မတွေ့ချင်ဆုံးသူနဲ့ တည့်တည့်တိုးတဲ့ ဆီမြွန်နီ 

ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့်မဲခွဲမှုတွေကို တနင်္လာနေ့က (2)ကြိမ်တိုင်

ပြုလုပ်ခဲ့ရပါတယ်။ ပထမအကြိမ်မဲခွဲမှုမှာ အငြင်းပွားစရာတွေနဲ့

အမှားအယွင်းတွေဖြစ်ခဲ့ပြီးနောက် မဲခွဲမှုကိုဒုတိယအကြိမ်ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။

ပထမအကြိမ် မဲခွဲခဲ့တုန်းက အက်သလက်တီကိုဟာ ဘိုင်ယန်မြူးနစ်နဲ့တွေ့ဆုံခဲ့ပြီး

ယူနိုက်တက်က ပီအက်စ်ဂျီ နဲ့ တွေ့ဆုံခဲ့ကြပါတယ်။ ဒါပေမယ့် မဲရွေးချယ်မှုမှာ

ဘက်လိုက်ပြီး မှားယွင်းမှုတွေ ရှိနေတယ်လို့ အက်သလက်တီကိုအပါအဝင်

အသင်းအများစုထောက်ပြဝေဖန်ခဲ့ကြပြီး မဲပြန်ခွဲဖို့ တောင်းဆိုခဲ့ပါတယ်။

အက်သလက်တီကိုနဲ့ ထိပ်တိုက်တွေ့မယ့် ပြိုင်ဘက်အသင်းအိုးထဲမှာ

ယူနိုက်တက်အစား အုပ်စုတွင်းပြိုင်ဘက်လီဗာပူးလ်ပါသွားတာက စမှားခဲ့တာဖြစ်ပြီး။

ဘိုင်ယန်နဲ့ ယှဉ်ပြိုင်ရမယ့်အနေအထားကိုလည်း မကျေနပ်လို့

အဲဒီအမှားကိုထောက်ပြပြီး အက်သလက်တီကိုအသင်းဘက်က

စောဒကတက်ခဲ့တာလည်းဖြစ်ပါတယ်။ UEFA ကလည်း မဲရွေးချယ်မှုမှာ

နည်းပညာပိုင်းအမှားအယွင်း ရှိသွားခဲ့ကြောင်းဝန်ခံခဲ့ပြီး

နောက်တစ်ကြိမ် ပြန်လည် မဲရွေးချယ်မှု ပြုလုပ်ခဲ့ပါတယ်။

ဒုတိယအကြိမ် မဲခွဲအပြီးမှာတော့ အက်သလက်တီကိုက ယူနိုက်တက်နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပါတယ်။

ပထမအကြိမ်မှာတုန်းက မဲခွဲတဲ့နေရာမှာ ပြိုင်ဘက်အသင်းအိုးထဲမှာ

ယူနိုက်တက်နာမည်ပါတဲ့ ဘောလုံးကို သိသိသာသာ ချန်ထားခဲ့တယ်လို့

စွပ်စွဲခဲ့တဲ့ အက်သလက်တီကိုအတွက်တော့

သူရွေးချယ်တဲ့လမ်းကိုလျှောက်ခဲ့ရတယ်လို့ပဲဆိုရတော့မှာပါ။

ယူနိုက်တက်ပရိသတ်တွေကတော့ ပီအက်စ်ဂျီနဲ့တွေ့ဆုံမှုထက်

အက်သက်လက်တီကိုနဲ့တွေ့ဆုံခဲ့တာကြောင့် နောက်တစ်ဆင့်တက်နိုင်မယ့်

အခွင့်အရေးပိုရှိနေတယ်လို့တွေးနေကြပါတယ်။ ဒါပေမယ့် ယူနိုက်တက်ရဲ့

လက်ရှိအနေအထားက အသင်းမှာ ရော်နယ်ဒိုရှိနေပေမယ့်

နည်းပြသစ်ရဲ့ကစားကွက်ဟာ အသင်းနဲ့စမ်းသပ်စဲကာလသာရှိနေပါသေးတယ်။

အက်သလက်တီကိုအသင်းဟာ ခံစစ်ကစားပြီး တန်ပြန်တိုက်စစ်ဆင်တဲ့နေရာမှာ

ထူးချွန်တဲ့ကစားသမားတွေရှိနေတာကြောင့်လည်း နှစ်သင်းလုံးအတွက်ကတော့

ဘယ်လိုပဲဖြစ်ဖြစ် ပွဲကျပ်သေးတယ်လို့ပဲ ဆိုရမှာပါ။ အက်သလက်တီကို

အသင်းရဲ့ ဆယ်စုနှစ်တခုအတွင်းမှတ်တမ်ူမှာ ဟက်ထရစ် (၄) ကြိမ်သာ ခွင့်ပြုခဲ့ရပြီး

အဲ့ဒီ (၄) ကြိမ်လုံးကိုလည်း ရော်နယ်ဒိုတယောက်တည်းက သွင်းယူခဲ့တာကြောင့်

စိတ်ဓါတ်ပိုင်းမှာတော့ ယူနိုက်တက်အသင်းက

အက်သလက်တီကိုဘက်ကို အသာစီရရှိထားပါတယ်။

နည်းပြ ဆီမြွန်နီကလည်း ” ရော်နယ်ဒိုသာ ဘောလုံးသမားမဖြစ်ခဲ့ရင်

ကျွန်တော် အက်သလက်တီကိုအသင်းနဲ့ ချန်ပီယံလိဂ်ဖလားကို

သုံးကြိမ် လောက် ရပြီးနေပါပြီ” လို့ မှတ်ချက်ပေးခဲ့ဖူးပါတယ်။

ရော်နယ်ဒိုဟာ ရီးရဲယ်မက်ဒရစ် ကစားသမားဘဝမှာ အက်သလက်တီကိုနဲ့

အကြိမ်ကြိမ် ထိပ်တိုက်တွေ့ခဲ့သလို ဟက်ထရစ် (၃) ကြိမ်အထိ သွင်းယူခဲ့ဖူးပါတယ်။

ဂျူဗင်တပ်စ်ကို ရော်နယ်ဒို ရောက်သွားခဲ့ချိန်ကလည်း ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ

အက်သလက်တီကိုနဲ့ ထိပ်တိုက်တွေ့ခဲ့စဉ်မှာ ရော်နယ်ဒိုက ဟက်ထရစ်သွင်းပြီး

အက်သလက်တီကို ကို ရှုံးထွက်အဆင့်ကနေ လှည့်ပြန်စေခဲ့ပါတယ်။

နည်းပြတစ်ယောက်အနေနဲ့ ရော်နယ်ဒိုကို ထိန်းချုပ်ဖို့ အဖြေရှာမတွေ့ခဲ့သလို

အသင်းရဲ့ လက်ရှိပွဲထွက် ဂိုးသမား အော့ဘလက်ခ် ဆိုရင်လည်

း သူ့ရဲ့ကစားသမားဘဝမှာ ဟက်ထရစ် (၃) ကြိမ်သာ အသွင်းခံရဖူးပြီး

အဲ့ဒီ (၃) ကြိမ်လုံးကို ရော်နယ်ဒိုတစ်ဦးထဲကပဲ သွင်းယူခဲ့တာကြောင့်

ဒီတွေ့ဆုံမှုဟာ မှတ်တမ်းတွေအရစိတ်ဝင်စားစရာဖြစ်နေခဲ့ပါတယ်။

အသက် (၃၆)နှစ်ရှိပြီ ဖြစ်တဲ့ ရော်နယ်ဒိုအနေနဲက အက်သလက်တီကိုနဲ့

ဒီတစ်ကြိမ်တွေ့ဆုံမှုမှာ ဟက်ထရစ် သွင်းနိုင်ဦးမလားဆိုတာကလည်း

စိတ်ဝင်စားစရာပါပဲ။ ဆီမြွန်နီအတွက်တော့ အခုချိန်ကနေစပြီး

ရော်နယ်ဒိုကို ဘယ်လိုထိန်းချုပ်ကစားမလဲ၊ ဖေဖေါ်ဝါရီ လမှာဆိုရင်

ယူနိုက်တက်အသင်းနဲ့အထိုင်ကျနေတော့မှာဖြစ်တဲ့

ရန်းနစ်ရဲ့ gegenpressing ဆိုတာကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာနဲ့တင်

အိပ်မပျော်တဲ့ညတွေရှည်နေတော့မှာပါပဲ…

zawgyi

မေတြ႕ခ်င္ဆုံးသူနဲ႔ တည့္တည့္တိုးတဲ့ ဆီႁမြန္နီ

ခ်န္ပီယံလိဂ္ ရႈံးထြက္ ၁၆ သင္းအဆင့္မဲခြဲမႈေတြကို တနလၤာေန႔က (2)ႀကိမ္တိုင္

ျပဳလုပ္ခဲ့ရပါတယ္။ ပထမအႀကိမ္မဲခြဲမႈမွာ အျငင္းပြားစရာေတြနဲ႔

အမွားအယြင္းေတြျဖစ္ခဲ့ၿပီးေနာက္ မဲခြဲမႈကိုဒုတိယအႀကိမ္ျပဳလုပ္ခဲ့ရတာျဖစ္ပါတယ္။

ပထမအႀကိမ္ မဲခြဲခဲ့တုန္းက အက္သလက္တီကိုဟာ ဘိုင္ယန္ျမဴးနစ္နဲ႔ေတြ႕ဆုံခဲ့ၿပီး

ယူႏိုက္တက္က ပီအက္စ္ဂ်ီ နဲ႔ ေတြ႕ဆုံခဲ့ၾကပါတယ္။ ဒါေပမယ့္ မဲေ႐ြးခ်ယ္မႈမွာ

ဘက္လိုက္ၿပီး မွားယြင္းမႈေတြ ရွိေနတယ္လို႔ အက္သလက္တီကိုအပါအဝင္

အသင္းအမ်ားစုေထာက္ျပေဝဖန္ခဲ့ၾကၿပီး မဲျပန္ခြဲဖို႔ ေတာင္းဆိုခဲ့ပါတယ္။

အက္သလက္တီကိုနဲ႔ ထိပ္တိုက္ေတြ႕မယ့္ ၿပိဳင္ဘက္အသင္းအိုးထဲမွာ

ယူႏိုက္တက္အစား အုပ္စုတြင္းၿပိဳင္ဘက္လီဗာပူးလ္ပါသြားတာက စမွားခဲ့တာျဖစ္ၿပီး။

ဘိုင္ယန္နဲ႔ ယွဥ္ၿပိဳင္ရမယ့္အေနအထားကိုလည္း မေက်နပ္လို႔

အဲဒီအမွားကိုေထာက္ျပၿပီး အက္သလက္တီကိုအသင္းဘက္က

ေစာဒကတက္ခဲ့တာလည္းျဖစ္ပါတယ္။ UEFA ကလည္း မဲေ႐ြးခ်ယ္မႈမွာ

နည္းပညာပိုင္းအမွားအယြင္း ရွိသြားခဲ့ေၾကာင္းဝန္ခံခဲ့ၿပီး

ေနာက္တစ္ႀကိမ္ ျပန္လည္ မဲေ႐ြးခ်ယ္မႈ ျပဳလုပ္ခဲ့ပါတယ္။ ဒုတိယအႀကိမ္

မဲခြဲအၿပီးမွာေတာ့ အက္သလက္တီကိုက ယူႏိုက္တက္နဲ႔ ထိပ္တိုက္ေတြ႕ဆုံခဲ့ပါတယ္။

ပထမအႀကိမ္မွာတုန္းက မဲခြဲတဲ့ေနရာမွာ ၿပိဳင္ဘက္အသင္းအိုးထဲမွာ

ယူႏိုက္တက္နာမည္ပါတဲ့ ေဘာလုံးကို သိသိသာသာ ခ်န္ထားခဲ့တယ္လို႔

စြပ္စြဲခဲ့တဲ့ အက္သလက္တီကိုအတြက္ေတာ့

သူေ႐ြးခ်ယ္တဲ့လမ္းကိုေလွ်ာက္ခဲ့ရတယ္လို႔ပဲဆိုရေတာ့မွာပါ။

ယူႏိုက္တက္ပရိသတ္ေတြကေတာ့ ပီအက္စ္ဂ်ီနဲ႔ေတြ႕ဆုံမႈထက္

အက္သက္လက္တီကိုနဲ႔ေတြ႕ဆုံခဲ့တာေၾကာင့္ ေနာက္တစ္ဆင့္တက္ႏိုင္မယ့္

အခြင့္အေရးပိုရွိေနတယ္လို႔ေတြးေနၾကပါတယ္။ ဒါေပမယ့္ ယူႏိုက္တက္ရဲ႕

လက္ရွိအေနအထားက အသင္းမွာ ေရာ္နယ္ဒိုရွိေနေပမယ့္

နည္းျပသစ္ရဲ႕ကစားကြက္ဟာ အသင္းနဲ႔စမ္းသပ္စဲကာလသာရွိေနပါေသးတယ္။

အက္သလက္တီကိုအသင္းဟာ ခံစစ္ကစားၿပီး တန္ျပန္တိုက္စစ္ဆင္တဲ့ေနရာမွာ

ထူးခြၽန္တဲ့ကစားသမားေတြရွိေနတာေၾကာင့္လည္း ႏွစ္သင္းလုံးအတြက္ကေတာ့

ဘယ္လိုပဲျဖစ္ျဖစ္ ပြဲက်ပ္ေသးတယ္လို႔ပဲ ဆိုရမွာပါ။ အက္သလက္တီကို

အသင္းရဲ႕ ဆယ္စုႏွစ္တခုအတြင္းမွတ္တမ္ူမွာ ဟက္ထရစ္ (၄) ႀကိမ္သာ ခြင့္ျပဳခဲ့ရၿပီး

အဲ့ဒီ (၄) ႀကိမ္လုံးကိုလည္း ေရာ္နယ္ဒိုတေယာက္တည္းက သြင္းယူခဲ့တာေၾကာင့္

စိတ္ဓါတ္ပိုင္းမွာေတာ့ ယူႏိုက္တက္အသင္းက

အက္သလက္တီကိုဘက္ကို အသာစီရရွိထားပါတယ္။

နည္းျပ ဆီႁမြန္နီကလည္း ” ေရာ္နယ္ဒိုသာ ေဘာလုံးသမားမျဖစ္ခဲ့ရင္

ကြၽန္ေတာ္ အက္သလက္တီကိုအသင္းနဲ႔ ခ်န္ပီယံလိဂ္ဖလားကို

သုံးႀကိမ္ ေလာက္ ရၿပီးေနပါၿပီ” လို႔ မွတ္ခ်က္ေပးခဲ့ဖူးပါတယ္။

ေရာ္နယ္ဒိုဟာ ရီးရဲယ္မက္ဒရစ္ ကစားသမားဘဝမွာ အက္သလက္တီကိုနဲ႔

အႀကိမ္ႀကိမ္ ထိပ္တိုက္ေတြ႕ခဲ့သလို ဟက္ထရစ္ (၃) ႀကိမ္အထိ သြင္းယူခဲ့ဖူးပါတယ္။

ဂ်ဴဗင္တပ္စ္ကို ေရာ္နယ္ဒို ေရာက္သြားခဲ့ခ်ိန္ကလည္း ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္မွာ

အက္သလက္တီကိုနဲ႔ ထိပ္တိုက္ေတြ႕ခဲ့စဥ္မွာ ေရာ္နယ္ဒိုက ဟက္ထရစ္သြင္းၿပီး

အက္သလက္တီကို ကို ရႈံးထြက္အဆင့္ကေန လွည့္ျပန္ေစခဲ့ပါတယ္။

နည္းျပတစ္ေယာက္အေနနဲ႔ ေရာ္နယ္ဒိုကို ထိန္းခ်ဳပ္ဖို႔ အေျဖရွာမေတြ႕ခဲ့သလို

အသင္းရဲ႕ လက္ရွိပြဲထြက္ ဂိုးသမား ေအာ့ဘလက္ခ္ ဆိုရင္လည္

း သူ႔ရဲ႕ကစားသမားဘဝမွာ ဟက္ထရစ္ (၃) ႀကိမ္သာ အသြင္းခံရဖူးၿပီး

အဲ့ဒီ (၃) ႀကိမ္လုံးကို ေရာ္နယ္ဒိုတစ္ဦးထဲကပဲ သြင္းယူခဲ့တာေၾကာင့္

ဒီေတြ႕ဆုံမႈဟာ မွတ္တမ္းေတြအရစိတ္ဝင္စားစရာျဖစ္ေနခဲ့ပါတယ္။

အသက္ (၃၆)ႏွစ္ရွိၿပီ ျဖစ္တဲ့ ေရာ္နယ္ဒိုအေနနဲက အက္သလက္တီကိုနဲ႔

ဒီတစ္ႀကိမ္ေတြ႕ဆုံမႈမွာ ဟက္ထရစ္ သြင္းႏိုင္ဦးမလားဆိုတာကလည္း

စိတ္ဝင္စားစရာပါပဲ။ ဆီႁမြန္နီအတြက္ေတာ့ အခုခ်ိန္ကေနစၿပီး

ေရာ္နယ္ဒိုကို ဘယ္လိုထိန္းခ်ဳပ္ကစားမလဲ၊ ေဖေဖၚဝါရီ လမွာဆိုရင္

ယူႏိုက္တက္အသင္းနဲ႔အထိုင္က်ေနေတာ့မွာျဖစ္တဲ့

ရန္းနစ္ရဲ႕ gegenpressing ဆိုတာကို ဘယ္လိုရင္ဆိုင္ရမလဲဆိုတာနဲ႔တင္

အိပ္မေပ်ာ္တဲ့ညေတြရွည္ေနေတာ့မွာပါပဲ…