မစ်ဒယ်ဘရော့နည်းပြက ရော်နယ်လ်ဒိုအပါအဝင် ယူနိုက်တက်ကစားသမားတွေနဲ့ ဂျာစီလဲလှယ်ဖို့ပိတ်ပင်ထား

မစ်ဒယ်ဘရော့အသင်းနည်းပြခရစ္စဝိုင်လ်ဒါဟာ သူ့အသင်းက,ကစားသမားတွေကို

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ကစားမယ့်ပွဲကျရင် စီရော်နယ်လ်ဒိုသာမက

တခြားယူနိုက်တက်ကစားသမားတွေနဲ့ဂျာစီလဲလှယ်တာမျိုး မလုပ်ဖို့ပိတ်ပင်ထားပါတယ်။

မစ်ဒယ်ဘရော့အသင်းဟာ ဒီနေ့(သောကြာ) FA ဖလားစတုတ္တအဆင့်ပွဲအဖြစ်

အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ယူနိုက်တက်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး

အဲဒီပွဲကို မစ်ဒယ်ဘရော့ပရိတ်သတ်(၉,၀၀၀)နီးပါး လာကြည့်ကြဖို့ရှိနေပါတယ်။

ခရစ္စဝိုင်လ်ဒါက သူ့ကစားသမားတွေကို ယူနိုက်တက်နဲ့ပွဲမှာ

အာရုံစူးစိုက်မှုအပြည့်နဲ့ယှဉ်ပြိုင်ကစားသွားစေလိုပြီး

အိုးလ်ထရက်ဖို့ဒ်ဆီ အလည်သွားတာမျိုးမဖြစ်အောင်

အခုလိုစည်းကမ်းတွေကြိုတင်ထုတ်ထားတာဖြစ်ပါတယ်။

ခရစ္စဝိုင်လ်ဒါက “ယူနိုက်တက်အသင်းမှာ ဥရောပ၊

ပရီးမီးယားလိဂ်ကလပ်အသင်းတွေကို အနိုင်ယူနိုင်စွမ်းရှိတဲ့

လူစာရင်းမျိုးပိုင်ဆိုင်ထားပါတယ်။

ရွေးချယ်စရာအရည်အချင်းရှိတဲ့သူတွေ အများကြီးပါ။

ဒါပေမဲ့ ကျွန်တော့်ကစားသမားတွေအတွက်တော့

မန်ချက်စတာမြို့ထဲ ဟိုဟိုဒီဒီလျှောက်ကြည့်ဖို့၊

ယူနိုက်တက်ကစားသမားတွေနဲ့ ဂျာစီလဲတာတွေလုပ်ရမယ့်အနေအထား မဟုတ်ပါဘူး။

အိုးလ်ထရက်ဖို့ဒ်ကွင်းထဲကို ခြေချခွင့်ရရုံနဲ့ ကျွန်တော့်ကစားသမားတွေ

ကျေနပ်နေတာမျိုး မဖြစ်စေချင်ပါဘူး။

တကယ်လို့ သူတို့ ဂျာစီလိုချင်တယ်ဆိုရင်

ပွဲအပြီးအဝတ်လဲခန်းထဲမှာ လဲလှယ်နိုင်ပါတယ်။

ယူနိုက်တက်ဟာ ကျွန်တော်တို့ရဲ့ပြိုင်ဘက်ဖြစ်ပြီး

ကျွန်တော့်ကစားသမားတွေ ခြေစွမ်းပြကစားပြီးတော့

ယူနိုက်တက်အသင်းကို ဒုက္ခပေးနိုင်ဖို့ ကြိုးစားရမျာဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

zawgyi

မစ္ဒယ္ဘေရာ့နည္းျပက ေရာ္နယ္လ္ဒိုအပါအဝင္ ယူႏိုက္တက္ကစားသမားေတြနဲ႔ ဂ်ာစီလဲလွယ္ဖို႔ပိတ္ပင္ထား

မစ္ဒယ္ဘေရာ့အသင္းနည္းျပခရစၥဝိုင္လ္ဒါဟာ သူ႔အသင္းက,ကစားသမားေတြကို

မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ကစားမယ့္ပြဲက်ရင္ စီေရာ္နယ္လ္ဒိုသာမက

တျခားယူႏိုက္တက္ကစားသမားေတြနဲ႔ဂ်ာစီလဲလွယ္တာမ်ိဳး မလုပ္ဖို႔ပိတ္ပင္ထားပါတယ္။

မစ္ဒယ္ဘေရာ့အသင္းဟာ ဒီေန႔(ေသာၾကာ) FA ဖလားစတုတၱအဆင့္ပြဲအျဖစ္

အိုးလ္ထရက္ဖို႔ဒ္ကြင္းမွာ ယူႏိုက္တက္အသင္းနဲ႔ရင္ဆိုင္ရမွာျဖစ္ၿပီး

အဲဒီပြဲကို မစ္ဒယ္ဘေရာ့ပရိတ္သတ္(၉,၀၀၀)နီးပါး လာၾကည့္ၾကဖို႔ရွိေနပါတယ္။

ခရစၥဝိုင္လ္ဒါက သူ႔ကစားသမားေတြကို ယူႏိုက္တက္နဲ႔ပြဲမွာ

အာ႐ုံစူးစိုက္မႈအျပည့္နဲ႔ယွဥ္ၿပိဳင္ကစားသြားေစလိုၿပီး

အိုးလ္ထရက္ဖို႔ဒ္ဆီ အလည္သြားတာမ်ိဳးမျဖစ္ေအာင္

အခုလိုစည္းကမ္းေတြႀကိဳတင္ထုတ္ထားတာျဖစ္ပါတယ္။

ခရစၥဝိုင္လ္ဒါက “ယူႏိုက္တက္အသင္းမွာ ဥေရာပ၊

ပရီးမီးယားလိဂ္ကလပ္အသင္းေတြကို အႏိုင္ယူႏိုင္စြမ္းရွိတဲ့

လူစာရင္းမ်ိဳးပိုင္ဆိုင္ထားပါတယ္။

ေ႐ြးခ်ယ္စရာအရည္အခ်င္းရွိတဲ့သူေတြ အမ်ားႀကီးပါ။

ဒါေပမဲ့ ကြၽန္ေတာ့္ကစားသမားေတြအတြက္ေတာ့

မန္ခ်က္စတာၿမိဳ႕ထဲ ဟိုဟိုဒီဒီေလွ်ာက္ၾကည့္ဖို႔၊

ယူႏိုက္တက္ကစားသမားေတြနဲ႔ ဂ်ာစီလဲတာေတြလုပ္ရမယ့္အေနအထား မဟုတ္ပါဘူး။

အိုးလ္ထရက္ဖို႔ဒ္ကြင္းထဲကို ေျခခ်ခြင့္ရ႐ုံနဲ႔ ကြၽန္ေတာ့္ကစားသမားေတြ

ေက်နပ္ေနတာမ်ိဳး မျဖစ္ေစခ်င္ပါဘူး။

တကယ္လို႔ သူတို႔ ဂ်ာစီလိုခ်င္တယ္ဆိုရင္

ပြဲအၿပီးအဝတ္လဲခန္းထဲမွာ လဲလွယ္ႏိုင္ပါတယ္။

ယူႏိုက္တက္ဟာ ကြၽန္ေတာ္တို႔ရဲ႕ၿပိဳင္ဘက္ျဖစ္ၿပီး

ကြၽန္ေတာ့္ကစားသမားေတြ ေျခစြမ္းျပကစားၿပီးေတာ့

ယူႏိုက္တက္အသင္းကို ဒုကၡေပးႏိုင္ဖို႔ ႀကိဳးစားရမ်ာျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။