
လက်ရှိချန်ပီယံပီအက်စ်ဂျီဟာ ပြင်သစ်ဖလား ၁၆ သင်းအဆင့်မှာ
နိုက်စ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးသွားခဲ့လို့
ချန်ပီယံဆုကာကွယ်နိုင်ခြင်း မရှိတော့ပါဘူး။
ပိုချက်တီနိုရဲ့အသင်းဟာ ပြင်သစ်ဖလားမှာ စံချိန်တင်အနေနဲ့
၁၄ ကြိမ်ဗိုလ်စွဲထားပြီး ဗိုလ်လုပွဲကိုလည်း
နောက်ဆုံး ၇ ကြိမ်ဆက်တက်ရောက်ထားတာပါ။
ဒါပေမဲ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့နိုက်စ်နဲ့အခုပွဲမှာ
သာမန်ပွဲချိန်အတွင်း ဂိုးသွင်းနိုင်ခြင်း မရှိခဲ့ပါဘူး။
ပိုချက်တီနိုဟာ အဲဒီပွဲမှာ အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှုးအမ်ဘက်ပီကို
ပွဲထွက်စာရင်းထဲ ဒုတိယပိုင်းရောက်မှ လူစားသွင်းခဲ့တာပါ။
အမ်ဘက်ပီလူစားဝင်လာချိန်မှာ နိုက်စ်က ခံစစ်ကို
အကောင်းဆုံးပြင်ဆင်ထားပြီးဖြစ်လို့ ဂိုးသွင်းဖို့ အခွင့်အရေးတောင် မရခဲ့ပါဘူး။
ကိုဗစ်ကနေ သက်သာလာတဲ့မက်ဆီကလည်း
ပွဲထွက်စာရင်းထဲ ပါဝင်လာခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ခဲ့ပါတယ်။
ဂိုးမရှိသရေနဲ့အရှုံးအနိုင်မပေါ်လို့ ပင်နယ်တီအဆုံးအဖြတ်ယူရာမှာတော့
နိုက်စ်ဂိုးသမားဘူလ်ကာက ၂ ကြိမ်ကာကွယ်နိုင်ခဲ့ပြီး
သူ့အသင်းဟောင်းကို နောက်ကောက်ချနိုင်ခဲ့ပါတယ်။
တိုက်ဆိုင်တာကတော့ မက်ဆီဟာ သူ့ရဲ့ဖေးဘရိတ်ဂျာစီနံပါတ် ၁၀
ဝတ်ဆင်ကစားခွင့်ရတဲ့ပွဲမှာပဲ ပီအက်စ်ဂျီဟာ ပြိုင်ပွဲကထွက်ခဲ့ရတာပါ။
ပီအက်စ်ဂျီမှာ အဲဒီနံပါတ်က နေမာရဲ့နံပါတ်ဖြစ်ပေမယ့်
ပြင်သစ်ဖလားမှာ ထူးဆန်းတဲ့အကျီၤနံပါတ်စည်းမျဉ်းစည်းကမ်းရှိပါတယ်။
အဲဒါကတော့ ပြင်သစ်ဖလားပွဲတွေကစားပြီဆိုတာနဲ့ အသင်းတွေဟာ
အင်္ကျီနံပါတ် ၁ ကနေ ၂၀ အတွင်းသာ အသုံးပြုခွင့်ရှိပြီး
ပွဲထွက်ဆိုရင် ၁ ကနေ ၁၁ အထိသာ ဖြစ်ရမှာပါ။
zawgyi
မက္ဆီ သူ႔ရဲ႕ေဖးဘရိတ္ဂ်ာစီနံပါတ္ ၁၀ ဝတ္ဆင္ကစားခြင့္ရတဲ့ပြဲမွာပဲ ပီအက္စ္ဂ်ီ ၿပိဳင္ပြဲကထြက္ခဲ့ရ
လက္ရွိခ်န္ပီယံပီအက္စ္ဂ်ီဟာ ျပင္သစ္ဖလား ၁၆ သင္းအဆင့္မွာ
ႏိုက္စ္ကို ပင္နယ္တီအဆုံးအျဖတ္နဲ႔ ရႈံးသြားခဲ့လို႔
ခ်န္ပီယံဆုကာကြယ္ႏိုင္ျခင္း မရွိေတာ့ပါဘူး။
ပိုခ်က္တီႏိုရဲ႕အသင္းဟာ ျပင္သစ္ဖလားမွာ စံခ်ိန္တင္အေနနဲ႔
၁၄ ႀကိမ္ဗိုလ္စြဲထားၿပီး ဗိုလ္လုပြဲကိုလည္း
ေနာက္ဆုံး ၇ ႀကိမ္ဆက္တက္ေရာက္ထားတာပါ။
ဒါေပမဲ့ အိမ္ကြင္းမွာ ကစားခဲ့တဲ့ႏိုက္စ္နဲ႔အခုပြဲမွာ
သာမန္ပြဲခ်ိန္အတြင္း ဂိုးသြင္းႏိုင္ျခင္း မရွိခဲ့ပါဘူး။
ပိုခ်က္တီႏိုဟာ အဲဒီပြဲမွာ အသင္းရဲ႕ၾကယ္ပြင့္တိုက္စစ္မႈးအမ္ဘက္ပီကို
ပြဲထြက္စာရင္းထဲ ဒုတိယပိုင္းေရာက္မွ လူစားသြင္းခဲ့တာပါ။
အမ္ဘက္ပီလူစားဝင္လာခ်ိန္မွာ ႏိုက္စ္က ခံစစ္ကို
အေကာင္းဆုံးျပင္ဆင္ထားၿပီးျဖစ္လို႔ ဂိုးသြင္းဖို႔ အခြင့္အေရးေတာင္ မရခဲ့ပါဘူး။
ကိုဗစ္ကေန သက္သာလာတဲ့မက္ဆီကလည္း
ပြဲထြက္စာရင္းထဲ ပါဝင္လာခဲ့ေပမယ့္ ေျခစြမ္းမျပႏိုင္ခဲ့ပါတယ္။
ဂိုးမရွိသေရနဲ႔အရႈံးအႏိုင္မေပၚလို႔ ပင္နယ္တီအဆုံးအျဖတ္ယူရာမွာေတာ့
ႏိုက္စ္ဂိုးသမားဘူလ္ကာက ၂ ႀကိမ္ကာကြယ္ႏိုင္ခဲ့ၿပီး
သူ႔အသင္းေဟာင္းကို ေနာက္ေကာက္ခ်ႏိုင္ခဲ့ပါတယ္။
တိုက္ဆိုင္တာကေတာ့ မက္ဆီဟာ သူ႔ရဲ႕ေဖးဘရိတ္ဂ်ာစီနံပါတ္ ၁၀
ဝတ္ဆင္ကစားခြင့္ရတဲ့ပြဲမွာပဲ ပီအက္စ္ဂ်ီဟာ ၿပိဳင္ပြဲကထြက္ခဲ့ရတာပါ။
ပီအက္စ္ဂ်ီမွာ အဲဒီနံပါတ္က ေနမာရဲ႕နံပါတ္ျဖစ္ေပမယ့္
ျပင္သစ္ဖလားမွာ ထူးဆန္းတဲ့အက်ီနႍပါတ္စည္းမ်ဥ္းစည္းကမ္းရွိပါတယ္။
အဲဒါကေတာ့ ျပင္သစ္ဖလားပြဲေတြကစားၿပီဆိုတာနဲ႔ အသင္းေတြဟာ
အက်ႌနံပါတ္ ၁ ကေန ၂၀ အတြင္းသာ အသုံးျပဳခြင့္ရွိၿပီး
ပြဲထြက္ဆိုရင္ ၁ ကေန ၁၁ အထိသာ ျဖစ္ရမွာပါ။