မင်းတို့ငါ့ကိုချမ်းသာမပေးလို့ မန်ချက်စတာမြို့ထဲမသွားနိုင်ဘူးလို့ ယူနိုက်တက် ပရိသတ်ကို တန်ဟတ် တုံ့ပြန်

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းမှာတော့ နည်းပြတန်ဟတ်ဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ယူနိုက်တက်ထောက်ခံသူတွေနဲ့ အထူးသတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

အားလုံးရဲ့ကိုယ်စား ပရိသတ်တစ်ယောက်က တန်ဟတ်ကို မန်ချက်စတာမှာဘယ်လို နေထိုင်သလဲဆိုတဲ့အကြောင်းအရာကို မေးမြန်းခဲ့ပါတယ်။ ပရိသတ်အားလုံးက

မန်ချက်စတာမြို့မှာ နယ်သာလန်သားတစ်ယောက် ဘယ်လိုနေထိုင်သလဲဆိုတာ သိချင်စိတ်ပြင်းပြခဲ့တာဖြစ်တယ်။ အသက် ၅၂နှစ်အရွယ် တန်ဟတ်ဟာ အေဂျက်ဇ်က

နေရောက်လာခဲ့ပြီးနောက် မန်ချက်စတာမြို့အနောက်မြောက်ဘက်မှာ နေထိုင်တာ ၇ လ လောက်ရှိပြီဖြစ်ပေမဲ့ ယူနိုက်တက်နည်းပြဟာဒီမြို့နဲ့ ပတ်သတ်တာတွေကို စူးစမ်းထားပုံမရခဲ့ပါဘူး။

ပရိသတ်က “မန်ချက်စတာလူနေမှုကို ဘယ်လိုရှာဖွေသလဲ၊ ဒီမြို့နဲ့ပတ်သတ်ပြီး ဘာအကြိုက်ဆုံးလဲ၊ ကစားပွဲတွေနဲ့ဝေးကွာတဲ့အချိန်တွေမှာ ဘယ်လိုအနားယူသလဲ” လို့ စတင်မေးမြန်းလိုက်ပါတယ်။

တန်ဟတ်က ခပ်သွက်သွက်ပုံစံမျိုးနဲ့ ရယ်လိုက်ပြီး “မင်းတို့ကငါ့ကိုချမ်းသာမပေးလို့ မြို့ထဲကိုမသွားနိုင်ဘူး။ မီဒီယာ…အမြဲတမ်းကလစ်နှိပ်ပြီး ဓာတ်ပုံလိုက်ရိုက်နေတယ်။ သူတို့က

အဲဒီမှာနေဖို့အခွင့်အရေးမပေးဘူး။ ကျွန်တော် ကာရင်တန်လေ့ကျင့်ရေး ကွင်းမှာပဲနေရတယ်” လို့ ပြန်ဖြေခဲ့ပါတယ်။ ဒီဗီဒီယိုဖိုင်ကိုကြည့်ခဲ့တဲ့ ပရိသတ်တစ် ယောက်က

“ဒီလူက သူ့ကိုယ်ပိုင်အချိန်တွေကို မပျော်မွေ့နိုင်တာ ရှက်ဖို့တောင် ကောင်းပါတယ်” လို့ တုံ့ပြန်ခဲ့သလို နောက်တစ်ယောက်ကတော့ “နည်းပြ အခုလိုပြုံးတာကို ပထမဆုံးအကြိမ်မြင်ဖူးတာပဲ” လို့

မှတ်ချက်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့လမှာ မန်စီးတီးနည်းပြဂွါဒီယိုလာဟာ အလားတူပုံစံအမေးခံခဲ့ရဖူးပြီး စပိန်သားက မန်ချက်စတာမြို့က အစားအသောက်တွေကိုဂျီးများပြနေတဲ့ ဂမ်ဒိုဂန်ရဲ့ဇနီးကို

အရွှန်းဖောက်ပြောဆိုခဲ့ပါတယ်။ ဂွါဒီယိုလာဟာ မန်ချက်စတာမြို့ တာပက်စ်စားသောက်ဆိုင်ရဲ့ ရှယ်ယာဝင်တစ်ယောက်ဖြစ်ပါတယ်။ သူက “ဂန်ဒိုဂန်ကတော့ လက်ကျန်ရာသီအတွက်

တစ်မိနစ်တောင်ဆက်ကစားရဖို့မရှိတော့ပါဘူး။ သူမနဲ့ ဂန်ဒိုဂန်ကို စားသောက်ဖို့ တာပက်စ်ဘားကို ဖိတ်ခေါ်လိုက်မယ်။ သူတို့အမှန်အကန်စားဖို့တော့ လိုမယ်နော်” လို့ ချေးများလွန်းတဲ့

ဂန်ဒိုဂန်ရဲ့ဇနီးကို နောက်ပြောင်ခဲ့ဖူးပါတယ်။

(Zawgyi)

မင္းတို႔ငါ့ကိုခ်မ္းသာမေပးလို႔ မန္ခ်က္စတာၿမိဳ႕ထဲမသြားႏိုင္ဘူးလို႔ ယူႏိုက္တက္ ပရိသတ္ကို တန္ဟတ္ တုံ႔ျပန္

ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔မြန္းလြဲပိုင္းမွာေတာ့ နည္းျပတန္ဟတ္ဟာ ကမာၻတစ္ဝန္းမွာရွိတဲ့ ယူႏိုက္တက္ေထာက္ခံသူေတြနဲ႔ အထူးသတင္းစာရွင္းလင္းပြဲတစ္ရပ္ျပဳလုပ္ခဲ့ပါတယ္။

အားလုံးရဲ႕ကိုယ္စား ပရိသတ္တစ္ေယာက္က တန္ဟတ္ကို မန္ခ်က္စတာမွာဘယ္လို ေနထိုင္သလဲဆိုတဲ့အေၾကာင္းအရာကို ေမးျမန္းခဲ့ပါတယ္။ ပရိသတ္အားလုံးက မန္ခ်က္စတာၿမိဳ႕မွာ နယ္သာလန္သားတစ္ေယာက္

ဘယ္လိုေနထိုင္သလဲဆိုတာ သိခ်င္စိတ္ျပင္းျပခဲ့တာျဖစ္တယ္။ အသက္ ၅၂ႏွစ္အ႐ြယ္ တန္ဟတ္ဟာ ေအဂ်က္ဇ္က ေနေရာက္လာခဲ့ၿပီးေနာက္ မန္ခ်က္စတာၿမိဳ႕အေနာက္ေျမာက္ဘက္မွာ ေနထိုင္တာ ၇ လ

ေလာက္ရွိၿပီျဖစ္ေပမဲ့ ယူႏိုက္တက္နည္းျပဟာဒီၿမိဳ႕နဲ႔ ပတ္သတ္တာေတြကို စူးစမ္းထားပုံမရခဲ့ပါဘူး။ ပရိသတ္က “မန္ခ်က္စတာလူေနမႈကို ဘယ္လိုရွာေဖြသလဲ၊ ဒီၿမိဳ႕နဲ႔ပတ္သတ္ၿပီး ဘာအႀကိဳက္ဆုံးလဲ၊

ကစားပြဲေတြနဲ႔ေဝးကြာတဲ့အခ်ိန္ေတြမွာ ဘယ္လိုအနားယူသလဲ” လို႔ စတင္ေမးျမန္းလိုက္ပါတယ္။ တန္ဟတ္က ခပ္သြက္သြက္ပုံစံမ်ိဳးနဲ႔ ရယ္လိုက္ၿပီး “မင္းတို႔ကငါ့ကိုခ်မ္းသာမေပးလို႔

ၿမိဳ႕ထဲကိုမသြားႏိုင္ဘူး။ မီဒီယာ…အၿမဲတမ္းကလစ္ႏွိပ္ၿပီး ဓာတ္ပုံလိုက္႐ိုက္ေနတယ္။ သူတို႔က အဲဒီမွာေနဖို႔အခြင့္အေရးမေပးဘူး။ ကြၽန္ေတာ္

ကာရင္တန္ေလ့က်င့္ေရး ကြင္းမွာပဲေနရတယ္” လို႔ ျပန္ေျဖခဲ့ပါတယ္။ ဒီဗီဒီယိုဖိုင္ကိုၾကည့္ခဲ့တဲ့ ပရိသတ္တစ္ ေယာက္က “ဒီလူက သူ႔ကိုယ္ပိုင္အခ်ိန္ေတြကို

မေပ်ာ္ေမြ႕ႏိုင္တာရွက္ဖို႔ေတာင္ ေကာင္းပါတယ္” လို႔ တုံ႔ျပန္ခဲ့သလို ေနာက္တစ္ေယာက္ကေတာ့ “နည္းျပ အခုလိုၿပဳံးတာကို ပထမဆုံးအႀကိမ္ျမင္ဖူးတာပဲ” လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

ၿပီးခဲ့တဲ့လမွာ မန္စီးတီးနည္းျပဂြါဒီယိုလာဟာ အလားတူပုံစံအေမးခံခဲ့ရဖူးၿပီး စပိန္သားက မန္ခ်က္စတာၿမိဳ႕က အစားအေသာက္ေတြကိုဂ်ီးမ်ားျပေနတဲ့ ဂမ္ဒိုဂန္ရဲ႕ဇနီးကို အ႐ႊန္းေဖာက္ေျပာဆိုခဲ့ပါတယ္။

ဂြါဒီယိုလာဟာ မန္ခ်က္စတာၿမိဳ႕ တာပက္စ္စားေသာက္ဆိုင္ရဲ႕ရွယ္ယာဝင္တစ္ေယာက္ျဖစ္ပါတယ္။ သူက “ဂန္ဒိုဂန္ကေတာ့ လက္က်န္ရာသီအတြက္ တစ္မိနစ္ေတာင္ဆက္ကစားရဖို႔မရွိေတာ့ပါဘူး။

သူမနဲ႔ ဂန္ဒိုဂန္ကို စားေသာက္ဖို႔ တာပက္စ္ဘားကိုဖိတ္ေခၚလိုက္မယ္။ သူတို႔အမွန္အကန္စားဖို႔ေတာ့လိုမယ္ေနာ္” လို႔ ေခ်းမ်ားလြန္းတဲ့ ဂန္ဒိုဂန္ရဲ႕ဇနီးကို ေနာက္ေျပာင္ခဲ့ဖူးပါတယ္။