မစ်ဒယ်ဘရော့နဲ့အက်ဖ်အေပွဲကို တံခါးပိတ်ကျင်းပဖို့ ချဲလ်ဆီးရဲ့တောင်းဆိုမှုအပေါ် တူချယ် ဝေဖန်

ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ်တူချယ်က

လာမယ့်ရက်သတ္တပတ်အကုန်မှာ ကစားရမယ့်
မစ်ဒယ်ဘရော့နဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်ကို
ပရိသတ်မပါဘဲ တံခါးပိတ်ကျင်းပဖို့ အသင်းဘက်က
တောင်းဆိုမှုအပေါ် ဝေဖန်သွားပါတယ်။
ချဲလ်ဆီးဟာ အဆိုပါအဝေးကွင်းပွဲစဉ်အတွက် လက်မှတ်

ရောင်းချခွင့်ပိတ်ပင်ခံခဲ့ရပြီးနောက် ပြီးခဲ့တဲ့အင်္ဂါနေ့က
အားကစားဆိုင်ရာ တရားမျှတမှုအတွက အိမ်ရှင်
မစ်ဒယ်ဘရော့ပရိသတ်တွေကို ကွင်းထဲကြည့်ခွင့်
ပိတ်ပင်တားမြစ်ဖို့ အက်ဖ်အေထံ တောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ ချဲလ်ဆီးဟာ အက်ဖ်အေတာဝန်ရှိသူတွေနဲ့

ဆွေးနွေးပြီးနောက် အဆိုပါတောင်းဆိုမှုကို
ပြန်လည်ရုပ်သိမ်းသွာခဲ့ပြီး ချန်ပီယံရှစ်ကလပ်
မစ်ဒယ်ဘရော့အသင်းဘက်မှလည်း ပြင်းထန်တဲ့
တုံ့ပြန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
လိုင်လီကို အဝေးကွင်းမှာ ၁-၂ ဂိုးနဲ့အနိုင်ရကာ

ချန်ပီယံလိဂ်ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့ပြီးနောက်
တူချယ်က “ဒီဖြစ်ရပ်ကနေ ကျွန်တော့်ကို ထွက်ခွာခွင့်ပေးပါ။
ကျွန်တော်တို့ဟာ ပရိသတ်ရှေ့မှာ ကစားရတာ
အရမ်းကြိုက်သလို ကျွန်တော်တို့အသင်းရဲ့
ပြိုင်ဘက်လည်း ဒီလိုမျိုးဆုံးရှုံးမခံသင့်ဘူးလို့ထင်ပါတယ်။

အဲဒါက အကောင်းဆုံး ဆုံးဖြတ်ချက်တော့မဟုတ်ပါဘူး။
ပြီးတော့ ကျွန်တော်နဲ့ အသင်းသားတွေလည်း
ဒီဖြစ်ရပ်မှာ အစိတ်အပိုင်းတစ်ရပ်အဖြစ် မပါဝင်ပါဘူး”လို့ ပြောပါတယ်။

Zawgyi

မစ္ဒယ္ဘေရာ့နဲ႔အက္ဖ္ေအပြဲကို တံခါးပိတ္က်င္းပဖို႔ ခ်ဲလ္ဆီးရဲ႕ေတာင္းဆိုမႈအေပၚ တူခ်ယ္ ေ၀ဖန္
ခ်ဲလ္ဆီးအသင္းနည္းျပ ေသာမတ္စ္တူခ်ယ္က
လာမယ့္ရက္သတၱပတ္အကုန္မွာ ကစားရမယ့္
မစ္ဒယ္ဘေရာ့နဲ႔ အက္ဖ္ေအဖလားကြာတားဖို္င္နယ္ပြဲစဥ္ကို

ပရိသတ္မပါဘဲ တံခါးပိတ္က်င္းပဖို႔ အသင္းဘက္က
ေတာင္းဆိုမႈအေပၚ ေ၀ဖန္သြားပါတယ္။
ခ်ဲလ္ဆီးဟာ အဆုိပါအေ၀းကြင္းပြဲစဥ္အတြက္ လက္မွတ္
ေရာင္းခ်ခြင့္ပိတ္ပင္ခံခဲ့ရၿပီးေနာက္ ၿပီးခဲ့တဲ့အဂၤါေန႔က
အားကစားဆုိင္ရာ တရားမွ်တမႈအတြက အိမ္ရွင္

မစ္ဒယ္ဘေရာ့ပရိသတ္ေတြကို ကြင္းထဲၾကည့္ခြင့္
ပိတ္ပင္တားျမစ္ဖို႔ အက္ဖ္ေအထံ ေတာင္းဆိုခဲ့ပါတယ္။
ဒါေပမဲ့ ခ်ဲလ္ဆီးဟာ အက္ဖ္ေအတာ၀န္ရွိသူေတြနဲ႔
ေဆြးေႏြးၿပီးေနာက္ အဆုိပါေတာင္းဆိုမႈကို
ျပန္လည္ရုပ္သိမ္းသြာခဲ့ၿပီး ခ်န္ပီယံရွစ္ကလပ္

မစ္ဒယ္ဘေရာ့အသင္းဘက္မွလည္း ျပင္းထန္တဲ့
တု႔ံျပန္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။
လုိင္လီကို အေ၀းကြင္းမွာ ၁-၂ ဂိုးနဲ႔အႏိုင္ရကာ
ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ တက္ေရာက္ႏိုင္ခဲ့ၿပီးေနာက္
တူခ်ယ္က “ဒီျဖစ္ရပ္ကေန ကၽြန္ေတာ့္ကို ထြက္ခြာခြင့္ေပးပါ။

ကၽြန္ေတာ္တို႔ဟာ ပရိသတ္ေရွ႕မွာ ကစားရတာ
အရမ္းႀကိဳက္သလုိ ကၽြန္ေတာ္တို႔အသင္းရဲ႕
ၿပိဳင္ဘက္လည္း ဒီလုိမ်ိဳးဆုံးရံႈးမခံသင့္ဘူးလုိ႔ထင္ပါတယ္။
အဲဒါက အေကာင္းဆုံး ဆုံးျဖတ္ခ်က္ေတာ့မဟုတ္ပါဘူး။
ၿပီးေတာ့ ကၽြန္ေတာ္နဲ႔ အသင္းသားေတြလည္း

ဒီျဖစ္ရပ္မွာ အစိတ္အပိုင္းတစ္ရပ္အျဖစ္ မပါ၀င္ပါဘူး”လုိ႔ ေျပာပါတယ္။