
ငယ်သေးတဲ့မန်စီးတီးပရိသတ်တစ်ယောက်ဟာ အိမ်ကွင်းအီတီဟတ်က
ပီအက်စ်ဂျီနဲ့ပွဲမတိုင်ခင် ပြိုင်ဘက်အသင်းရဲ့ကြယ်ပွင့်ကစားသမား
လီယွန်နယ်မက်ဆီကို လှောင်ပြောင်မှုလုပ်ခဲ့ပါတယ်။
ဒီရယ်စရာကောင်းလှတဲ့ ကောင်လေးက သူ့အတွက် ဖိုဒန်ရဲ့အင်္ကျီကိုယူပေးဖို့
အဲဒီဘောလုံးအိုင်ကွန်ထံ တောင်းဆိုခဲ့တာပါ။
မက်ဆီဟာ ပဲရစ်မှာကစားခဲ့တဲ့ပထမအကျော့တုန်းက မန်စီးတီးဘက်ကို
ဂိုးသွင်းပြီး ပီအက်စ်ဂျီအတွက် ဂိုးဈေးဦးပေါက်ခဲ့တာပါ။
မန်ချက်စတာမှာကစားမယ့်ပွဲအတွက် ပရိသတ်တွေရှေ့မှောက်
နှစ်သင်းစလုံး သွေးပူလေ့ကျင့်ခန်းဆင်းတော့ မန်စီးတီးပရိသတ်ကောင်လေးဟာ
အနာဂါတ်ကြယ်ပွင့်တစ်ယောက်ဆီက အင်္ကျီယူပေးဖို့
အကြီးကျယ်ဆုံးကစားသမားတွေထဲက တစ်ယောက်ကို တောင်းဆိုခဲ့တာပါ။
အဲဒီကောင်လေးအတွက် ကံမကောင်းချင်တော့ ဖိုဒန်ဟာ အဲဒီပွဲအတွက်
ပီအက်စ်ဂျီရဲ့လူစာရင်းထဲမှာတောင် မပါခဲ့ပါဘူး။
၂၁ နှစ်အရွယ် အဲဒီမန်စီးတီးအကယ်ဒမီထွက်ကစားသမားဟာ
ကြံ့ခိုင်မှုမပြည့်ဝတာကြောင့် လူစာရင်းထဲ မပါခဲ့တာပါ။
အင်္ဂလန်အသင်းမှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် ဂရီယာလစ်ရှ်ဟာလည်း
ဂွါဒီယိုလာရဲ့လူစာရင်းထဲမှာ မပါဝင်ခဲ့ပါဘူး။
ဒါပေမဲ့လည်း မန်စီးတီးဟာ အဲဒီပွဲမှာ ပီအက်စ်ဂျီကို ရှုံးနေရာက
ပြန်အနိုင်ရပြီး အုပ်စုဗိုလ်နေရာနဲ့ သူတို့ထိုက်တန်ကြောင်းကို သက်သေပြနိုင်ခဲ့ပါတယ်။
အမ်ဘက်ပီက မန်စီးတီးအတွက် ဦးဆောင်ဂိုးစသွင်းခဲ့ပေမယ့်
စတာလင်းက အနီးကပ်ပိတ်ပြီး ပြန်လည်ချေပခဲ့ကာ ဘာနာဒိုရဲ့
ပြန်ချပေးမှုကနေ ဂျီးဆပ်က အနိုင်ဂိုးသွင်းခဲ့တာပါ။
ပီအက်စ်ဂျီဟာ ရှုံးနိမ့်ခဲ့ပေမယ့် မန်စီးတီးနဲ့အတူ
ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
zawgyi
မန္စီတီးပရိသတ္ေကာင္ေလးရဲ႕ ေလွာင္ေျပာင္တာခံခဲ့ရတဲ့ မက္ဆီ
ငယ္ေသးတဲ့မန္စီးတီးပရိသတ္တစ္ေယာက္ဟာ အိမ္ကြင္းအီတီဟတ္က
ပီအက္စ္ဂ်ီနဲ႔ပြဲမတိုင္ခင္ ၿပိဳင္ဘက္အသင္းရဲ႕ၾကယ္ပြင့္ကစားသမား
လီယြန္နယ္မက္ဆီကို ေလွာင္ေျပာင္မႈလုပ္ခဲ့ပါတယ္။
ဒီရယ္စရာေကာင္းလွတဲ့ ေကာင္ေလးက သူ႔အတြက္ ဖိုဒန္ရဲ႕အက်ႌကိုယူေပးဖို႔
အဲဒီေဘာလုံးအိုင္ကြန္ထံ ေတာင္းဆိုခဲ့တာပါ။
မက္ဆီဟာ ပဲရစ္မွာကစားခဲ့တဲ့ပထမအေက်ာ့တုန္းက မန္စီးတီးဘက္ကို
ဂိုးသြင္းၿပီး ပီအက္စ္ဂ်ီအတြက္ ဂိုးေဈးဦးေပါက္ခဲ့တာပါ။
မန္ခ်က္စတာမွာကစားမယ့္ပြဲအတြက္ ပရိသတ္ေတြေရွ႕ေမွာက္
ႏွစ္သင္းစလုံး ေသြးပူေလ့က်င့္ခန္းဆင္းေတာ့ မန္စီးတီးပရိသတ္ေကာင္ေလးဟာ
အနာဂါတ္ၾကယ္ပြင့္တစ္ေယာက္ဆီက အက်ႌယူေပးဖို႔
အႀကီးက်ယ္ဆုံးကစားသမားေတြထဲက တစ္ေယာက္ကို ေတာင္းဆိုခဲ့တာပါ။
အဲဒီေကာင္ေလးအတြက္ ကံမေကာင္းခ်င္ေတာ့ ဖိုဒန္ဟာ အဲဒီပြဲအတြက္
ပီအက္စ္ဂ်ီရဲ႕လူစာရင္းထဲမွာေတာင္ မပါခဲ့ပါဘူး။
၂၁ ႏွစ္အ႐ြယ္ အဲဒီမန္စီးတီးအကယ္ဒမီထြက္ကစားသမားဟာ
ႀကံ့ခိုင္မႈမျပည့္ဝတာေၾကာင့္ လူစာရင္းထဲ မပါခဲ့တာပါ။
အဂၤလန္အသင္းမွာ ရရွိခဲ့တဲ့ဒဏ္ရာေၾကာင့္ ဂရီယာလစ္ရွ္ဟာလည္း
ဂြါဒီယိုလာရဲ႕လူစာရင္းထဲမွာ မပါဝင္ခဲ့ပါဘူး။
ဒါေပမဲ့လည္း မန္စီးတီးဟာ အဲဒီပြဲမွာ ပီအက္စ္ဂ်ီကို ရႈံးေနရာက
ျပန္အႏိုင္ရၿပီး အုပ္စုဗိုလ္ေနရာနဲ႔ သူတို႔ထိုက္တန္ေၾကာင္းကို သက္ေသျပႏိုင္ခဲ့ပါတယ္။
အမ္ဘက္ပီက မန္စီးတီးအတြက္ ဦးေဆာင္ဂိုးစသြင္းခဲ့ေပမယ့္
စတာလင္းက အနီးကပ္ပိတ္ၿပီး ျပန္လည္ေခ်ပခဲ့ကာ ဘာနာဒိုရဲ႕
ျပန္ခ်ေပးမႈကေန ဂ်ီးဆပ္က အႏိုင္ဂိုးသြင္းခဲ့တာပါ။
ပီအက္စ္ဂ်ီဟာ ရႈံးနိမ့္ခဲ့ေပမယ့္ မန္စီးတီးနဲ႔အတူ
ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ပါတယ္။