မက်ဆီ အောင်ပွဲခံခဲ့တဲ့အတိုင်း ဂျာစီကို,ကိုင်ပြီးတော့ လှောင်ပြောင်အောင်ပွဲခံတဲ့ ရီးယဲလ်ကွင်းလယ်လူဗယ်လ်ဗာဒီ

ရီးယဲလ်ကွင်းလယ်လူဗယ်လ်ဗာဒီဟာ ဘာစီလိုနာကို(၃-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့

စပိန်စူပါဖလားဆီမီးဖိုင်နယ်ပွဲမှာ အနိုင်ဂိုးသွင်းယူအပြီးမှာ

တစ်ချိန်က ဘာစီလိုနာ နာမည်ကျော်ကစားသမားဟောင်းမက်ဆီ

အောင်ပွဲခံခဲ့တဲ့အတိုင်း ဂျာစီကို,ကိုင်ပြီးတော့ လှောင်ပြောင်အောင်ပွဲခံခဲ့ပါတယ်။

ဘာစီလိုနာနဲ့ရီးယဲလ်တို့ရဲ့ El Clasico ပွဲမှာ ဘာစီလိုနာအသင်းအတွက်

လုခ်ဒီယွန်း၊ အန်ဆုဖာတီတို့က ဂိုးတွေသွင်းယူခဲ့ပြီး

ရီးယဲလ်အသင်းအတွက် ဗင်နီစီယက်စ်၊ ဘန်ဇီမာတို့က

ဂိုးတွေသွင်းယူခဲ့တာကြောင့် ပွဲချိန်အတွင်း(၂-၂)ဂိုးစီသရေကျနေခဲ့ပါတယ်။

သာမန်ပွဲကစားချိန်ပြည့်လို့ အချိန်ပိုမိနစ်(၃၀)မှာတော့

ဗယ်လ်ဗာဒီက ရီးယဲလ်အသင်း စပိန်စူပါဖလားဗိုလ်လုပွဲတက်ဖို့

သေချာစေမယ့်ဂိုးသွင်းယူခဲ့တာဖြစ်ပြီး မက်ဆီလို ပုံစံမျိုးနဲ့အောင်ပွဲခံခဲ့တာပါ။

မက်ဆီဟာ ၂၀၁၇ ခုနှစ်၊ ဘာနေဗျူးမှာကစားခဲ့တဲ့ El Clasico ပွဲတုန်းက

ဘာစီလိုနာအတွက်ဂိုးသွင်းအပြီးမှာ သူ့အပေါ်ဂျာစီကို ချွတ်ပြီးတော့

ရီးယဲလ်ပရိသတ်တွေရှေ့မှာ ကိုင်ပြခဲ့တဲ့ပုံစံအတိုင်း

အခု ဗယ်လ်ဗာဒီက အတုခိုးခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းနည်းပြဇာဗီအတွက် အသင်းနည်းပြဘဝ ပထမဆုံး

El Clasico ပွဲအတွေ့အကြုံက မလှပခဲ့ဘဲ

စိတ်ပျက်စရာရှုံးပွဲနဲ့ကြုံတွေ့ခဲ့ရပါတယ်။

အခုနိုင်ပွဲကြောင့် ရီးယဲလ်အသင်းဟာ စပိန်စူပါဖလားဗိုလ်လုပွဲတက်ရောက်သွားပြီဖြစ်ပြီး

အက်သလက်တီကို-ဘီလ်ဘာအိုပွဲက အနိုင်ရတဲ့အသင်းနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။

zawgyi

မက္ဆီ ေအာင္ပြဲခံခဲ့တဲ့အတိုင္း ဂ်ာစီကို,ကိုင္ၿပီးေတာ့ ေလွာင္ေျပာင္ေအာင္ပြဲခံတဲ့ ရီးယဲလ္ကြင္းလယ္လူဗယ္လ္ဗာဒီ

ရီးယဲလ္ကြင္းလယ္လူဗယ္လ္ဗာဒီဟာ ဘာစီလိုနာကို(၃-၂)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့

စပိန္စူပါဖလားဆီမီးဖိုင္နယ္ပြဲမွာ အႏိုင္ဂိုးသြင္းယူအၿပီးမွာ

တစ္ခ်ိန္က ဘာစီလိုနာ နာမည္ေက်ာ္ကစားသမားေဟာင္းမက္ဆီ

ေအာင္ပြဲခံခဲ့တဲ့အတိုင္း ဂ်ာစီကို,ကိုင္ၿပီးေတာ့ ေလွာင္ေျပာင္ေအာင္ပြဲခံခဲ့ပါတယ္။

ဘာစီလိုနာနဲ႔ရီးယဲလ္တို႔ရဲ႕ El Clasico ပြဲမွာ ဘာစီလိုနာအသင္းအတြက္

လုခ္ဒီယြန္း၊ အန္ဆုဖာတီတို႔က ဂိုးေတြသြင္းယူခဲ့ၿပီး

ရီးယဲလ္အသင္းအတြက္ ဗင္နီစီယက္စ္၊ ဘန္ဇီမာတို႔က

ဂိုးေတြသြင္းယူခဲ့တာေၾကာင့္ ပြဲခ်ိန္အတြင္း(၂-၂)ဂိုးစီသေရက်ေနခဲ့ပါတယ္။

သာမန္ပြဲကစားခ်ိန္ျပည့္လို႔ အခ်ိန္ပိုမိနစ္(၃၀)မွာေတာ့

ဗယ္လ္ဗာဒီက ရီးယဲလ္အသင္း စပိန္စူပါဖလားဗိုလ္လုပြဲတက္ဖို႔

ေသခ်ာေစမယ့္ဂိုးသြင္းယူခဲ့တာျဖစ္ၿပီး မက္ဆီလို ပုံစံမ်ိဳးနဲ႔ေအာင္ပြဲခံခဲ့တာပါ။

မက္ဆီဟာ ၂၀၁၇ ခုႏွစ္၊ ဘာေနဗ်ဴးမွာကစားခဲ့တဲ့ El Clasico ပြဲတုန္းက

ဘာစီလိုနာအတြက္ဂိုးသြင္းအၿပီးမွာ သူ႔အေပၚဂ်ာစီကို ခြၽတ္ၿပီးေတာ့

ရီးယဲလ္ပရိသတ္ေတြေရွ႕မွာ ကိုင္ျပခဲ့တဲ့ပုံစံအတိုင္း

အခု ဗယ္လ္ဗာဒီက အတုခိုးခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းနည္းျပဇာဗီအတြက္ အသင္းနည္းျပဘဝ ပထမဆုံး

El Clasico ပြဲအေတြ႕အႀကဳံက မလွပခဲ့ဘဲ

စိတ္ပ်က္စရာရႈံးပြဲနဲ႔ႀကဳံေတြ႕ခဲ့ရပါတယ္။

အခုႏိုင္ပြဲေၾကာင့္ ရီးယဲလ္အသင္းဟာ စပိန္စူပါဖလားဗိုလ္လုပြဲတက္ေရာက္သြားၿပီျဖစ္ၿပီး

အက္သလက္တီကို-ဘီလ္ဘာအိုပြဲက အႏိုင္ရတဲ့အသင္းနဲ႔ ရင္ဆိုင္ကစားရမွာျဖစ္ပါတယ္။