“မင်းကို ဂျုဗင်တပ်စ်က လွတ်လိုက်တာ” လို့ပြောခဲ့လို့ ၃ ပွဲပယ်ခံရနိုင်တဲ့ မော်ရင်ဟို 

စီးရီးအေဒိုင်လူကြီး လူကာပဲရက်တိုကို “မင်းကို ဂျုဗင်တပ်စ်က လွတ်လိုက်တာ” ဆိုတဲ့

စကားကို ​အော်ဟစ်ပြောဆိုခဲ့တဲ့ ရိုးမားနည်းပြ မော်ရင်ဟိုကို

၂ ပွဲ သို့မဟုတ် ၃ ပွဲ၊ ပွဲပယ်ပြစ်ဒဏ်ချမှတ်ဖွယ်ရှိနေတယ်လို့

တူရင်မြို့အခြေစိုက် La Stampa သတင်းစာကဖော်ပြလိုက်ပါတယ်။

စနေနေ့ညက ကစားခဲ့တဲ့ ဗီရိုနာ ၂-၂ ရိုးမားပွဲဟာ ပွဲပြီးသွားခဲ့ပေမယ့်

မော်ရင်ဟိုကြောင့်ပွဲဆူနေဆဲပါ။

ရိုးမားဟာ ၂ ဂိုးရှုံးနေရာက နောက်ကပြန်လိုက်ကစားပြီး

သရေရခ့့ဲ့ပေမယ့် ပွဲပြီးခါနီးနာကျင်အချိန်ပိုမှာ

ဒိုင်လူကြီး လူကာပဲရက်တိုရဲ့ ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး

မော်ရင်ဟိုက ပေါက်ကွဲခဲ့တာပါ။

သူ့ကို ဒိုင်လူကြီးကလည်း တိုက်ရိုက်အနီကတ်ပြခဲ့ပါတယ်။

ရုပ်သံမှတ်တမ်းတွေအရတော့ မော်ရင်ဟိုဟာ ဘောလုံးကို ဆောင့်ကန်ခဲ့သလို

ဒိုင်လူကြီးနဲ့ ထိပ်တိုက်တွေ့ဖို့လည်းကြိုးစားခဲ့ကာ ဝိုင်းထိန်းခဲ့ကြရပါတယ်။

မော်ရင်ဟိုဟာ ဖုန်းကိုနားမှာ ကပ်ပြောတဲ့ပုံစံမျိုးနဲ့

ဒိုင်လူကြီးကိုလည်း ရည်ရွယ်အော်ဟစ်ခဲ့ပါသေးတယ်။

နောက်ပိုင်းမှာတော့ ဂျုဗင်တပ်၊ တိုရီနိုတို့ အခြေစိုက်ရာ

တူရင်မြို့ထုတ် La Stampa သတင်းစာက မော်ရင်ဟိုအော်ဟစ်ခဲ့တဲ့

အသေးစိတ်စကားလုံးတွေကို ဖော်ပြလိုက်တာပါ။

“မင်းကို သူတို့က ဒီကို ရည်ရွယ်ချက်နဲ့ ပို့လိုက်တာ။

မင်းကို ဂျုဗင်တပ်စ်က လွတ်လိုက်တာ”လို့

မော်ရင်ဟိုက အော်ဟစ်ခဲ့တာလို့ ဆိုပါတယ်။

အသက် ၃၇ နှစ်ရှိ လူကာပဲရက်တိုဟာ စီးရီးအေမှာ

အတွေ့အကြုံရင့်ဒိုင်တစ်ဦးလည်းဖြစ်ပါတယ်။

စီးရီးအေပွဲပေါင်း ၉၂ ပွဲတာဝန်ယူခဲ့ပြီး ပြီးခဲ့တဲ့စက်တင်ဘာကတော့

နိုင်ငံတကာအသိအမှတ်ပြုဒိုင်ဖြစ်လာခဲ့ပါတယ်။

လူကာပဲရက်တိုရဲ့ အစ်ကိုဖြစ်သူ အဲလ်ဘတ်ဟာ ပြီးခဲ့တဲ့ ၈ နှစ်စလုံး

ဂျုဗင်တပ်စ်မှာ အလုပ်လုပ်ခဲ့သူပါ။

အခမ်းအနားပွဲစီစဥ္သူအရာရှိချုပ်၊ ပရိသတ်ဝင်ခွင့်

ကြီးကြပ်ထိန်းသိမ်းရေးမှုအဖြစ်လုပ်ကိုင်ခဲ့သူပါ။

ဖခင်ဖြစ်သူ ပီယာလီွဂိီကလည်း တစ်ချိန်က နာမည်ကျော် ဂျုဗင်တပ်စ်ရဲ့

လုပ်ပွဲအရှုပ်တော်ပုံမှှာ ဒိုင်လူကြီးအဖြစ် ပါဝင်ပတ်သက်ခဲ့သူဖြစ်ပါတယ်။

ရိုးမားနဲ့ ဂျုဗင်တပ်စ်တို့ဟာလည်း ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်

အတ္တလန္တာ၊ လာဇီယို၊ ဖီအိုရင်တီးနားတို့နဲ့ ၅ သင်း

အပြိုင်လုရမယ့်အခြေအနေမျိုးဖြစ်နေပါတယ်။

မော်ရင်ဟိုကလည်း ဒီအဖြစ်အပျက်တွေကို ရည်ညွန်းအော်ဟစ်ခဲ့လို့

ပွဲပယ်ခံရနိုင်တယ်လို့ ဖိအားပေးရေးသားလာကြတာဖြစ်ပါတယ်။

zawgyi

“မင္းကို ဂ်ဳဗင္တပ္စ္က လြတ္လိုက္တာ” လို႔ေျပာခဲ့လို႔ ၃ ပြဲပယ္ခံရႏိုင္တဲ့ ေမာ္ရင္ဟို

စီးရီးေအဒိုင္လူႀကီး လူကာပဲရက္တိုကို “မင္းကို ဂ်ဳဗင္တပ္စ္က လြတ္လိုက္တာ” ဆိုတဲ့

စကားကို ​ေအာ္ဟစ္ေျပာဆိုခဲ့တဲ့ ႐ိုးမားနည္းျပ ေမာ္ရင္ဟိုကို

၂ ပြဲ သို႔မဟုတ္ ၃ ပြဲ၊ ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ဖြယ္ရွိေနတယ္လို႔

တူရင္ၿမိဳ႕အေျခစိုက္ La Stampa သတင္းစာကေဖာ္ျပလိုက္ပါတယ္။

စေနေန႔ညက ကစားခဲ့တဲ့ ဗီ႐ိုနာ ၂-၂ ႐ိုးမားပြဲဟာ ပြဲၿပီးသြားခဲ့ေပမယ့္

ေမာ္ရင္ဟိုေၾကာင့္ပြဲဆူေနဆဲပါ။

႐ိုးမားဟာ ၂ ဂိုးရႈံးေနရာက ေနာက္ကျပန္လိုက္ကစားၿပီး

သေရရခ့့ဲ့ေပမယ့္ ပြဲၿပီးခါနီးနာက်င္အခ်ိန္ပိုမွာ

ဒိုင္လူႀကီး လူကာပဲရက္တိုရဲ႕ ဆုံးျဖတ္ခ်က္ေတြနဲ႔ပတ္သက္ၿပီး

ေမာ္ရင္ဟိုက ေပါက္ကြဲခဲ့တာပါ။

သူ႔ကို ဒိုင္လူႀကီးကလည္း တိုက္႐ိုက္အနီကတ္ျပခဲ့ပါတယ္။

႐ုပ္သံမွတ္တမ္းေတြအရေတာ့ ေမာ္ရင္ဟိုဟာ ေဘာလုံးကို ေဆာင့္ကန္ခဲ့သလို

ဒိုင္လူႀကီးနဲ႔ ထိပ္တိုက္ေတြ႕ဖို႔လည္းႀကိဳးစားခဲ့ကာ ဝိုင္းထိန္းခဲ့ၾကရပါတယ္။

ေမာ္ရင္ဟိုဟာ ဖုန္းကိုနားမွာ ကပ္ေျပာတဲ့ပုံစံမ်ိဳးနဲ႔

ဒိုင္လူႀကီးကိုလည္း ရည္႐ြယ္ေအာ္ဟစ္ခဲ့ပါေသးတယ္။

ေနာက္ပိုင္းမွာေတာ့ ဂ်ဳဗင္တပ္၊ တိုရီႏိုတို႔ အေျခစိုက္ရာ

တူရင္ၿမိဳ႕ထုတ္ La Stampa သတင္းစာက ေမာ္ရင္ဟိုေအာ္ဟစ္ခဲ့တဲ့

အေသးစိတ္စကားလုံးေတြကို ေဖာ္ျပလိုက္တာပါ။

“မင္းကို သူတို႔က ဒီကို ရည္႐ြယ္ခ်က္နဲ႔ ပို႔လိုက္တာ။

မင္းကို ဂ်ဳဗင္တပ္စ္က လြတ္လိုက္တာ”လို႔

ေမာ္ရင္ဟိုက ေအာ္ဟစ္ခဲ့တာလို႔ ဆိုပါတယ္။

အသက္ ၃၇ ႏွစ္ရွိ လူကာပဲရက္တိုဟာ စီးရီးေအမွာ

အေတြ႕အႀကဳံရင့္ဒိုင္တစ္ဦးလည္းျဖစ္ပါတယ္။

စီးရီးေအပြဲေပါင္း ၉၂ ပြဲတာဝန္ယူခဲ့ၿပီး ၿပီးခဲ့တဲ့စက္တင္ဘာကေတာ့

ႏိုင္ငံတကာအသိအမွတ္ျပဳဒိုင္ျဖစ္လာခဲ့ပါတယ္။

လူကာပဲရက္တိုရဲ႕ အစ္ကိုျဖစ္သူ အဲလ္ဘတ္ဟာ ၿပီးခဲ့တဲ့ ၈ ႏွစ္စလုံး

ဂ်ဳဗင္တပ္စ္မွာ အလုပ္လုပ္ခဲ့သူပါ။

အခမ္းအနားပြဲစီစၪ္သဴအရာရွိခ်ဳပ္၊ ပရိသတ္ဝင္ခြင့္

ႀကီးၾကပ္ထိန္းသိမ္းေရးမႈအျဖစ္လုပ္ကိုင္ခဲ့သူပါ။

ဖခင္ျဖစ္သူ ပီယာလီြဂိီကလည္း တစ္ခ်ိန္က နာမည္ေက်ာ္ ဂ်ဳဗင္တပ္စ္ရဲ႕

လုပ္ပြဲအရႈပ္ေတာ္ပုံမွွာ ဒိုင္လူႀကီးအျဖစ္ ပါဝင္ပတ္သက္ခဲ့သူျဖစ္ပါတယ္။

႐ိုးမားနဲ႔ ဂ်ဳဗင္တပ္စ္တို႔ဟာလည္း ဒီရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္

အတၱလႏၲာ၊ လာဇီယို၊ ဖီအိုရင္တီးနားတို႔နဲ႔ ၅ သင္း

အၿပိဳင္လုရမယ့္အေျခအေနမ်ိဳးျဖစ္ေနပါတယ္။

ေမာ္ရင္ဟိုကလည္း ဒီအျဖစ္အပ်က္ေတြကို ရည္ၫြန္းေအာ္ဟစ္ခဲ့လို႔

ပြဲပယ္ခံရႏိုင္တယ္လို႔ ဖိအားေပးေရးသားလာၾကတာျဖစ္ပါတယ္။