မန်ချက်စတာကောင်းကင်ယံမှာ ဆက်လက်ထွန်းလင်းတော့မယ့် စီရော်နယ်ဒိုကြယ်တံခွန်

သရဲနီပရိသတ်တွေ အိပ်ရာဝင်ချိန်တိုင်း နားထောင်ခဲ့ရတဲ့ စီရော်နယ်ဒို နွေဦးပုံပြင်ဟာ ၂၀၂၂-၂၃ ဘောလုံးရာသီ နွေရာသီဈေးကွက်ရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး ဇာတ်ဝင်ခန်းတစ်ခုဖြစ်ခဲ့ပါတယ်။ အခုတော့ နွေဈေးကွက်လည်း နိဂုံးချုပ်တော့မှာဖြစ်လို့ စီရော်နယ်ဒို

နွေဦးပုံပြင်ဟာလည်း တစ်ခန်းရပ်ရတော့မှာပေါ့လေ။ မန်ယူနဲ့အတူ မရိုးနိုင်တဲ့ ဒီရာသီ နွေရာသီအပြောင်းအရွှေ့ဈေးကွက် ဇာတ်ဝင်ခန်းတွေကလည်း အချိတ်အဆက်မိမိ နဲ့ အသုံးတော်ခံလာခဲ့တာဟာ စီရော်နယ်ဒို၊ ဒီဂျောင်နဲ့တို့ရဲ့ ဇာတ်ဝင်ခန်းတွေဟာ အခုဆိုရင် ဇာတ်သိမ်းပိုင်းကို ရောက်လာခဲ့ပြီပဲ ဖြစ်ပါတယ်။

ဈေးကွက်ပိတ်ဖို့ ရက်ပိုင်းလေးပဲ လိုတော့တာကြောင့် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုဟာ မန်ချက်စတာမှာပဲ ဆက်ရှိနေတော့မယ်လို့ Sky Sport သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ချန်ပီယံလိဂ်ကစားချင်လို့ မန်ယူကနေစွန့်ခွာပြီး ဥရောပထိပ်တန်းအသင်းတစ်သင်းကို

ပြောင်းချင်နေတဲ့ စီရော်နယ်ဒိုရဲ့ စိတ်ထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာတော့ ဘုရားသခင်သာ အသိဆုံးဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ သူ့ကို ကမ်းလှမ်းဖို့အတွက် ဘယ်အသင်းက မှ တံခါးမဖွင့်ပေးခဲ့ပါဘူး။ မကြာသေးခင်က ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေ အရဆိုရင်

နာပိုလီနဲ့ ဆွေးနွေးနေတာမျိုးရှိသလို လူငယ်ကစားသမားဘဝတုန်းက ကစားခဲ့တဲ့ ပေါ်တူဂီကလပ် စပို့တင်း လစ္စဘွန်းကိုလည်း ပြန်တော့မယ်လို့ ကြားသိခဲ့ရတာပါ။ ဒါပေမဲ့ အီတလီစာနယ်ဇင်းသမား ကာလိုလော်ဒီဆာရဲ့ အဆိုအရတော့ ရီးရဲလ်တိုက်စစ်မှူးဟောင်းဟာ

မန်ချက်စတာမှာပဲ ဆက်ရှိနေတော့ မယ်ဆိုတာပါပဲ။ လက်ရှိကြားသိနေရတဲ့ သတင်းတွေအရ အိုးလ်ထရက်ဖို့ဒ် အဝတ်လဲခန်းထဲမှာ စီရော်နယ်ဒိုကို စိတ်ကုန်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ရှိသလို အလေးထားနားလည်ပေးတဲ့သူတချို့လည်း ရှိနေတယ်လို့ သိရပါတယ်။

စီရော်နယ်ဒိုရဲ့ စကားကို ခဏယူသုံးရမယ်ဆိုရင်တော့ မြင်တွေ့ ကြားသိနေရသမျှ သတင်းအကုန်လုံးက အမှန်တော့ မဟုတ်ဘူးပေါ့လေ။ ဒါကြောင့် မန်ယူမှာ စီရော်နယ်ဒို ဆက်ရှိမှာလား၊ မရှိဘူးလားဆိုတာကတော့ အချိန်ကပဲ အဆုံးအဖြတ်ပေးပါလိမ့်မယ်။

အသက် ၃၇ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ စီရော်နယ်ဒိုကို ခေါ်ယူ ဖို့ဆိုတာက ဥရောပ ထိပ်တန်းအသင်းတွေအတွက် အတော်လေးကို ခေါင်းခဲ စရာကိစ္စမျိုး ဖြစ်နေလေတော့ ပေါ်တူဂီသားဟာ မန်ချက်စတာ ကောင်းကင်ယံမှာပဲ ဆက်လက်ထွန်းလင်းနေတော့မယ့် ကြယ်တံခွန်အဖြစ် ဆက်ရှိနေဖို့ များနေပါ ပြီ။

(zawgyi)

သရဲနီပရိသတ္ေတြ အိပ္ရာဝင္ခ်ိန္တိုင္း နားေထာင္ခဲ့ရတဲ့ စီေရာ္နယ္ဒို ေႏြဦးပုံျပင္ဟာ ၂၀၂၂-၂၃ ေဘာလုံးရာသီ ေႏြရာသီေဈးကြက္ရဲ႕ စိတ္လႈပ္ရွားစရာအေကာင္းဆုံး ဇာတ္ဝင္ခန္းတစ္ခုျဖစ္ခဲ့ပါတယ္။ အခုေတာ့ ေႏြေဈးကြက္လည္း နိဂုံးခ်ဳပ္ေတာ့မွာျဖစ္လို႔

စီေရာ္နယ္ဒို ေႏြဦးပုံျပင္ဟာလည္း တစ္ခန္းရပ္ရေတာ့မွာေပါ့ေလ။ မန္ယူနဲ႔အတူ မ႐ိုးႏိုင္တဲ့ ဒီရာသီ ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္ ဇာတ္ဝင္ခန္းေတြကလည္း အခ်ိတ္အဆက္မိမိ နဲ႔ အသုံးေတာ္ခံလာခဲ့တာဟာ စီေရာ္နယ္ဒို၊ ဒီေဂ်ာင္နဲ႔တို႔ရဲ႕

ဇာတ္ဝင္ခန္းေတြဟာ အခုဆိုရင္ ဇာတ္သိမ္းပိုင္းကို ေရာက္လာခဲ့ၿပီပဲ ျဖစ္ပါတယ္။ ေဈးကြက္ပိတ္ဖို႔ ရက္ပိုင္းေလးပဲ လိုေတာ့တာေၾကာင့္ ေပၚတူဂီတိုက္စစ္မႉး စီေရာ္နယ္ဒိုဟာ မန္ခ်က္စတာမွာပဲ ဆက္ရွိေနေတာ့မယ္လို႔ Sky Sport သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ

သိရပါတယ္။ ခ်န္ပီယံလိဂ္ကစားခ်င္လို႔ မန္ယူကေနစြန႔္ခြာၿပီး ဥေရာပထိပ္တန္းအသင္းတစ္သင္းကို ေျပာင္းခ်င္ေနတဲ့ စီေရာ္နယ္ဒိုရဲ႕ စိတ္ထဲမွာ ဘာေတြျဖစ္ေနတယ္ဆိုတာေတာ့ ဘုရားသခင္သာ အသိဆုံးျဖစ္ပါလိမ့္မယ္။ ဒါေပမဲ့ သူ႔ကို ကမ္းလွမ္းဖို႔အတြက္

ဘယ္အသင္းက မွ တံခါးမဖြင့္ေပးခဲ့ပါဘူး။ မၾကာေသးခင္က ထြက္ေပၚလာခဲ့တဲ့ သတင္းေတြ အရဆိုရင္ နာပိုလီနဲ႔ ေဆြးေႏြးေနတာမ်ိဳးရွိသလို လူငယ္ကစားသမားဘဝတုန္းက ကစားခဲ့တဲ့ ေပၚတူဂီကလပ္ စပို႔တင္း လစၥဘြန္းကိုလည္း

ျပန္ေတာ့မယ္လို႔ ၾကားသိခဲ့ရတာပါ။ ဒါေပမဲ့ အီတလီစာနယ္ဇင္းသမား ကာလိုေလာ္ဒီဆာရဲ႕ အဆိုအရေတာ့ ရီးရဲလ္တိုက္စစ္မႉးေဟာင္းဟာ မန္ခ်က္စတာမွာပဲ ဆက္ရွိေနေတာ့ မယ္ဆိုတာပါပဲ။ လက္ရွိၾကားသိေနရတဲ့ သတင္းေတြအရ အိုးလ္ထရက္ဖို႔ဒ္ အဝတ္လဲခန္းထဲမွာ

စီေရာ္နယ္ဒိုကို စိတ္ကုန္ေနတဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြ ရွိသလို အေလးထားနားလည္ေပးတဲ့သူတခ်ိဳ႕လည္း ရွိေနတယ္လို႔ သိရပါတယ္။ စီေရာ္နယ္ဒိုရဲ႕ စကားကို ခဏယူသုံးရမယ္ဆိုရင္ေတာ့ ျမင္ေတြ႕ ၾကားသိေနရသမွ် သတင္းအကုန္လုံးက အမွန္ေတာ့

မဟုတ္ဘူးေပါ့ေလ။ ဒါေၾကာင့္ မန္ယူမွာ စီေရာ္နယ္ဒို ဆက္ရွိမွာလား၊ မရွိဘူးလားဆိုတာကေတာ့ အခ်ိန္ကပဲ အဆုံးအျဖတ္ေပးပါလိမ့္မယ္။ အသက္ ၃၇ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ စီေရာ္နယ္ဒိုကို ေခၚယူ ဖို႔ဆိုတာက

ဥေရာပ ထိပ္တန္းအသင္းေတြအတြက္ အေတာ္ေလးကို ေခါင္းခဲ စရာကိစၥမ်ိဳး ျဖစ္ေနေလေတာ့ ေပၚတူဂီသားဟာ မန္ခ်က္စတာ ေကာင္းကင္ယံမွာပဲ ဆက္လက္ထြန္းလင္းေနေတာ့မယ့္ ၾကယ္တံခြန္အျဖစ္ ဆက္ရွိေနဖို႔ မ်ားေနပါ ၿပီ။