မက်ဆီ ဘာကာကိုစွန့်ခွာရတဲ့အထဲမှာ မာနေးကို မခေါ်နိုင်မှုလည်း ပါ၀င်

မက်ဆီဟာပြီးခဲ့တဲ့ နွေရာသီက ဘာစီလိုနာကနေမထွက်ခင်မှာ

လီဗာပူးတိုက်စစ်မှူးဖြစ်တဲ့ မာနေး ကိုခေါ်ယူဖို့ကလပ်ကို တောင်းဆိုခဲ့သေးတယ်လို့

စပိန်သတင်းတစ်ရပ်မှာဖော်ပြလိုက်ပါတယ်။

မာနေးဟာ မကြာသေးခင်က ဆီနီဂေါအသင်းကို

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ဗိုလ်စွဲအောင်ဦးဆောင်နိုင်ခဲ့သူဖြစ်ပြီး

ဘာစီလိုနာကိုရောက်နိုင်တယ်ဆိုတဲ့သတင်းတွေ

ထွက်ခဲ့တာလည်း နှစ်အနည်းငယ်ကြာခဲ့ပါတယ်။

ဒီအချိန်မှာ စပိန်ရေဒီယိုသတင်းဌာနတစ်ခုဖြစ်တဲ့

SER Catalunya က မက်ဆီဟာ ဘာစီလိုနာကနေသူမပြောင်းချင်လို့

လစာလျှော့ယူဖို့သဘောတူခဲ့ပေမယ့် သူ့ဘက်ကတောင်းဆိုမှုအချို့လုပ်ခဲ့ ပြီး

ဒီအထဲမှာ မာနေးကိုခေါ်ယူပေးရေးလည်းပါဝင်ခဲ့တယ်လို့ ဖော်ပြသွားပါတယ်။

အခုသတင်းကို စပိန်ဘောလုံးသတင်း ထောက်တစ်ဦးဖြစ်တဲ့

ဂျော့ဂျ်ရာမို့စ်ကလည်း သူ့တွစ်တာကနေ

စပိန်ဘာသာနဲ့ အတည်ပြုခဲ့သေးတယ်လို့လည်း သိရပါ တယ်။

ဘာစီလိုနာဟာပြီးခဲ့တဲ့ရာသီလာလီဂါမှာ တတိယသာရရှိခဲ့ပြီးနောက်

အဲဒီအာဂျင်တီးနားလက်ရွေးစင်က ဘာစီလို နာအသင်းကိုပိုပြီး

ပြိုင်ဆိုင်နိုင်စွမ်းရှိတဲ့အသင်းဖြစ်အောင်

တည်ဆောက်စေလိုတဲ့အတွက် မာနေးကိုခေါ်ယူခိုင်းခဲ့တာပါ။

ဒါပေမယ့်ဘာစီလိုနာရဲ့ကြိုးပမ်းမှုမအောင်မြင်ခဲ့ပြီးနောက်

သိပ်မကြာခင်မှာဘဲ မက်ဆီဟာ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ပြောင်းသွားပါတယ်။

ဘာစီလိုနာဟာ မာနေးရဲ့အေးဂျင့်ကိုတိုက်ရိုက်ဆက်သွယ်ခဲ့သေးပေမယ့်

လီဗာပူးဘက်ကရောင်းချဖို့ ငြင်းပယ်ခဲ့တယ်လို့လည်း

အဲဒီသတင်းမှာဆက်လက်ဖော်ပြပါတယ်။

ဒါကြောင့်လည်း ဘာစီလိုနာဟာမက်ဆီကိုဆက်ထိန်း ဖို့ ကြိုးစားခြင်းမရှိမှုနဲ့အတူ

သူကလည်းထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။

အသက် ၂၉ နှစ်ရှိတဲ့မာနေးဟာ လီဗာပူးအသင်းနဲ့ ၂၀၂၃ အထိ

စာချုပ်သက်တမ်းရှိထားသူဖြစ်ပါတယ်။

မာနေးဟာ တနင်္ဂနွေနေ့က အီဂျစ်နဲ့ ဗိုလ်လုပွဲမှာ

ပင်နယ်တီအဆုံး အဖြတ်ခံယူခဲ့တော့ အဆုံးအဖြတ်ပင်နယ်တီကိုသွင်းယူခဲ့သူဖြစ်ပါတယ်။

မက်ဆီဟာ ပီအက်စ်ဂျီမှာရုန်းကန်နေရပြီး

ဘာစီလိုနာတုန်းကခြေစွမ်းမျိုးလုံးဝပြန်မရသေးပါဘူး။

သူဟာလီဂူး ၁ မှာ ၂ ဂိုး သာသွင်းယူထားနိုင်သေးပေမယ့်

ဂိုးဖန်တီးမှု ၆ ကြိမ်ပြုလုပ်ထားပါတယ်။

zawgyi

မက္ဆီ ဘာကာကိုစြန္႔ခြာရတဲ့အထဲမွာ မာေနးကို မေခၚႏိုင္မႈလည္း ပါ၀င္

မက္ဆီဟာၿပီးခဲ့တဲ့ ေႏြရာသီက ဘာစီလိုနာကေနမထြက္ခင္မွာ

လီဗာပူးတိုက္စစ္မႉးျဖစ္တဲ့ မာေနး ကိုေခၚယူဖို႔ကလပ္ကို ေတာင္းဆိုခဲ့ေသးတယ္လို႔

စပိန္သတင္းတစ္ရပ္မွာေဖာ္ျပလိုက္ပါတယ္။

မာေနးဟာ မၾကာေသးခင္က ဆီနီေဂါအသင္းကို

အာဖရိကႏိုင္ငံမ်ားဖလားၿပိဳင္ပြဲမွာ ဗိုလ္စြဲေအာင္ဦးေဆာင္ႏိုင္ခဲ့သူျဖစ္ၿပီး

ဘာစီလိုနာကိုေရာက္ႏိုင္တယ္ဆိုတဲ့သတင္းေတြ

ထြက္ခဲ့တာလည္း ႏွစ္အနည္းငယ္ၾကာခဲ့ပါတယ္။

ဒီအခ်ိန္မွာ စပိန္ေရဒီယိုသတင္းဌာနတစ္ခုျဖစ္တဲ့

SER Catalunya က မက္ဆီဟာ ဘာစီလိုနာကေနသူမေျပာင္းခ်င္လို႔

လစာေလွ်ာ့ယူဖို႔သေဘာတူခဲ့ေပမယ့္ သူ႔ဘက္ကေတာင္းဆိုမႈအခ်ိဳ႕လုပ္ခဲ့ ၿပီ

းဒီအထဲမွာ မာေနးကိုေခၚယူေပးေရးလည္းပါဝင္ခဲ့တယ္လို႔ ေဖာ္ျပသြားပါတယ္။

အခုသတင္းကို စပိန္ေဘာလုံးသတင္း ေထာက္တစ္ဦးျဖစ္တဲ့

ေဂ်ာ့ဂ်္ရာမို႔စ္ကလည္း သူ႔တြစ္တာကေန

စပိန္ဘာသာနဲ႔ အတည္ျပဳခဲ့ေသးတယ္လို႔လည္း သိရပါ တယ္။

ဘာစီလိုနာဟာၿပီးခဲ့တဲ့ရာသီလာလီဂါမွာ တတိယသာရရွိခဲ့ၿပီးေနာက္

အဲဒီအာဂ်င္တီးနားလက္ေ႐ြးစင္က ဘာစီလို နာအသင္းကိုပိုၿပီး

ၿပိဳင္ဆိုင္ႏိုင္စြမ္းရွိတဲ့အသင္းျဖစ္ေအာင္

တည္ေဆာက္ေစလိုတဲ့အတြက္ မာေနးကိုေခၚယူခိုင္းခဲ့တာပါ။

ဒါေပမယ့္ဘာစီလိုနာရဲ႕ႀကိဳးပမ္းမႈမေအာင္ျမင္ခဲ့ၿပီးေနာက္

သိပ္မၾကာခင္မွာဘဲ မက္ဆီဟာ ဘာစီလိုနာကေန ပီအက္စ္ဂ်ီကို ေျပာင္းသြားပါတယ္။

ဘာစီလိုနာဟာ မာေနးရဲ႕ေအးဂ်င့္ကိုတိုက္႐ိုက္ဆက္သြယ္ခဲ့ေသးေပမယ့္

လီဗာပူးဘက္ကေရာင္းခ်ဖို႔ ျငင္းပယ္ခဲ့တယ္လို႔လည္း

အဲဒီသတင္းမွာဆက္လက္ေဖာ္ျပပါတယ္။

ဒါေၾကာင့္လည္း ဘာစီလိုနာဟာမက္ဆီကိုဆက္ထိန္း ဖို႔ ႀကိဳးစားျခင္းမရွိမႈနဲ႔အတူ

သူကလည္းထြက္ခြာသြားခဲ့တာျဖစ္ပါတယ္။

အသက္ ၂၉ ႏွစ္ရွိတဲ့မာေနးဟာ လီဗာပူးအသင္းနဲ႔ ၂၀၂၃ အထိ

စာခ်ဳပ္သက္တမ္းရွိထားသူျဖစ္ပါတယ္။

မာေနးဟာ တနဂၤေႏြေန႔က အီဂ်စ္နဲ႔ ဗိုလ္လုပြဲမွာ

ပင္နယ္တီအဆုံး အျဖတ္ခံယူခဲ့ေတာ့ အဆုံးအျဖတ္ပင္နယ္တီကိုသြင္းယူခဲ့သူျဖစ္ပါတယ္။

မက္ဆီဟာ ပီအက္စ္ဂ်ီမွာ႐ုန္းကန္ေနရၿပီး

ဘာစီလိုနာတုန္းကေျခစြမ္းမ်ိဳးလုံးဝျပန္မရေသးပါဘူး။

သူဟာလီဂူး ၁ မွာ ၂ ဂိုး သာသြင္းယူထားႏိုင္ေသးေပမယ့္

ဂိုးဖန္တီးမႈ ၆ ႀကိမ္ျပဳလုပ္ထားပါတယ္။