မင်းတို့အော်နေစရာမလိုဘူး၊ သူ့မှာလည်း နားနှစ်ဖက်ပါတယ်လို့ ပြောလိုက်တဲ့ ဂျရတ်

ပရီးမီးယားလိဂ် ရာသီအစ ရလဒ်ဆိုးတွေ ကြုံနေရပြီး ၄ ပွဲမှာ ၃ ပွဲရှုံးခဲ့တဲ့ အတွက် အက်စ်တွန်ဗီလာပရိသတ်တွေ အသံထွက်လာကြပါပြီ။ ဒါကြောင့် ဝက်စ်ဟမ်းကို ရှုံးခဲ့တဲ့ တနင်္ဂနွေည ပွဲစဉ်မှာတော့ ပရိသတ်တွေဟာ ကိုယ့် အသင်းကိုယ်ပြန်ပြီး

လှောင်ပြောင်အော်ဟစ်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒီရှုံးပွဲဟာ ဂျရတ်ရဲ့ ဗီလာနည်းပြဘ၀ ၁၅ ကြိမ်မြောက် ရှုံးပွဲလည်း ဖြစ်ခဲ့ပါ တယ်။ ဗီလာဟာ ဘုန်းမောက်၊ ပဲလေ့စ်၊ ဝက်စ်ဟမ်းတို့နဲ့ ပွဲစဉ်တွေကို ရှုံးခဲ့ပြီး အဲဗာတန် တစ်သင်းတည်းကိုသာ အနိုင်ရထားလို့

ဒီရာသီအတွက် ရမှတ် ၃ မှတ်သာရပါသေးတယ်။ ဒါကြောင့် အိမ်ကွင်းပရိသတ်တွေဟာ ကိုယ့်အသင်း ကိုယ် ပြန်ပြီး အော်ဟစ်လှောင်ပြောင်တဲ့အထိ ဒေါသထွက်ခဲ့ကြတာပါ။ ဒါပေမဲ့ ဂျရတ်ကတော့ သူကိုယ်တိုင်လည်း ဒေါသထွက်တတ်သလို

သူ့မှာ နားနှစ်ဖက်လည်း ရှိတယ်ဆိုပြီး ပရိသတ်တွေကို ခပ်ကြမ်းကြမ်းပဲ တုံ့ပြန်လိုက်ပါတယ်။ ‘’ပရိသတ်တွေရဲ့ ဒေါသထွက်မှုကို ကျွန်တော်တို့ သေချာပေါက် လက်ခံပါတယ်။ ကျွန်တော့်ထက်ပိုပြီး ဒေါသထွက်တဲ့သူမျိုး မရှိနိုင်ဘူးဆိုတာကလည်း သေချာပါတယ်။

အခုလက်ရှိ ကျွန်တော်တို့ လုပ် နိုင်တဲ့ တစ်ခုတည်းသောအရာက ဒါကို တည့်မတ်ကြိုးစားပြီး အမှန်ပြန်လုပ် လမ်းကြောင်းပြန်တည့်ရမှာပါ။ ဖြစ်တဲ့အရာအားလုံးက ကျွန်တော်နဲ့ ကျွန်တော့်ဝန်ထမ်းတွေ တာဝန်ပါ။ ဒါပေမဲ့ ကစားသမားတွေကြောင့်လည်း ဖြစ်နိုင်တာပါပဲ။

အခု ကစားသမားတွေက တစ်စုတစ်စည်းတည်းနဲ့ ရှိနေကြ ပြီး ဇယားအထက်ပိုင်းကို တက်လှမ်းနိုင်ဖို့အတွက် ကြိုးစားနေကြပါတယ်။ ကျွန်တော် ပွဲရည်ဝနေပါပြီ။ လေးပွဲမှာ သုံးပွဲ ရှုံးထားပြီဆိုရင် ဘယ်ပရိသတ် ကမှ လက်မခံပါဘူး။

ကျွန်တော်ကိုယ်တိုင်လည်း လက်မခံချင်ပါဘူး။ မှန်ပါ တယ်။ ဒါကို ကျွန်တော်နားလည်ပါတယ်။ ကျွန်တော့်မှာ နားနှစ်ဖက်ပါတယ် လေ။ အလုံးစုံ ကြားပါတယ်။

ပရိသတ်တွေ ဒေါသထွက်နေတယ်ဆိုတာကို လည်း ကြားပါတယ်။ ဒါကြောင့် အရာအားလုံး ကျွန်တော်နားထောင်မှာပါ’’ လို့ ဂျရတ်က ဝက်စ်ဟမ်းနဲ့ ပွဲစဉ်အပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။

(zawgyi)

ပရီးမီးယားလိဂ္ ရာသီအစ ရလဒ္ဆိုးေတြ ႀကဳံေနရၿပီး ၄ ပြဲမွာ ၃ ပြဲရႈံးခဲ့တဲ့ အတြက္ အက္စ္တြန္ဗီလာပရိသတ္ေတြ အသံထြက္လာၾကပါၿပီ။ ဒါေၾကာင့္ ဝက္စ္ဟမ္းကို ရႈံးခဲ့တဲ့ တနဂၤေႏြည ပြဲစဥ္မွာေတာ့ ပရိသတ္ေတြဟာ

ကိုယ့္ အသင္းကိုယ္ျပန္ၿပီး ေလွာင္ေျပာင္ေအာ္ဟစ္တာေတြ ျပဳလုပ္ခဲ့ၾကပါတယ္။ ဒီရႈံးပြဲဟာ ဂ်ရတ္ရဲ႕ ဗီလာနည္းျပဘ၀ ၁၅ ႀကိမ္ေျမာက္ ရႈံးပြဲလည္း ျဖစ္ခဲ့ပါ တယ္။ ဗီလာဟာ ဘုန္းေမာက္၊ ပဲေလ့စ္၊

ဝက္စ္ဟမ္းတို႔နဲ႔ ပြဲစဥ္ေတြကို ရႈံးခဲ့ၿပီး အဲဗာတန္ တစ္သင္းတည္းကိုသာ အႏိုင္ရထားလို႔ ဒီရာသီအတြက္ ရမွတ္ ၃ မွတ္သာရပါေသးတယ္။ ဒါေၾကာင့္ အိမ္ကြင္းပရိသတ္ေတြဟာ ကိုယ့္အသင္း ကိုယ္ ျပန္ၿပီး ေအာ္ဟစ္ေလွာင္ေျပာင္တဲ့အထိ

ေဒါသထြက္ခဲ့ၾကတာပါ။ ဒါေပမဲ့ ဂ်ရတ္ကေတာ့ သူကိုယ္တိုင္လည္း ေဒါသထြက္တတ္သလို သူ႔မွာ နားႏွစ္ဖက္လည္း ရွိတယ္ဆိုၿပီး ပရိသတ္ေတြကို ခပ္ၾကမ္းၾကမ္းပဲ တုံ႔ျပန္လိုက္ပါတယ္။ ‘’ပရိသတ္ေတြရဲ႕ ေဒါသထြက္မႈကို ကြၽန္ေတာ္တို႔ ေသခ်ာေပါက္ လက္ခံပါတယ္။

ကြၽန္ေတာ့္ထက္ပိုၿပီး ေဒါသထြက္တဲ့သူမ်ိဳး မရွိႏိုင္ဘူးဆိုတာကလည္း ေသခ်ာပါတယ္။ အခုလက္ရွိ ကြၽန္ေတာ္တို႔ လုပ္ ႏိုင္တဲ့ တစ္ခုတည္းေသာအရာက ဒါကို တည့္မတ္ႀကိဳးစားၿပီး အမွန္ျပန္လုပ္ လမ္းေၾကာင္းျပန္တည့္ရမွာပါ။

ျဖစ္တဲ့အရာအားလုံးက ကြၽန္ေတာ္နဲ႔ ကြၽန္ေတာ့္ဝန္ထမ္းေတြ တာဝန္ပါ။ ဒါေပမဲ့ ကစားသမားေတြေၾကာင့္လည္း ျဖစ္ႏိုင္တာပါပဲ။ အခု ကစားသမားေတြက တစ္စုတစ္စည္းတည္းနဲ႔ ရွိေနၾက ၿပီး

ဇယားအထက္ပိုင္းကို တက္လွမ္းႏိုင္ဖို႔အတြက္ ႀကိဳးစားေနၾကပါတယ္။ ကြၽန္ေတာ္ ပြဲရည္ဝေနပါၿပီ။ ေလးပြဲမွာ သုံးပြဲ ရႈံးထားၿပီဆိုရင္ ဘယ္ပရိသတ္ ကမွ လက္မခံပါဘူး။ ကြၽန္ေတာ္ကိုယ္တိုင္လည္း လက္မခံခ်င္ပါဘူး။ မွန္ပါ တယ္။ ဒါကို ကြၽန္ေတာ္နားလည္ပါတယ္။

ကြၽန္ေတာ့္မွာ နားႏွစ္ဖက္ပါတယ္ ေလ။ အလုံးစုံ ၾကားပါတယ္။ ပရိသတ္ေတြ ေဒါသထြက္ေနတယ္ဆိုတာကို လည္း ၾကားပါတယ္။ ဒါေၾကာင့္ အရာအားလုံး ကြၽန္ေတာ္နားေထာင္မွာပါ’’ လို႔ ဂ်ရတ္က ဝက္စ္ဟမ္းနဲ႔ ပြဲစဥ္အၿပီးမွာ ေျပာဆိုသြားခဲ့ပါတယ္။