၊ ဘရူနိုကလည်း အော်လိမ့်မယ်၊

ကက်စ်မီရိုနဲ့ ရိုဒရီက ပုံရိပ်ကြီးမားတဲ့ ကစားသမားတွေဖြစ်ပြီး

ဒီလိဂ်ရဲ့အကောင်းဆုံးကွင်းလယ်လူနှစ်ယောက်ပါ။ မာတီနက်ဇ်နဲ့

ဗာရန်းတို့ပါဝင်ဖို့အတွက်ကိုတော့ အငြင်းအခုံရှိကြလိမ့်မယ်၊

ဒါပေမဲ့ ကောင်းတဲ့ကိစ္စတစ်ခုကိုရှေ့တန်းတင်နိုင်ရမယ်။

အတိအကျပြောရရင်တော့ အကွာအဝေးကနီးသထက်နီးလာပေမဲ့

ကျွန်တော်တို့လိုချင်တဲ့နေရာအထိတော့မရောက်သေးဘူး။

လုပ်စရာတွေကျန်နေပါသေးတယ်။ အသင်းထဲကိုကစားသမား

၄၊ ၅ ယောက်လောက်ဝင်လာဖို့ ဒါမှမဟုတ် အနည်းဆုံး

စကားပြောဆိုဖို့ငြင်းခုံရလောက်တဲ့အချက်က လမ်းကြောင်းမှန်ပေါ်

ရောက်ဖို့ခြေလှမ်းဖြစ်တယ်။ ဒါပေမဲ့ မကွယ်မဝှက်တမ်း

လုပ်ဖို့တော့လိုမယ်။ မန်စီးတီးက ယူနိုက်တက်ထက်သာပါတယ်” လို့ ပွင့်လင်းစွာဆိုခဲ့ပါတယ်။

zawgyi

မန္စီးတီးကိုတန္းညႇိဖို႔အတြက္ တန္ဟတ္ လုပ္စရာေတြက်န္ေနေသးတယ္လို႔ ဖာဒီနန္ ေျပာဆို

ယူႏိုက္တက္ေနာက္ခံလူေဟာင္း ဖာဒီနန္က လက္ရွိအသင္းေဟာင္းရဲ႕

ကစားသမား ၆ဦး ေလာက္ဟာ မန္စီးတီးအသင္းပြဲထြက္

လူစာရင္းထဲဝင္ေရာက္လို႔ရေနၿပီလို႔ သုံးသပ္ခဲ့ပါတယ္။

ဇယားထိပ္ဆုံးက အာဆင္နယ္နဲ႔ ၅မွတ္ အကြာဒုတိယေနရာ

ရပ္တည္ေနတဲ့ ဂြါဒီယိုလာအသင္းဟာ ဒီညမွာေတာ့

အိုးလ္ထရက္ဖို႔ဒ္ကို လာေရာက္ရမွာျဖစ္တယ္။

ကမာၻ႔ဖလားအၿပီးကစားခဲ့တဲ့ တန္းဆင္းဇုန္ထဲက အဲဗာတန္နဲ႔

ရင္ဆိုင္မႈမွာ မန္စီးတီးအမွတ္ေလ်ာ့ခဲ့သလို ေနာက္ဆုံးကစားခဲ့တဲ့

ကာရာေဘာင္းကြာတားဖိုင္နယ္မွာလည္း စိန႔္ေတြကိုမထင္မွတ္ဘဲ

ရႈံးခဲ့ပါတယ္။ ယူႏိုက္တက္ကေတာ့ ေဆာင္းရာသီအားလပ္ရက္အၿပီး

ကစားခဲ့တဲ့ပြဲစဥ္ေတြအားလုံးရလဒ္ေကာင္းခဲ့ၿပီး အဆင့္ ၄ အတြင္းကို

ထိုးေဖာက္ဝင္ေရာက္လာႏိုင္ခဲ့တာျဖစ္တယ္။ တန္ဟတ္ရဲ႕အသင္းဟာ

ၿပိဳင္ပြဲစုံေနာက္ဆုံး ၆ပြဲ ဆက္ရႈံးပြဲမရွိခဲ့တာျဖစ္တယ္။ မန္ခ်က္စတာ

ဒါဘီပြဲစဥ္မတိုင္ခင္မွာေတာ့ ဖာဒီနန္က ထူးျခားေျပာင္ေျမာက္တဲ့

သရဲနီ ၆ဦးကို ခ်ီးက်ဴးလိုက္ေပမဲ့ တန္ဟတ္အသင္းဟာ မန္စီးတီးကို

တန္းညႇိဖို႔အတြက္ေတာ့ လုပ္စရာေတြက်န္ေနေသးတယ္လို႔ ဆိုပါတယ္။

ေနာက္ခံလူေဟာင္းက ရက္ရွ္ဖို႔ဒ္၊ အဲရစ္ဆင္၊ ဘ႐ူႏို၊ ကက္စ္မီ႐ို၊

မာတီနက္ဇ္နဲ႔ ဗာရန္းတို႔ဟာ မန္စီးတီးအသင္းပြဲထြက္လူစာရင္းထဲ

ထိုးေဖာက္ဝင္ေရာက္ႏိုင္သူေတြလို႔ေျပာဆိုခဲ့တာျဖစ္တယ္။

The Sun သတင္းစာနဲ႔ေတြ႕ဆုံမႈမွာ ဖာဒီနန္က “ပုံစံအရေတာ့

ရက္ရွ္ဖို႔ဒ္ဟာအသင္းမွာရွိေနလိမ့္မယ္။ အဲရစ္ဆင္က ေအာ္ဟစ္ၿပီး

ဝင္လာလိမ့္မယ္၊ ဘ႐ူႏိုကလည္း ေအာ္လိမ့္မယ္၊

ကက္စ္မီ႐ိုနဲ႔ ႐ိုဒရီက ပုံရိပ္ႀကီးမားတဲ့ ကစားသမားေတြျဖစ္ၿပီး

ဒီလိဂ္ရဲ႕အေကာင္းဆုံးကြင္းလယ္လူႏွစ္ေယာက္ပါ။ မာတီနက္ဇ္နဲ႔

ဗာရန္းတို႔ပါဝင္ဖို႔အတြက္ကိုေတာ့ အျငင္းအခုံရွိၾကလိမ့္မယ္၊

ဒါေပမဲ့ ေကာင္းတဲ့ကိစၥတစ္ခုကိုေရွ႕တန္းတင္ႏိုင္ရမယ္။

အတိအက်ေျပာရရင္ေတာ့ အကြာအေဝးကနီးသထက္နီးလာေပမဲ့

ကြၽန္ေတာ္တို႔လိုခ်င္တဲ့ေနရာအထိေတာ့မေရာက္ေသးဘူး။

လုပ္စရာေတြက်န္ေနပါေသးတယ္။ အသင္းထဲကိုကစားသမား

၄၊ ၅ ေယာက္ေလာက္ဝင္လာဖို႔ ဒါမွမဟုတ္ အနည္းဆုံး

စကားေျပာဆိုဖို႔ျငင္းခုံရေလာက္တဲ့အခ်က္က လမ္းေၾကာင္းမွန္ေပၚ

ေရာက္ဖို႔ေျခလွမ္းျဖစ္တယ္။ ဒါေပမဲ့ မကြယ္မဝွက္တမ္း

လုပ္ဖို႔ေတာ့လိုမယ္။ မန္စီးတီးက ယူႏိုက္တက္ထက္သာပါတယ္” လို႔ ပြင့္လင္းစြာဆိုခဲ့ပါတယ္။